Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

မေမေသို့လွမ်းချင်း

| Tuesday, February 15, 2011

 




ဘဝဆိုတာ ဆေးစက်ကျရာ အရုပ်ထင်သလို စိတ်ကူးသက်သက်နဲ့သာ တည်ဆောက်လို့ရရင်
ဘယ်လောက်များ ငြိမ်းချမ်းသာယာလိုက်မလဲနော်


တိတ်ဆိတ်ငြိမ်းချမ်းတဲ့ တောင်ပေါ်မြို့လေးက ကျွန်မဇာတိမြို့လေးပါရှင် ။


မေမေ ရယ် ကျွန်မရယ် ကျွန်မရဲ့ ပန်းခင်းလေးတွေရယ် ၊ ပတ်ဝန်းကျင်က ချစ်စရာကောင်းတဲ့
သူငယ်ချင်းတွေရယ်.........ပြီးတော့.... ချစ်သောချယ်ရီပန်းတွေရယ်......
ပြီးတော့.......ကျွန်မ ကြိုက်သော ပဲပုတ် ရယ်.....ပြီးတော့..........ပြီးတော့.....
မေမေရေ စိတ်ကူးကလန့်နိုးလာတဲ့အခါ...


မွန်းကြပ်တဲ့အခန်းကျဉ်းလေးရယ်၊ကားသံလူသံဆူညံညံနဲ့ မြို့ပြရဲ့အနံ့တွေရယ် ၊ရေခဲသေတ္တာထဲကခဲနေတဲ့အသားတွေရယ်၊မြေကြီးနဲ့မစိုက်တဲ့ ပေါ့ရွှတ်ရွှတ်ဟင်းရွက်တွေရယ်
စက်ရုပ် အပြုံးတွေရယ်.......ခံစားရတာ ရင်မှာမဆန့်အောင်ပါပဲ မေမေ။
တောင်ပေါ်မြို့လေးမှာ မေမေ တယောက်ဘယ်လိုနေဘာသလဲ....


မေမေ လည်းကျွန်မ ကဲ့သို့လွမ်းတမ်းတနေမယ်ဆိုတာ မေးစရာမလိုပါဘူးနော်။။။
လူစင်စစ်က ပိုက်ဆံရှာတတ်သော စက်ရုပ်တွေဘဝ တွေကိုရင်ဆိုင်နေရသလို
စက်ရုပ် ဆန်သော ပတ်ဝန်းကျင်.....စက်ရုပ်ဆန်သော လူနေမှု အောက်မှာဆိုပေမဲ့
မေမေ ကိုလွမ်းတဲ့ ဝေဒနာက ပြောက်မသွားပါ......


ဖုန်းမပြောရတဲ့ရက်တွေ....မေမေ အသံကိုကြားချင်နေမိတယ်။
၊ ပြီးတော့ နွေဦး.....ရောက်ပြီ....မြက်ခင်းပေါ်မှာပုဝါ အဖြူခင်းထားသလိုထင်ရတဲ့ ဆောင်း....ကျန်ခဲ့ပြီ။
နွေဦးပေါ့နော် မေမေ
ဟိုတလော ဖုန်းပြောစဉ်က မေမေြေ့ပာတာမှတ်မိသေးတယ်
ဒီနှစ်ဆောင်းအအေးပိုလို့ မေမေ အရမ်းချမ်းတာပဲ့တဲ့
လူကြုံနဲ့ မေမေ အတွက် လက်အိပ်၊ခြေအိပ်၊ လည်စီးပုဝါ စားစရာ.၊
အမြဲ ထည့်ပေးလဲ မြ့ပည့်စုံပါဘူးမေမေ။ လိုအပ်နေတယ်နော်....အဲတာ...
ကျွန်မဆိုတဲ့ သမီးဆိုးကိုပါပဲရှင်.........
ကြမ္မာ ဖန်လာ သံသရာတကွေ့ ဘာကြေင့်များ မေမေနဲ့ ဝေးနေရတာလဲနော်။
ကြုံ၍ ဆုံတွေ့ ဘုံဓလေ့များ ကိုပြောင်းလဲ လိုက်ချင်တယ်မေမေရယ်။


ပင်လယ် ကာခြား တံတိုင်းတွေတား ထားတဲ့ မြေမှာ
အလှမ်းဝေးနေတာကို တွေးတွေးပြီး ရင်နာနေရတာ မေမေ သိပါလေစ။
ဖြူစင်သန့် ရှင်းမွေးပျံ့ ကြိုင်သင်းတဲ့ မေမေရဲ့
ချစ်ခြင်းစစ်စစ်တွေ ကျွန်မဆီမှာ
အမြဲရှိနေတာကို သိလိုက်ရတဲ့ အချိန်..... ဟိုးအဝေး ဆီမှာ......ပြီးတော့......ပြီးတော့........
.................... ချစ်ခြင်းစစ်စစ်တွေ .........................


Jasmine (ရင်တွင်းစာ)ဖြစ်ပါသည်

0 comments:

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine