Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

***ရင္ဘတ္ထဲက ကပုိကရုိ***

| Wednesday, April 27, 2011
ကျိုးနေတဲ့မြား ထမ်းထားရတာ
ပခုံးညောင်းပါတယ်။

ဘုရားသခင်ဖန်ဆင်းထားပေးတဲ့
လူသားအားလုံးရင်ထဲကမေတ္တာတရား
မင်းရဲ့ရင်ဘတ်ထဲမှာကတော့
ဥပေက္ခာ......

သူများဖိနပ်ကိုယူစီးပြီး
သူများဖောက်တဲ့လမ်း  လျှောက်တဲ့ထဲ
ငါမပါခဲ့ဘူး
သူများထားခဲ့တဲ့ ကြေမွနှလုံးသား
အသစ်အဖြစ်လဲ ငါမသုံးချင်ပါဘူး။

မကောင်းဆိုးဝါးတွေပေးတဲ့
စိတ်ကူးယဉ် အိမ်မက်ရှည်လဲ
မ မက်ချင်ပါဘူး။

လိပ်ပြာတွေ ပန်းရနံ့ ရှူရင်းသေတယ်တဲ့
ပိုးဖလန်က မီးကိုတိုးပြီးဘ၀ကူးတာတဲ့......
ငါရဲ့ဘယ်ဖက်ရင်ဘတ်ထဲက နှလုံးသား
ဘာကြောင့် အသက်ရှူရပ်ခဲ့တာလဲ
ဘယ်သူကြောင့်လဲ....အဖြေမသိပေမယ့်
ရင်ဘတ်ကညှိနေတာခက်တယ်။

ခုတော့ ငါ့ရဲ့အကြင်နာတရားတွေ
ကပိုကရို နဲ့ အရှင်လတ်လတ်ကြီး
သေဆုံးရတော့မှာပါလား။


ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးနှင့်
မအားလပ်ပါသဖြင့် မဖတ်နိုင်သော
သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
jasmine


3 comments:

{ Angelhlaing(May everybody be happy and healthy! } at: April 27, 2011 at 2:21 AM said...

သူများထားခဲ့တဲ့ ကြေမွနှလုံးသား
အသစ်အဖြစ်လဲ ငါမသုံးချင်ပါဘူး။
ခက်တော့ခက်ပါတယ်
..Jasmine ရေ...ဒါပေမယ့်လည်း
ကိုယ်တိုင်ကလဲ ကြေမွနေသူဆိုရင် ....:):)
ခံစားအားပေးလျှက်...
ကောင်းသောနေ့လေးဖြစ်ပါစေ။

{ စံပယ်ချို } at: April 28, 2011 at 11:48 PM said...

ကိုယ်ကမကြေမွလို့ပါ။
၁၀၀%ပြည့်လေ
အပြည့်ပေးပြီးအပြည့်ပဲလိုချင်လို့ပါ။

{ natthamee } at: May 10, 2011 at 10:02 AM said...

မမရေ
ကဗျာလေးကကောင်းလိုက်တာ
ရင်ထဲကိုထိသွားတာပဲ...
အားလုံးကောင်းတယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine