Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

*ဂျော်ဂျီယာမှ အမျိုးသမီးကြီး၏ ဘ၀ကိုချစ်မြတ်နိုးရေး သဘောထား*

| Sunday, February 27, 2011
                     
                            ကျွန်တော်နေထိုင်ရာ ဂျော်ဂျီယာ မစ္စ ကာရိုလိုင်း ဟု အမည်ရသော အမျိုးသမီးကြီးတစ်ဦးရှိသည်။
မြို့၏ သာရေး၊ နာရေး၊ လူမှုရေး ကိစ္စများမှာ အမြဲတက်တက်ကြွကြွ ဦးဆောင်ဦးရွက်ပြုနေကျ ဖြစ်သဖြင့် မြို့က ချစ်ခင် လေးစား
ရသူတစ်ဦးဖြစ်သည်။
                           ထာဝစဉ် လန်းဆန်း တက်ကြွစေမည့် နည်းလမ်းအကြောင်း ကျွန်တော်မေးသည့်အခါ မစ္စကာရိုလိုင်း ကမဆိုင်းမတွပင်ဖြေသည်။
                        "ဒါကတော့ စိန်ခေါ်မှုနဲ့ တုံ့ပြန်မှု ပဲပေါ့ကွယ်၊ မဟုတ်ဘူးလား၊ ကိုယ့်ကို အားစမ်းလာတယ်၊ ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လာတယ်၊
လှုံဆော် နှိုးဆွလာတယ်၊ အဲဒီခါကိုယ့်ဆီမှာရှိတဲ့ တုံပြန်ချင်တဲ့ အစိတ် အပိုင်းက လှုပ်ရှားလာတယ်  နိုးကြားထကြွလာတယ်၊
ဒါပဲပေါ့ ဒါ ရိုးရိုးစင်းစင်း သဘောတရားပါပဲ"
      "ဒါပေမယ့် လူအများစု အဖို့မှာတော့ အဲဒီလောက်မရိုးစင်းဘူးခင်ဗျ"
       "ဒါကတော့ စိန်ခေါ်မှုကိုသူတို့ လက်မခံလို့ပဲ ပါဝင်ယှဉ်ပြိုင်ဖို့ လှုံ့ဆော်လာတာကို သူတို့ငြင်းဆန်ခဲ့ကြလို့ပဲ ဥပမာ
ဒေါ်ဒေါ် ကိုယ်တိုင် ဆိုပါတော့ ၊ အစတုန်းကသူတို့လိုပဲ ပတ်သက်ရမှာ ကြောက်တယ်၊ မှားမှာ ယွင်းမှာ စိုးရိမ်တယ်၊
တလွဲတွေ လျှောက်လုပ်နေတယ်ဆိုပြီး သူများတကာက ဝေဖန်မှာကို တွေးပူတယ်၊.............နောက်ကျတော့
ဘယ်လိုမှ ရှောင်နေဖို့မသင့်တဲ့ တချို့ကိစ္စမျိုးတွေကြုံရတဲ့အခါ တစ်စွန်းတစ်စ ၀င်ပါရတယ် အဲဒီမှာ၊
တကယ်တမ်းဝင်ပါပြိဆိုတာနဲ့ တစ်ပြိုင်နက် ဒီအလုပ်ကို ပြီးမြေက်အောင်ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့စွမ်းအားတွေ
စွဲမြဲမှုတွေ ခေါင်းမာမှုတွေ စသဖြင့် အရည်အသွေးအားလုံးဟာ အံ့သြစရာကောင်းလောက်အောင် ကိုယ့်မှာရှိနေတာ
ရုတ်တရက်ကြီးသွားတွေ့ရတယ်။.................
                          ဒီကိစ္စ တက်ကြွစရာကောင်းတာ ၊ ကိုယ့်အလုပ်တွေ ဖြစ်မြောက်အောင်မြင်တာတွေ့ရတာ
တွေ့ရတော့လဲ အရမ်းကို အားရကျေနပ်စရာ ဖြစ်ရတယ်၊ ....အဲဒီတော့ နောက်တစ်ကြိမ် ကိုယ့်အစွမ်းသတ္တိကို
စိန်ခေါ်တာမျိုးပေါ်ပေါက်တဲ့အခါ မနှောင့်မနှေးပဲ လက်ခံဖြစ်လာတယ်၊ စိန်ခေါ်ချက်ကို လက်ခံလိုက်တာနဲ့
စောစောက ပြောတဲ့အတိုင်း အံ့သြဖွယ်အရည်အသွေးတွေ စွမ်းအားတွေ ဖြစ်ပေါ်လာတာပဲ၊ .......
ဒါကြောင့်မို့ ထာဝစဉ် လန်းဆန်း တက်ကြွနေချင်ရင် ဘယ်အရာဟာ လုပ်သင့်လုပ်ထိုက်နေသလဲ .၊
လိုက်ကြည့်ပြီးတော့ အဲဒါကိုလုပ် ဒါပဲပေါ့။...............................
နောက်ပြီးတော့...............မိမိဘ၀ကို မိမိချစ်မြတ်နိုးပါ၊ ဘ၀ကလည်း ချစ်မြတ်နိုးမှုနဲ့ပဲတုံ့ပြန်လာလိမ့်မယ်"....................


သူငယ်ချင်း အားလုံးလည်း မိမိဘ၀ ကိုမိမိ ချစ်မြတ်နိုးနိုင်ပါစေလို့ဆန္ဒပြုရင်း......
စာရေးဆရာကြီးဖေမြင့်ရဲ့
ဂျော်ဂျီယာမှ အမျိုးသမီးကြီး၏ ဘ၀ကိုချစ်မြတ်နိုးရေး သဘောထား မှ ကောက်နုတ်ဖော်ပြပါသည်။။။။။။။။။။။။။။။။

ဝင်ရောက်ဖတ်ပေးသော သူငယ်ချင်းအားလုံးက်ုအစဉ်လေးစားတဲ့
jasmine

0 comments:

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine