Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အချစ်၏ နောက်ဆက်တွဲ

| Saturday, April 16, 2011
ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးအရာဆိုပြီး
မင်ပေးခဲ့တဲ့ မေတ္တာတရားဟာ
ခုတော့လဲ တန်ဖိုး အနိမ့်ဆုံးဖြစ်နေတာ
မင်းမသိတာလား.....သိရက်နဲ့
အိပ်ချင်ယောင်ဆောင်နေတာလား ။
ချစ်ခြင်းဆိုတာ...ငါ...မင်းကို  ပြော ခဲ့ဖူးပါတယ်....
ရသ အားလုံးကိုဖန်တီးနိုင်စွန်းရှိတယ်ဆိုတာလေ...
အချစ်ကြောင့်.....ပျော်ခဲ့ရတယ်
အချစ်ကြောင့်.....ရူးသွပ်ခဲ့ဖူးတယ်
အချစ်ကြောင့်.....တမ်းတခဲ့ရပြီ
အချစ်ကြောင့်.....လျှို့ဝှက် တတ်လာတယ်
အချစ်ကြောင့်....လွမ်းဆွတ်ခြင်းတွေသိလာရတယ်
အချစ်ကြောင့်.....နာကျင်ခြင်းတွေလဲခံစားတတ်ရတယ်
အချစ်ကြောင့်.....တိတ်တဆိတ် မျက်ရည်တွေကျခဲ့ဖူးတယ်

အဲဒီအချစ်ဆိုတာ.........တစ်ခြားသော
အကြောင်းအရာတွေကိုလဲ...
ဆက်တိုက်ဖန်တီးနိုင်တယ်နော်...
နာကျင်ခဲ့တဲ့ စိတ်ကိုဘယ်သူကုသမှာလဲ
အစိတ်စိတ် အမွှာမွှာဖြစ်ခဲ့တဲ့ နှလုံးသား
ဘယ်သူပြန်ဆက်ပေးမှာလဲ....
အချိန်ဆိုတဲ့ သမားတော်...မင်းရော ဘယ်မှာလဲ..
သံသရာဟိုဖက် ဘယ်သူမြင်နိုင်မလဲ
အဖန်တစ်ရာတိုင်အောင်...ချစ်ကြတာဘဲ
ဘာမဆိုသေချာပလေ့စေနော်...
ဆင်ကမ်းတောတိုး...မတိုးပါနဲ့.....
အကြင်နာတွေ အပြည့်နဲ့ ချစ်ခဲ့တယ်ဆိုတာ
လူတကာကို လိုက်ပြောနေစရာမလိုဘူး
လက်ရှိ အနေအထားက...သက်သေအလားနော်..
မှော်ပညာအတတ်တွေ သင်မထားတာ အမှာလား
မုန်တိုင်းထဲက မကောင်းဆိုးဝါး မျက်လုံးတစ်စုံ
ငါဆက်ကြည့်ဖို့အင်းအား ငါ့မှာ မရှိတော့ပါဘူး ။   ။


ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်.......
jasmine



5 comments:

{ မောင်(စွယ်စုံကျမ်း) } at: April 16, 2011 at 2:10 AM said...

ဒီကဗျာလေးကိုတော့ကြိုက်သွားပြီအချစ်ဆိုတာအဲ့လိုပဲတကယ်မှန်တယ်
ရူးသွတ်ခဲတယ်ဘာမှလည်းမဟုတ်ဘူးတမ်းတခဲ့တယ်ဘာမှလည်မရေရာဘူး
အချစ်ကမကောင်းပါဘူး....ကြိုက်တယ်အမှန်အကန်စာသားလေးတွေမလို့ 

{ အလင်းသစ် } at: April 16, 2011 at 6:45 AM said...

ကောင်းဗျာ။။။
ကဗျာရေးဖွဲ့သွားပုံလေး ကြိုက်တယ်။။။
အားပေးသွားတယ်ဗျာ။။။

{ ရွှေဘုန်း(စေတနာပန်းခင်း) } at: April 16, 2011 at 8:20 AM said...

တန်ဘိုး မဲ့သွားတယ်ဆိုတာကတော့ စပေးကတည်းက မေတ္တာ မစစ်လို့ပါ၊ ဟုတ်ပါတယ်၊ စံပါယ်ရေ၊ စေတနာပန်းခင်းက ဘုန်းဘုန်းပါ၊ အသက်တော့မကြီးသေးပါဘူး။ အးချမ်းပါစေ။ ကဗျာလေး ကောင်းတယ်နော်၊ ဘိုင်။

လွင်ပြင်လှိုင်းငယ် at: April 16, 2011 at 11:56 PM said...

အရမ်းကောင်းပါတယ်

{ yar zar } at: April 17, 2011 at 10:39 AM said...

ကဗျာလေး အားပေးသွားတယ်နော်...

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine