Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

***မောင့်ကိုလွမ်းတဲ့ညလေး***

| Monday, April 25, 2011
မောင့် ကိုလွမ်းခဲ့ဖူးတဲ့

ညလေး


စံပယ်တွေပွင့် ချယ်ရီလွင့်တဲ့


ညလေး


လမ်းမီးတွေေ၀၀ါး...နှင်းကျသံအလား
...တစ်ဖျောက်ဖျောက်

အဲဒီညလေး


ပတ်ဝန်းကျင် မှိုင်းပျပျ


အိမ်အပေါ်ပိုင်းကမြစိမ်းတောင်က မှုံဝါးဝါး


မောင့် ကိုချစ်ခဲ့ဖူးတဲ့ညလေး


မိုးနှင်းတွေကတဖွဲဖွဲ


အေးချမ်းမှုတွေပြိုလဲလို့


သောကလမ်းပေါ်ကအိမ်မက်လေး


ရင်ထဲက သစ်ပင်


ပြိုလဲ


ကြေကွဲ


မခိုင်မမြဲတော့


သစ်ပင်လေးရေ.........


အိမ်မက်ရဲ့.....တနင်္ဂနွေအားလုံး


အပိုင်သိမ်းလိုက်တာလား


သိုးကလေးဟန်ဆောင်ပြီး လာခဲ့တာထင်တယ်


ကြယ်တွေလဲစိတ်ဆိုး.....နေမင်းကြီး
မျက်ရည်ကျ

ငွေစန္ဒာတိမ်တွေဖုန်း.......အို
ကွယ်

လောကရယ်...ဘာမှမရှိတော့ပါလား။



မိမိကိုယ်ပိုင်အချိန်များကိုအသုံးပြုပြီး
ဝင်ရောက်ဖတ်ပေးနေသော
သူငယ်ချင်းအားလုံးကို 
jasmine နှလုံးသားထဲမှထာဝရကျေးဇူးတင်ပါတယ်ရှင်။ 

6 comments:

{ Mc w@i y@n ! } at: April 26, 2011 at 12:24 AM said...

အမရေ တောင်ကြီးက မြစိမ်းတောင် ကအခု တော်တော်လှနေပီ
အသစ်ဆောက်နေတာ လေ အမတို့ အိမ်နဲ့ နီးလို့ လား
အလွှမ်းလေးကိုအားပေးနေမယ်နော်အမ

ခနွဲ at: April 26, 2011 at 4:05 AM said...

လွမ်းတဲ့ညလေးကို ဖတ်သွားတယ်။ ကိုယ်တိုင်လည်း ၀င်ခံစားပြီး လွမ်းသွားတယ်။

{ Angelhlaing(May everybody be happy and healthy! } at: April 26, 2011 at 4:50 AM said...

Jasmine ရေအတူတူလွမ်းသွားတယ်နော်...:)

{ yar zar } at: April 26, 2011 at 1:38 PM said...

ကြယ်တွေလဲစိတ်ဆိုး.....နေမင်းကြီးမျက်ရည်ကျ

ငွေစန္ဒာတိမ်တွေဖုန်း.......အို ကွယ်

လောကရယ်...ဘာမှမရှိတော့ပါလား။

စာသားလေးကို အရမ်းသဘောကျမိပါရဲ့.. အားပေးသွားတယ်နော်..

{ စံပယ်ချို } at: April 26, 2011 at 3:43 PM said...

mc ရေ
အမကတိုက်၆လုံးကပါ..အပေါ်မှာဘုရားဖြူလေ
ပြီးရင်မြစိမ်းတောင်ပေါ့
နွေရာသီဆိုအမြဲရောက်တယ်

{ ချင်းကလေး } at: April 28, 2011 at 11:05 AM said...

လွမ်းတတ်တဲ့ကျနော်ဒီအလွမ်းကဗျာလေးဖတ်ပြီးပိုလွမ်းချင်သွားပြီဗျို့..... ကောင်းပါတယ်မမ.

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine