Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

***ဟုိတစ္စ....ဒီတစ္စ....ေရာက္တတ္ရာရာ***

| Wednesday, February 23, 2011
လူတစ်ယောက်ရဲ့ အနှစ်သာရ က ကိုယ်ကျင့်တရား ဖြစ်မယ်လို ကျွန်မ ထင်ပါတယ်။
ကိုယ်ကျင့်တရားပျက်တယ် ဆိုတာကလဲ သူများ ပစ္စည်း ခိုးမှ ပိုက်ဆံခိုးမှရယ် မဟုတ်ပါဘူး..
အကျင့်သီလ ပျက်ရင်သော်၎င်း အကျင့်သီလ မတည်မြဲ ရင်သာ်၎င်း....ဂတိ သစ္စာ ပျက် ရင်၎င်း၊
ဒါတွေ အားလုံးနဲ့ဆိုင်မယ်လို့ ယူဆရပါတယ်....
ဒီစာကိုရေးလို့ ကျွန်မဟာ အရာရာကောင်းနေတဲ့ သူတစ်ယောက်တော့ မဟုတ်ပါဘူး
အမှား မကင်းပေမယ့် အမှားနဲအောင်နေထိုင်ဖို့ကြိုးစားဆဲပါ။


လောကကြီးမှာ ယောက်ျားရော မိန်းမပါ ကောင်းတဲ့မိန်းမ၊ ဆိုးတဲ့
မိန်းမဆိုပြီး၊ ဆိုးတဲ့ယောက်ျား ကောင်းတဲ့ယောက်ျားများရယ်လို့ ရှိခဲ့သလို
လူမျိုးတိုင်းဘာသာတိုင်းမှာလဲ ဒီလိုပါပဲရှင်.....
မြန်မာပြည်တွင်းအနေအထားအရဆိုရင်
ဘယ်ပြည်နယ် ဘယ်တိုင်းကရိုင်းတယ်....ဘယ်ပြည်နယ်ကဖြင့်ဆိုးတယ်....
ပြောကြတာခုထိပါပဲ...မဟုတ်ပါဘူးနော်....ဘယ်နေရာမဆို...ဘယ်ဒေသမဆို
ဘယ်တိုင်းပြည်မဆို....လူဆိုး ၊ လူကောင်း ၊ အဆိုးမြင်တတ်သူ ၊ အကောင်းမြင်တတ်သူ
ကူညီတတ်သူ ၊ မကူညီတတ်သူ ဆိုတာ ရှိပြီးသားပါ။။။။။
အဆိုး ဆုံးကတော့  သူများလုပ်တာကို ကိုယ်မလုပ်နိုင်ဘူး ဒါပေမဲ့ လုပ်တဲ့လူကိုလည်း
အကောင်းမပြောဘူး ဝေဖန်မယ်..ကဲ့ရဲ့မယ်..ပျက်ရယ်ပြုမယ်..အားပေးဖို့ဆိုတာ သူတို့အတွက်
သိပ်ဝေးလွန်းပါတယ်.....

လူတွေဟာ မတူညီတဲ့အသွင်တွေနဲ့နေ့စဉ်လှုပ်ရှားနေကြပါတယ်....အဲဒီ မတူတဲ့ အသွင်လေးတွေကို
ကြည့်ပြီး သင်အရာရာ စဉ်းစားနိုင်ပါစေ..ကောင်းသော အမူအကျင့် များကို
အတုခိုးဖို့ သင်မရှက်ပါနှင့်......သင်နောက်မကျသေးပါဘူး။
"စ" ဖို့သာလိုပါသည်။

ငယ်စဉ်ကကျောင်းမှာသင်ဖူးတဲ့ စာတစ်ပိုဒ်ကိုကျွန်မ မေမေ အမြဲ သတိပေးပါတယ်
မိမိ ကိုယ် ကိုကောင်းအောင်ကြိုးစားမည်။
မိမိ အတန်းကို ကောင်းအောင်ကြိုးစားမည်။
မိမိ ကျောင်း.........
မိမိ တိုင်းပြည်ပေါ့နော်.....
ကိုယ်တိုင်က မကောင်းရင်ဘယ်အရာကိုမှ ကောင်းအောင်လုပ်နိုင်မှာ မဟုတ်ပါဘူး၊
ဒါကြောင့် မိမိကိုယ်ကို အရင်သုံးသပ်ပါ။ အရင်ဝေဖန်ပါ။

သူငယ်ချင်းအားလုံး ဘ၀ မှာ အမှားနဲနဲ နဲ့ ရပ်တည်နိုင်ပါစေ.....
.ကျွန်မလည်း အမှားနဲနဲ နဲ့ရပ်တည်နိုင်အောင် သူငယ်ချင်းအားလုံး
ကူညီကြပါ......သူငယ်ချင်းအားလုံး
နေ့သစ် ကို စိတ်သန့်သန့်နဲ့ ကြိုဆိုနိုင်ပါစေ လို့ဆန္ဒပြုရင်း



.....၀င်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို အစဉ်လေးစားပြီး
                                        ကျေးဇူးတင်တဲ့        ..................jasmine


Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine