Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

~ပင်ပန်း နွမ်းနယ် မှုတွေကို ပြေပျောက် စေမယ့် ခြေထောက် ဆားစိမ်နည်း~

| Thursday, February 24, 2011

တစ်နေကုန် အလုပ်တွေ လုပ်နေ ရလို့ ပင်ပန်း နွမ်းနယ်နေသူများ၊ ကိုယ် လက်မအီမသာ ဖြစ် သူများ အတွက် ပေါ့ပါး လန်းဆန်း စေရုံသာမက ခြေဖ နောင့်ကွဲ တာကိုပါ သက်သာ စေမယ့် ခြေထောက် ဆားစိမ် နည်းကို ဖော်ပြ လိုက်ပါတယ်။ ဒီနည်းဟာ Foot Massage နဲ့ ဆင်တူပါတယ်။
ကုန်ကျစရိတ်က Foot Massage လောက်မရှိဘဲ သာမန်ရုံးဝန်ထမ်းများ တောင် တတ်နိုင်တဲ့ ဈေးနှုန်းပါ။ ဒီနည်းကို ရန်ကုန်မြို့၊ ဗိုလ် တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် ကုန်သည်လမ်းထောင့်၊ အမှတ်-၄၂၉/ ၄၃၁ မှာရှိတဲ့ သမီးတော် Nail Art, Spa & Foot Reflexology ကို သွား ရောက်လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။
ပြုလုပ်တဲ့ နည်းကတော
(၁) ပထမဆုံး ခြေထောက်စိမ်တဲ့ ကန်ထဲကို ရေခပ်နွေးနွေး၊ တရုတ် တိုင်းရင်းဆေးအမှုန့်နဲ့ အိမ်သုံးဆား ကြမ်းများရော၍ ထည့်ပြီး သမအောင် မွှေပေးရ ပါတယ်။
(၂) ပြီးရင် အဲဒီထဲကို ခြေထောက် ထည့်လိုက်ပြီး ခြေထောက်စိမ် ကန်က စက်ကို ဖွင့်လိုက်ရပါ တယ်။ အဲဒီအခါ ကန်ရဲ့အခြေ မှာရှိတဲ့ ဘီးလုံးလေးတွေက သွားနေတော့ ခြေထောက်ကို နှိပ်ပေးသလို ခံစားရပါတယ်။
(၃) ပြီးရင် နှိပ်ပေးမယ့်သူက ခြေ ထောက်တစ်ဖက်ကို ကန်ထဲမှ ထုတ်ကာ ကန်ထဲက ရေကို လက်နဲ့ယူကာ ဒူးခေါင်းမှ လောင်းပေးရပါတယ်။
(၄) ရေလောင်းချမှုနှင့်အတူ ခြေ ထောက်ဘေးက အကြောတွေ ကို နှိပ်ပေးရပါတယ်။
(၅) အဲဒီနောက်မှာတော့ ခြေ ထောက်ကို ဆားပွတ်ကာ ခြေဖ၀ါးအလယ်က အကြော တွေကို နှိပ်ပေးရပါတယ်။ ဒီလို ဆားပွတ်ခြင်းအားဖြင့် အခိုးတွေ ကို ပွင့်စေပါတယ်။ အပူလည်း ထွက်စေပါတယ်။ ညောင်းညာ မှုတွေကိုလည်း ပြေပျောက်စေပါ တယ်။
(၆) ပြီးရင်တော့ နောက်တစ်ဖက် ကိုပြောင်း၍ ပြုလုပ်ပေးရပါ တယ်။
(၇) အဲဒီနောက် ခြေထောက်ကို ကန်ထဲပြန်စိမ်ပြီး ဆားများကို သန့်စင်ရပါတယ်။ ဒါဆိုရင် ခြေထောက်ကို ဆားစိမ်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ ဖြစ်ပါ တယ်။
ဒီလို ဆားစိမ်ခြင်းအားဖြင့် ရရှိ မယ့် အကျိုးကျေးဇူးတွေကတော့ ခါး နာတာကို သက်သာစေပါတယ်။ ပင် ပန်းနွမ်းနယ်မှုတွေကို ပြေပျောက်စေပါ တယ်။ ကိုယ်လက်မအီမသာဖြစ်မှုကို ပြေပျောက်စေပါတယ်။ ဒေါက်မြင့် ဖိနပ်စီးလို့ အကြောတွေ နာတာကို ပြေပျောက်စေပါတယ်။ ကြွက်တက် တာလည်း မဖြစ်စေတော့ပါဘူး။ ခြေ ထောက်ကွဲတာကို သက်သာစေပါ တယ်။ အခိုးတွေကို ပွင့်စေပါတယ်။ ကြာချိန်ကတော့ မိနစ် ၂၀ လောက်ရှိပါတယ်။ ပြုလုပ်ခကတော့ ငွေကျပ် ၂၀၀၀ ပါ။

(မိမိ ကိုယ်တိုင်အိမ်မှာလည်းပြုလုပ်နိုင်ပါသည်)


ကျန်းမာရေးနှင့် ဆေးပညာ ဂျာနယ်မှ ဖော်ပြပါသည်။။

ကျန်းမာရေးနှင့် ပတ်သက်သော သိသင့်စရာများကို

၁ ပတ်လျှင် ၃ ကြိမ် ၄ ကြိမ် ဖော်ပြပေးပါမည်။

အချိန်ပေးပြီး ၀င်ရောက် ဖတ်ပေး (ကြည့်ပေး) သူအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်။

1 comments:

{ မိုးခါး } at: February 25, 2011 at 5:58 PM said...

သဘောကျလို့ ကူးသွားပါတယ် ..း)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine