Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

***ဟိုတစ်စ...ဒီတစ်စ...*** အထီးကျန်ခြင်းနောက်ကွယ်

| Friday, April 8, 2011
ငါကိုယ်တိုင် သိတာ ငါ့အလွမ်း
ငါကိုယ်တိုင် ရှိတာ ငါ့မှာတမ်း
ငါကိုယ်တိုင် ထိတာ ငါ့နှလုံးသား....
ခုတော့ဖြစ်...အစိတ်စိတ် အမွှာမွှာ...

ရှေ့တိုးတော့ ကျား..ဆိုပေမယ့် .နောက်ဆုတ်တော့
မှားပြီထင်.....

အရာအားလုံးသိခဲ့ပေမယ့်
အသိနောက်ကျတာလား....
ငါ့ပြန်ရလိုက်တာ အားလုံး မင်းရဲ့
ဥပေက္ခာ အမုန်း
....အဆုံးမတော့ ရင်ထဲက ခံစားမှုတွေ
ထိန်းသိမ်းမရအောင်ဆူဝေပွက်လောရိုက်
တိတ်တိတ်လေးထွက်သွားရင်ကောင်းမယ်ထင်

အချစ်ဆိုတာ..ဧဒင်ဥယျာဉ်ထဲကစခဲ့တာလား
ဘာလဲ....အချစ်ဆိုတာ.. ကြေကွဲရာများစုဝေးရာအရပ်လား
ရောမပြည်ကြီး ဘာကြောင့်ပျက်ရတာလဲ
ဘာလဲ အချစ်ဆိုတာ....ထီနန်းတွေဘာကြောင့်စွန့်ကြတာလဲ...
သူတို့....သူတို့....အမှန်တစ်ကယ်ချစ်ခဲ့ကြတာလား...
ဒါဆို မင်းနဲ့တော့ ဆန့်ကျင်ဖက်ပေါ့....

လျှာအောက်က သာမိုမီတာ ကိုဝါးစားဖို့ကြိုးစားခဲ့တာ
ငါ့ရဲ့ ရူးသွပ်ခြင်းလို့ ထင်နေတဲ့လူတစ်ချို့......

ခုတော့ဖြစ်ကွယ် ရင်ထဲမှာ...
ကြေကွဲခြင်းနဲ့ အသစ် ပြန်စလို့မရတော့တဲ့
ဒါဏ်ရာအပြည့်နဲ့ နှလုံးသားတစ်စုံ နောင်တတွေနဲ့
ပြည့်နက်နေတဲ့...သံယောဇဉ်တွေ
အများကြီး မဟုတ်ပေမယ့်လည်း
တစ်ခါတစ်လေတော့ ရင်ဘတ်ကြီးနဲ့ကိုခံစားလွမ်းမိပါရဲ့။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
အမြဲတမ်းကျေးဇူးတင်နေမှာပါရှင်----
jasmine




1 comments:

{ Angelhlaing(May everybody be happy and healthy! } at: April 8, 2011 at 4:37 AM said...

အားပေးလျှက်ပါ...
ကောင်းသောနေ့လေးဖြစ်ပါစေ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine