Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

*** ထွေလီကာလီ ဖတ်ချင်စရာ *** အပိုင်း ၃

| Sunday, February 27, 2011
စေတနာနဲ့ပါ။   ။
ပီတာလေးထိုင်ခုံပေါ်မှလိမ့်ကျသည်။ နဖူးပေါ်တွင် ဘုကြီးပေါ်လာသည်။
ငါးနှစ် သမီးအမ ဖြစ်သူက မောင်ငယ်ကို သနားကြင်နာစွာ ကြည့်သည်။
မောင်လေးကို ကူညီချင်စိတ်ဖြင့်ပြောသည်။
"ဒီဘုကြီးကို မမ တူနဲ့ရိုက်သွင်း ပေးမယ်နော်"

ဆုံးပါပြီ။   ။
မျက်စိကိုက်သည်ဟုဆိုကာ လူနာတစ်ဦး မျက်စိကု ဆရာဝန်ထံ လာပြသည်၊
ဆရာဝန်က၄င်းကို စမ်းသပ်စစ်ဆေးပြီးနောက် ပြောသည်..........
"ခင်ဗျားအရက်သောက်တာကို ဖြတ်ရင်ဖြတ် ၊
ဒါမှ မဟုတ် မျက်လုံးကို စွန့်ရင်စွန့်၊
တစ်ခုခု ကိုရွှေး ရလိမ့်မယ်..
လူနာက မျော်လင့်ချက်ကင်းသံဖြင့် သက်ပြင်းချကာ ပြောသည်။
        " အင်း မျက်လုံး နှစ်လုံးစလုံး ဆုံးပါပြီ "

လူပိုမလိုဘူး။   ။
ရဲစခန်းတွင် တယ်လီဖုန်းသံ ပြည်လာသည်။
      " ဟဲလို ရဲစခန်းကလား၊ ကျွန်မ မစ္စစ်ဂျုံး စကားပြောနေပါတယ်၊
အခု ကျွန်မရဲ့ အိပ်ခန်းထဲမှာ လူစိမ်း ယောက်က်ျား နှစ်ယောက် ရောက်နေပါတယ်၊
အဲဒါ တစ်ယောက်ကိုမောင်းထုတ်ပေးဖို့အတွက် ရဲသားကို လွှတ်ပေးပါ။   ။

ပြေးမှလွှတ်မယ်။   ။
   "ဘာဖြစ်လို့ ခရီးသည်တွေအားလုံး ကားပေါ်က ဆင်းကြရတာလဲ
ဘတ်စ်ကား နောက်ဆုံးမှတ်တိုင်ရောက်လို့လား" ဟု စိုးရိမ်သံ နှင့်
အဖွားကြီးကမေးရာ ကားထဲမှ နောက်ဆုံးထွက်သောလူငယ်က လှမ်းပြောသည်။
   " မဟုတ်ဘူးအဖွား၊ လက်မှတ်စစ် တက်လာလို့"

နှိုင်းယှဉ်ချက်။   ။
ကျွန်နိုပ် တို့၏ စစ်သင်တန်းကျောင်းမှ သင်တန်းသားများသည် သေနတ်ပစ်ရာတွင်
အမေရိကန် ကောင်းဘွိုင်ထက် အဆ တစ်ရာ ညံ့ဖျင်းသည်။
သိုသော်ပြေးရာတွင်ကား ကောင်းဘွိုင်စီးသောမြင်းထက်
အဆ တစ်ထောင် ခန့်လျှင်မြန်သည်။   ။

ရှိပြီးသား။   ။
"ညွန်ချုပ် ခင်ဗျာ၊ အပြင်မှာ နုတ်ခမ်းမွှေးနဲ့ လူတစ်ယောက်ရောက်နေပါတယ်"
      "ငါ့မှာ နုတ်ခမ်းမွှေးရှိပြီးသားလို့ ပြောလိုက်"

မျှမျှ တတ။   ။
မိမိ သားနှစ်ယောက်အတွက် စကော့တလန်သားသည်
မိုးပျံ ပူဖောင်း တစ်လုံးဝယ်လာသည်။
၎င်းကို ကလေးများလက်သို့ အပ်နှံရင်းပြောသည်။
               " ညီအကို နှစ်ယောက် မျှမျှ တတ ခွဲယူကြနော်"


ဖတ်ဖြစ်ခဲ့သော မောင်ကောင်းထိုက်၏ စာများ။     ။
အချိန်ပေးပြီးဝင်ရောက်ဖတ်ပေးသော သူငယ်ချင်းအားလုံးကို
ကျေးဇူးတင်စွာဖြင့် jasmine.....






1 comments:

{ natthamee } at: May 14, 2011 at 8:16 AM said...

အရမ်းရယ်ရပါတယ်ဖတ်သွားတယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine