Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

*** မရှိမဖြစ်***

| Thursday, February 24, 2011
ကျွန်မဘ၀ရဲ့ မရှိမဖြစ် ထဲကတစ်ယောက်ကိုပြပါဆိုလျှင် "မောင်" ကို လည်းပြရပါမည်။
 သူငယ်ချင်းလိုတစ်မျိုး.....တိုင်ပင်ဖော် တိုင်ပင်ဖက်လိုတစ်သွယ်.......ညီအကို မောင်နှမ ကဲ့သို့လည်း
ပြောဆို ပြောဆိုပေါင်းသင်း လို့ ရပါတယ်.....အဲဒီ လူဟာ ကျွန်မ ချစ်သူ မောင်ပါပဲ...
သူရဲ့ နာမည်ကိုကလဲ မောင် ပါ ။ ကျွန်မ ဘာဖြစ်ချင် ဘာလုပ်ချင် တယ်ဆိုရင် သူကလည်း
ကြိုးစားပြီး လုပ်ပေးတော့တာပါပဲ။ ကျွန်မတို့နှစ်ယောက် အမြဲတတွဲတွဲဖြစ်ခဲ့ရပါတယ်။
 တစ်ခါတလေ ငြင်းခုန်ရပြီး...တစ်ခါတလေ စိတ်ဆိုးကြတာ....
တစ်ခါတလေ .. မကတော့ပါဘူး..မကြာမကြာဆိုသလိုပါ။ ဒါပေမဲ့ ဘယ်ကိုသွားသွားကျွန်မတစ်ယောက်ထဲဖြစ်ရတာများပါတယ် ၊ သူကအလုပ်မအားလို့ပါ ၊
မကြာခဏအားငယ်တတ်တဲ့ကျွန်မကိုလည်းသူက အားပေးရ ပါတယ်... အားပေးတတ် ၊ ဖေးမတတ်လွန်းလို့
ကျွန်မ က အားငယ်တတ်တာလည်းဖြစ်နိုင်ပါတယ်။ 
ဒီလိုနဲ့ ဘ၀ခရီးရှည်ကြီးတစ်ခုကိုဖြတ်သန်းအတူလျှောက်လာတာ ၆ နှစ်နီးနီးရှိလုပါပြီ။
အဲဒီနှစ်တွေကြားထဲ တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင် ဖေးမခဲ့ကြပါတယ်။

မောင်က ကျွန်မကိုအမြဲပြောပါတယ်. သူဘာလုပ်လုပ် ကျွန်မအတွက်ပါတဲ့....
တခါတလေ သူသက်သာဖို့ကျွန်မကူညီတဲ့အလုပ်က သူ့ကိုပိုပြီး ဒုက္ခရောက်အောင်လုပ်သလိုဖြစ်ဖူးပါတယ်။
သူ ကအဲတာကို တစ်ချက်မှငြီးငြူခြင်း မရှိခဲ့ပါဘူး...သူနဲ့ခွဲရတဲ့ အချိန်ရှိခဲ့ဖူးပါတယ်၊
ကျွန်မ အလွန်အမင်း သူ့ကိုစိတ်ပူပြီး သူအတွက်အချိန်တိုင်းလိုလိုစိုးရိမ်စိတ်ဖြစ်ခဲ့ရပါတယ်၊
ဒါပေမဲ့အံ့သြဖို့ ကောင်းအောင်၊အပြစ်အနာကင်းမဲ့အောင် တစ်ယောက်ထဲရပ်တည်ခဲ့ပါတယ်၊
အဲတာတွေကြောင့် ကျွန်မ ကလည်းသူ့ကိုပိုပြီးချစ်ရ ခင်ရ သံယောဇဉ် ဖြစ်ရပါတယ်။

အစစ်အမှန်ချစ်သူတစ်ယောက်ကိုကျွန်မရခဲ့ရတာ ကျွန်မပတ်ဝန်းကျင်ကလူများအားလုံး
သက်သေရှိခဲ့ပါတယ်..
ဒါတွေအားလုံးကလည်းကုသိုလ်နဲ့လည်းဆိုင်တယ်ဆိုရင် ကျွန်မကုသိုလ်ကောင်းခဲ့တာပေါ့
တကယ်လို့ကံနဲ့ဆိုင်တယ်ဆိုရင်လဲ ကံကောင်းခဲ့တာပေါ့နော်....

ဘုရားပေးသောဆုကိုရထားတဲ့ ကျွန်မ အမြဲကံကောင်းချင်ပါတယ်
ကျွန်မအနားသူအမြဲရှိဖို့ ကျွန်မ ကံကောင်းချင်ပါတယ်။   ။

အချိန်ပေးပြီးဝင်ရောက်ဖတ်ပေးသော သူငယ်ချင်းများ
အားလုံးကိုကျေးဇူးတင်ပြီး လေးစားနေတဲ့ ( jasmine )

1 comments:

{ Yoemyaykya } at: September 17, 2012 at 2:51 AM said...

အားကျလိုက်တာနော်။ ကံကောင်းလိုက်တာ။ ချစ်ခြင်းနဲ့ လှပါစေ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine