Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

***အပူလျော့ဖွယ်မရှိသည့် ၂၀၁၁ နွေရာသီစတင်ပြီ***

| Monday, February 28, 2011
Eleven Media Group သတင်းမှ ဖော်ပြပါသည်။   ။


 
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကဲ့သို့ နှစ်စဉ်ပူပြင်းခြောက်သွေ့သော ဒေသနှင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲခဲ့သည့် ဒေသတို့တွင် အပူလျော့ဖွယ်မရှိသော ၂၀၁၁ ခုနှစ်နွေရာသီသည် မတ်လဆန်းတွင် စတင်လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ ဆောင်းရာသီသည် ဒီဇင်ဘာလဆန်းတွင် စတင်ခဲ့ပြီး ဖေဖော်ဝါရီလ၌ ကုန်ဆုံး၍ အချိန်အားဖြင့် သုံးလခန့်ကြာမြင့်ခဲ့ကာ ဆောင်းရာသီ ကုန်ဆုံးချိန်မတိုင်မီပင် အချို့သောဒေသတို့တွင် အပူချိန်များ စတင်မြင့်တက်ခဲ့ကြောင်း မြစ်ဝကျွန်းပေါ်ဒေသနေသူအချို့ထံမှ သိရသည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ထုတ်ပြန်လိုက်သော အမေရိကန်နိုင်ငံ International Research Institute(IRI) ၏ခန့်မှန်းမှုကမူ ၂၀၁၁ ခုနှစ်သည် ၂၀၁၀ ပြည့်နှစ်က ကဲ့သို့ ပူပြင်းမည် မဟုတ်ကြောင်း၊ ယခင်နှစ်က အပူပြင်းခဲ့သော အရှေ့တောင်အာရှရှိ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာစသည့် နိုင်ငံတို့တွင် ဖြစ်မြဲအောက် လျော့နည်းမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

"အပူလျော့မယ်ဆိုတာက weather ပဲ၊ တကယ်တမ်းက Climate ကို မေ့လို့မရဘူး။ ရာသီဥတုပူနွေးမှုက နဂိုကတည်းက ဖြစ်နေတာကြာပြီဆိုတော့ ဖြစ်မြဲအောက်လျော့မယ်ဆိုပေမယ့် အထိုက်အလျောက်တော့ ပူတာက ရှိမှာပါပဲ"ဟု Myanmar Climate Change Watch (MCCW)  မှ ဒေါက်တာထွန်းလွင် က ပြောကြားသည်။

လက်ရှိအချိန်အထိသည် လာနီညာဖြစ်စဉ် ရှိနေဆဲဖြစ်ပြီး မတ်လကုန်အထိ ရှိ၊ မရှိကို တွက်ချက်ရာတွင်လည်း လာနီညာ ရှိမည်ဆိုသော ခန့်မှန်းချက်များက ၈၀ ရာခိုင်နှုန်းရှိနေသည်။ ကျန်သည့် ၂၀ ရာခိုင် နှုန်းကမူ ရာသီဥတု သင့်တင့်မျှတသော ကြားနေနှစ်ဖြစ်မည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ၂၀၀၈ ခု နှစ်က နာဂစ်မုန်တိုင်းတိုက်ခတ်စဉ် သစ်ပင်ပေါင်း သိန်းချီပြိုလဲခဲ့သည့် အတွက် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော ပူပြင်း ခြောက်သွေ့မှုများကို ၂၀၀၉ ခုနှစ် နှင့် ၂၀၁၀ ပြည့်နှစ် နွေရာသီများက ကြုံတွေ့ခဲ့ရသကဲ့သို့ ၂၀၁၁ ခုနှစ် နွေရာသီတွင်လည်း ကြုံတွေ့ရမည် ဖြစ်သည်ဟု သိရှိရသည်။
အယ်လ်နီညိုနှင့် လာနီညာ ရာသီဥတုအနေအထားများကို နှစ်စဉ် ခန့်မှန်းထုတ်ပြန်ပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်း ၂၅ ခုဝန်းကျင်ရှိ ရာတွင်အဆိုပါ အဖွဲ့အစည်းအားလုံး က ၂၀၁၁ ခုနှစ် လက်ရှိကာလမှ ဇွန် လအထိသည် လာနီညာရာသီဥတု ဖြစ်စဉ် ရှိနေဦးမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
လက်ရှိအချိန်အထိသည် လာနီညာဖြစ်စဉ် ရှိနေဆဲဖြစ်ပြီး မတ်လ ကုန်အထိ ရှိ၊ မရှိကို တွက်ချက်ရာတွင်လည်း လာနီညာရှိမည်ဆိုသောခန့်မှန်းချက်များက ၈၀ရာခိုင်နှုန်းရှိနေသည်။ ကျန်သည့် ၂၀ ရာခိုင်နှုန်း ကမူ ရာသီဥတု သင့်တင့်မျှတသော ကြားနေနှစ်ဖြစ်မည်ဟုဆိုသည်။
"မိုးရွာသွန်းမှုအနေနဲ့ကတော့  ဇူလိုင်လအထိ ဖြစ်မြဲထက် ၄၀ ရာ ခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း ပိုနိုင်တယ်။ တောင်ပိုင်းကနေစပြီး မြစ်ဝကျွန်းပေါ်၊ မြေလတ်ပိုင်း၊ အလယ်ပိုင်းအထိ နောက်ပိုင်း မိုးရွာတာ တိုးလာနိုင်တယ်။ မြောက်ပိုင်းကတော့ ထူးခြားမှုအနေနဲ့ မိုးမကောင်းနိုင်ဘူး။ ဖြစ်မြဲအောက်လျော့မယ်လို့ ခန့်မှန်းထားတာတွေ ရှိနေပါတယ်"ဟု ဒေါက် တာထွန်းလွင်က ရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်သည် ပုံမှန်လောက်မအေးမြသော ဆောင်း ရာသီ၊ ပုံမှန်ထက်ပူပြင်းခဲ့သော နွေရာသီနှင့် ပုံမှန်လောက် မိုးရွာသွန်းခြင်းမရှိသော မိုးရာသီစသည့် ပုံမှန် မဟုတ်သော ရာသီဥတုအနေအထား များကို မြန်မာနိုင်ငံတွင် တွေ့ကြုံခဲ့ရကာ စိုက်ပျိုးရေနှင့်သောက်သုံးရေ အခက်အခဲများကိုလည်း ရင်ဆိုင်ခဲ့ရသည်။
ထို့ပြင် မုတ်သုံဝင်ရောက်ချိန် ထူးထူးခြားခြားနောက်ကျခဲ့ကာ မြစ် ၀ကျွန်းပေါ်ဒေသ၌ဧပြီလတစ်လလုံး မိုးရေချိန်တစ်လက်မမှ မရှိသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။
"ရန်ကုန်မြို့မှာတော့ လက်ရှိ တော်တော်ပူနေပြီ။ မြို့တွင်းပိုင်းက ပိုပူပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများလာတာ၊ သစ်ပင် တွေနည်းသွားတာကြောင့်ရာသီဥတု ကနေလို့ ကောင်းပြီးသင့်တင့်တဲ့ ရာသီဥတုမျိုး မရှိတော့ပါဘူး"ဟု ရန်ကုန် မြို့နေသူတစ်ဦးက ပြောပြသည်။
"မြန်မာနိုင်ငံအလယ်ပိုင်းက တော့ ဖေဖော်ဝါရီလနောက်ဆုံးပတ် မှာ ဆောင်းအငွေ့အသက် မကုန်ချင်သေးဘူး။ အေးနေသေးတယ်။ မြစ်ဝကျွန်းပေါ်ဘက်နဲ့ အနေအထားချင်း မတူဘူး။ အလယ်ပိုင်းကတော့ နွေရောက်ရင် တော်တော်ပူတာ ထုံးစံ ပဲ။ အခုတော့ သိပ်မပူသေးဘူးပေါ့" ဟု မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ရောက်ရှိခဲ့ သူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့် နှစ်တွင် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ သက်ရောက်မှုအနေဖြင့် အပူချိန်မြင့်တက်မှုများကို တွေ့ကြုံခဲ့ရ ကာ အပူချိန်စံချိန်ကျိုးမှုများလည်း ဖြစ်ပေါ်ခဲ့ပြီး အပူဒဏ်နှင့် ဆက်နွှယ် ဖြစ်ပွားသည့် ကျန်းမာရေးချို့ယွင်းမှုများကြောင့် အသက်သေဆုံးမှုများ လည်းရှိခဲ့သည်။
၂၀၁၁ ခုနှစ် မတ်လဆန်းတွင် စတင်သော နွေရာသီသည် မတ်၊ ဧ ပြီ၊ မေ စသည့်သုံးလကြာမြင့်မည် ဖြစ်ကာ ဇွန်၊ ဇူလိုင်၊ သြဂုတ်စသော မိုးရာသီကာလများတွင်လည်း မိုးရွာ သွန်းရက်နည်းပါးပါက ကာလရှည် ကြာသည့်အပူရက်များကို တွေ့ကြုံ ဖွယ်ရှိနေသည်ဟု သိရှိရသည်။
၂၀၁၀ ပြည့်နှစ် နွေရာသီတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေအချို့
အပူချိန်စံချိန်တင်ခြင်း    -         ၂၁ ကြိမ်
စံချိန်တင်ပူပြင်းခဲ့သော မြို့နယ်များ         -         မြင်းမူ၊ မြင်းခြံ၊ မုံရွာ၊ မကွေး၊ မန္တလေး၊ မိတ္ထီလာ၊ ရန်ကုန် (ကမ္ဘာအေး)၊ ကော့သောင်း၊ မိုးကုတ်၊ သိမ်ဇရပ်၊ မင်းဘူး၊ နေပြည်တော်(ရေဆင်း)၊ ပြင်ဦးလွင်၊ နေပြည်တော်(ပျဉ်းမနား)၊ ရမည်းသင်း၊ ခရမ်း။
စံချိန်တင်မှုများခဲ့သည့်မြို့နယ်များ -         မုံရွာမြို့နယ်တွင် သုံးကြိမ်၊ မြင်းခြံမြို့နယ်၊ မြင်းမူမြို့နယ်၊ နေပြည်တော်(ရေဆင်း)တို့တွင် နှစ်ကြိမ်စီ။
နွေရာသီအတွင်းကြုံတွေ့ခဲ့မှုများ   -         အပူနှင့်ဆက်နွှယ်သော ရောဂါများကြောင့် လူသေဆုံးမှု မြင့်တက်ခြင်း၊ ရေကန်များ စောစီးစွာခန်းခြောက်ခြင်း၊ သောက်သုံးရေ၊ စိုက်ပျိုးရေ အခက်အခဲတွေ့ ကြုံခြင်း။


မြန်မာ့နွေရာသီ
(နွေရာသီကာလ -    မတ်လမှ မေလအထိ။)
ကြုံတွေ့ရလေ့ရှိသည့် အခြေအနေများ    -   ပူပြင်းခြောက်သွေ့မှု၊ မြစ်ချောင်းများတွင် ရေနည်းပါးခြင်း၊ အချို့ဒေသများတွင် ရေအခက်အခဲကြုံရခြင်း၊ အပူနှင့်ဆက်စပ်ပြီး ကျန်းမာရေး ချို့ယွင်းမှုများ ကြုံရခြင်း။
အပူချိန်အမြင့်ဆုံးဒေသ  -   မြန်မာနိုင်ငံအလယ်ပိုင်းဒေသ။


အပူဆုံးလ       -     ဧပြီလ။
သတိပြုရသော သဘာဝဘေးအန္တရာယ်   -   မိုးကြိုကာလ ဧပြီနှင့်မေတွင် ဖြစ်ပေါ်တတ်သော ဘင်္ဂလား ပင်လယ်အော်မှ မုန်တိုင်းများ။
မြန်မာနိုင်ငံ၏ အပူဆုံးနှစ်များ     -         ၁၉၅၇၊ ၁၉၇၂၊ ၁၉၇၉၊ ၁၉၈၆၊ ၁၉၈၉၊ ၁၉၉၃၊  ၁၉၉၈၊ ၂၀၀၀၊ ၂၀၀၅၊ ၂၀၁၁။    ။


မအားလပ်သည့်ကြားကအချိန်ယူပြီးဝင်ရောက်ဖတ်ပေးသော
သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။    ။

0 comments:

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine