Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

***အခုသူမရှိတော့ပါ*** (ကိုခြူးသို့) ။ ကိုယ်တိုင်ရေး ရင်တွင်းစာ ။

| Friday, April 8, 2011


လွန်ခဲ့တဲ့နှစ်များစွာက သိပ်ကိုအေးစက်နေတဲ့ ကျွန်မတို့နေတဲ့ တိုက် ၆ လုံး ရဲ့ ဆောင်းညလေးတွေပေါ့............
သူ့လက်ချောင်းတွေများဆို အေးခဲလွန်းလို့ ကွေးလို့တောင် မရနိုင်လောက်အောင် ဖြစ်နေရပါတယ်..ဒါပေမဲ့...တီးနေကျ
ဂီတာ ကိုတော့ကျွမ်းကျင်ပိုင်နိုင်စွာ သူတီးခပ်နိုင်ပါတယ်....တိုက်ရှေ့မှာ လူကြီးတွေလုပ်ထားပေးတဲ့(မြို့ပြင်ကယူထားတဲ့ထင်းရှုးတုံးကြီး)
မီးဖိုရှိလို့ တော်သေးတာပေါ့...တိုက်နားပတ်ဝန်းကျင်က သူငယ်ချင်းအားလုံး မီးဖိုဘေးမှာ....
နှင်းတွေဖုံးလွှမ်းနေတဲ့ ၀န်းကျင်...လမ်းမီးတွေက ၀ိုးတ၀ါး... စည်းချက်ကျကျမြည်အောင် တီးနေတဲ့ သူရဲ့ ဂီတသံဟာ တိတ်ဆိတ်နေတဲ့
ပတ်ဝန်းကျင်ကို လွှမ်းမိုးထားတယ်(တချို့ရက်တွေ ပူစူးလဲပါတယ်).....
သနားကြင်နာတတ်ခြင်း၊ ကိုယ်ချင်းစာနာတတ်ခြင်းတွေ
သူတို့မိသားစုအားလုံးမှာတွေ့ရတတ်တယ်....တခါတလေ .....သူရဲ့အကြည့်တွေဟာ နှလုံးသားကို နက်ရှိုင်းစွာ ထိုးဖောက်စိမ့်ဝင်ပြီး  နွေးထွေးသွားစေခဲ့ပါတယ်..သူရဲ့ အတွင်းစိတ်ကို သိနိုင်ဖို့ဆိုတာဟာ
စကားတွေအများကြီးပြောစရာမလိုပဲ
စိတ်ရဲ့ တံခါးပေါက်ဖြစ်တဲ့ မျက်လုံးများကနေတစ်ဆင့် ကြည့်ရှုတွေ့မြင်နိုင်ကြပါတယ်...ကျွန်မသိခဲ့ရတယ်...ဒါပေမဲ့ မဖြစ်နိုင်တဲ့ ကိစ္စ
တစ်ခုလိုပဲ စိတ်ထဲထားလိုက်ပါတယ်...မိတ်ဆွေ သူငယ်ချင်းများအပေါ် သနားကြင်နာတတ်ခြင်း၊ ကူညီဝေမျှတတ်ခြင်း တွေ သူဆီမှာ
အပြည့်ရှိတယ်....သူငယ်ချင်းအားလုံးကလည်းသူကို လေးစား ချစ်ခင် ကြပါတယ်..ဒီဇင်ဘာကျောင်းပိတ်ရက်တွေ ဒီလိုပဲဖြတ်သန်းခဲ့ပြီး
ကျောင်းတွေ မဖွင့်ခင် ၁..၂..ရက်အလိုမှာ သူကျွန်မကိုပြောပါတယ်...မိဂျက် နင့် အတွက်ငါ သီချင်းတစ်ပုဒ် စပ်နေတယ်ပြီးခါနီးပြီတဲ့။
သူ နဲ့ ကျွန်မ အသက်ချင်းကွာပါတယ်....
သူ့အမကျောင်းဆရာမက ကျွန်မမေမေရဲ့ ကျောင်းနေဖက်....သူအမေက ကျွန်မမေမေ တို့ရဲ့
ဆရာမပါ....ဒီမိသားစုတွေဟာ ကျွန်မ မမွေးခင် အချိန်ကတဲက သိခဲ့ကြတာပါ...    သူ့အမကျောင်းဆရာမကယခု(အငြမ်းစားကျောင်းအုပ်)ပါ။
သူအမေကတော့(ကျွန်မတို့အခေါ်ဖွားဖွား) ဆုံးသွားပါပြီ။ 
သူတို့မိသားစု အားလုံး English စာတော်ကြပါတယ်...
English သီချင်းတွေ တော်တော်များများ သူသင်ခဲ့ပေးပါတယ်။ သူက ကျွန်မကိုကလေးတစ်ယောက်လိုပဲဆက်ဆံပါတယ်....
အဲတာ..ကျွန်မ ထင်မြင်ချက်နဲ့ ပတ်ဝန်းကျင်က ထင်မြင်ချက်ပါ....အခုအချိန်ကျွန်မ စဉ်းစားကြည့်တော့လဲဒီလိုပါပဲ...ဒါပေမဲ့
သူရင်ထဲ ထိဝင်မကြည့်နိုင်ပါဘူး...ကြည့်နိုင်တဲ့ အရည်အချင်းလဲ ကျွန်မဆီမှာ အဲဒီအချိန်က မရှိခဲ့ပါဘူးလေ...
မကြာခင်အချိန်မှာပဲ.. သူသီချင်းခွေ(ခွေကြမ်း)ကိုပေးပါတယ်....သိချင်းနာမည်က ဒီဇင်လာညတစ်ည ပါ...
နောက်ပိုင်းအဲဒီသီချင်းကို ဦးထီးဆိုင် ကိုသူရောင်းလိုက်ပါတယ်...
သူဟာ လေးစားထိုက်တဲ့ အနုပညာဖန်တီးရှင်တစ်ယောက်ပါ...အရင်အချိန်တွေမှာ သူက မြန်မာပြည်မှာနာမည်ကြီးခဲ့တဲ့
ဦးထီးဆိုင်တို့အဖွဲ့ရဲ့ Bass တီးခဲ့တဲ့ စောဂျက်ဆင်ပါပဲ။ သူအိမ်နာမည်ကတော့ ကိုခြူးပါ...ကျောင်းမှာတော့
ဂျက်ဆင်သန်းဖေ ဖြစ်ပြီး တီးဝိုင်းမှာတော့ စောဂျက်ဆင်ပါ။။။။။  ဒါပေမဲ့ ကရင်မဟုတ်ဘူး....မြန်မာ ခရစ်ယာန် ဘာသာဝင်ဖြစ်ပါတယ်။။။
ခွေ အသစ်ထွက်တော့လည်း...သေချာ စာရေး...လက်မှတ်ထိုးပြီး ကျွန်မ အတွက် လာပေးပါသေးတယ်..
ကြုံရင် အဲဒီသီချင်းလေးကိုနားထောင်ကြည့်ပါနော်...  .ကိုခြူး က jasmine ကိုပေးခဲ့တဲ့ ဒီဇင်ဘာညတစ်ည ပါ။။။
သီချင်းက အရမ်းကိုကောင်းပါတယ်...သူခံစားချက် အပြည်နဲ့ ရေးထားလို့လား မသိပါဘူး....ဦးထီးဆိုင် ကလည်း အရမ်းကို
အဆိုကောင်းခဲ့ပါတယ်.....     ခုတော့ သူမရှိတော့ပါ.... ကျွန်မ နိုင်ငံခြားမှာရှိနေချိန်မှာ သူကွယ်လွန်ခဲ့ပါပြီ။
ဒါပေမဲ့ သူရေးခဲ့တဲ့  ဒီဇင်ဘာညတစ်ည  ကတော့ ရှင်သန်ဆဲပါ.....ဦးထီးဆိုင်လည်း ကွယ်လွန်ခဲ့ ပါပြီ... တေးသံလေးတွေ ကတော့
အမြဲတမ်း သေဆုံးခြင်းဆိုတာ မရှိပါဘူး...သာယာသော တေးသံ တေးသွား လေးတွေကတော့ လေ လှိုင်းကတဆင့် အမြဲ ပြန့်လွန့်နေမှာပါ။။။။။။။။။( ကိုခြူးသို့ အမှတ်တရ )

(ပူစူးဆိုတာ တချိန်ကနာမည်ကြီးခဲ့သော အဆိုတော် ဂရေဟမ် ပါပဲရှင်)
ငယ်သူငယ်ချင်း အိမ်နားနီးချင်း တစ်ယောက်အကြောင်းအဖြစ်ကျွန်မအားတဲ့အချိန်ကို ပူစူး နဲ့ ကျွန်မ တို့ရဲ့ငယ်ဘ၀ များကို
ရေးသားမှာပါ/


ဤဘလော့ရှိစာများ တစ်စုံတစ်ခု မှားယွင်းခဲ့သည်ရှိသော် ကျွန်မ၏ တာဝန်သာဖြစ်ပါသည်။
ဝင်ရောက် ဖတ်ပေးသော သူငယ်ချင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်...

စာဖတ်သူ အားလုံး အစဉ်လေးစားနေတဲ့   jasmine
 

2 comments:

Anonymous at: April 9, 2011 at 6:32 AM said...

စိတ်ဝင်စားစရာကောင်းပါတယ်မုန်လာထုပ်ရယ်
ခင်ညားကရှေမီနောက်မီလူကြီးပေါ့နော်
တားတားမှားတာ၇ှိခွင့်လွတ်နော်
Sunway လာဖြစ်မှဒူးနဲ့ နဖူးနဲ့ တိုက်..အဲ..မှားလို့ ..
ကိုကာကိုလာတိုက်မယ်လို့ ..နော်မုန်လာထုပ်

{ ချင်းကလေး } at: April 13, 2011 at 11:24 AM said...

လက်စသတ်တော့ကိုဂရေဟမ်ရဲ့ငယ်နာမည်က ပူစူးဖြစ်နေတာကိုး.. မထင်မှတ်ပဲသိလိုက်ရတာမို့ ကျေးဇူးပါမမ.

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine