Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ပေါက်ကရ အလွမ်း(ရင်တွင်းစာ)

| Monday, April 4, 2011
ရင်ဘတ်ထဲကအလွမ်း
တမ်းတမိတယ်တရံခါဆီ
မှန်းဆဖို့ခက်ခြေပြီ.......

ရင်ဘတ်ထဲကအလွမ်း
သံလွင်မြစ်ကမ်းဆီ
တစ်ခြမ်းပဲ့အချစ်နဲ့
မျောပစ်ရမှာလား....

ရင်ဘတ်ထဲကအလွမ်း
မီးဇာကုန်ရေခမ်း
ထီးဖြူလို့ဖိနပ်ပါး
ဆန်ပေးလို့ဆီရ

အဲတာ....လောကရဲ့နိယာမ

ရင်ဘတ်ထဲကအလွမ်း
အရောင်မွဲခဲ့ရင်
အမှောင်မှာမနေပါနဲ့.....

ဒါပေမယ့်..ပြဒါးနဲ့သံ ဘယ်မှာဆုံမလဲ
အသည်းဟက်တက်မကွဲတာ
ကံကောင်းတယ်မှတ်......
မိုဟာမက်အလီလက်သီး တစ်ချက်မှာ
သံယောဇဉ်တွေ...အစိတ်စိတ်အမွှာမွှာ

ဒါဆိုရင်
ရင်ဘတ်ထဲကအလွမ်း
ဆက်သိမ်းမှာလား...
ထားရစ်မှာလား.....
သံလွင်မြစ်ထဲမျောမှာလား.....
တစ်ခုခုတော့ဖြေပေးပါ....


ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။   
jasmine












2 comments:

Anonymous at: April 4, 2011 at 5:29 AM said...

ကဗျာလေးတွေကခံစားချက်တွေလားဗျ..မိုက်တယ်..ကူးမယ်..ဟဟ

{ ခနွဲ } at: April 4, 2011 at 8:18 PM said...

.ပြဒါးနဲ့သံ ဘယ်မှာဆုံမလဲ
အသည်းဟက်တက်မကွဲတာ
ကံကောင်းတယ်မှတ်......

ဒါလေးကို ကြိုက်တယ်။ ဆက်သိမ်းမလား၊ ထားရစ်မှာလား၊ သံလွင်မြစ်ထဲမျှောရမလားဆိုတာတော့ ကျွန်တော်လည်း မဖြေတက်ဖူး။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine