Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

***အသဲကွဲခြင်း***

| Thursday, April 28, 2011
ဘာကြောင့်မှလဲမဟုတ်
ဘာအတွက်မှလဲမဟုတ်ခဲ့ပါ
ချစ်ခြင်းတစ်ခုကိုကျမ်းပြုလို့ရပါသလား
အချစ်ကို....ချစ်လို့....ချစ်ခဲ့တာပါ
ပန်းပွင့်လေးတစ်ပွင့်ကိုမြတ်နိုးမိသလိုပါပဲရှင်။
ဒါပေမယ့်အိမ်မက်တွေကအလှဲလှဲအပြိုပြို
အတွေးတွေစုစည်းမရ
ပြိုပျက်နေတဲ့အိမ်မက်ထဲအယောင်ယောင်အမှားမှားနဲ့
....ပန်းပြောက်တဲ့လိပ်ပြာတစ်ကောင်လို
စမ်းတ၀ါးဝါး....အနာဂတ်ခြေလှမ်းများမင်းကြောင့်
တွေဝေ.....ပြိုလှဲ...

 စီမံတွက်ချက်ပြီး စနစ်တကျမင်းဝင်လာတဲ့
နှလုံးသားလမ်းကြောင်း
အချစ်သူရဲကောင်းတစ်ယောက်လိုငါက
ဆီးကြို.....နှလုံးထဲအကြင်နာနဲ့သစ္စာတရား
အပြည့်အသိပ်ထည့်....ခေါင်းငုံ...မင်းရှေ့ရောက်ခဲ့တာပါ။

ခုတော့...ကောင်းကင်တစ်ခွင်ညိုမဲ
တိမ်တွေအရောင်မွဲ.....ပတ်ဝန်းကျင်ကသစ်ခြောက်ပင်
အရိုးပြိုင်းပြိုင်း.......ငါ့နှခုံးသားဟက်တက်ကွဲ။   ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
အစဉ်လေးစားကျေးဇူးတင်နေတဲ့ jasmine







6 comments:

{ ချင်းကလေး } at: April 28, 2011 at 10:56 AM said...

သူ့ကြောင့်နဲ့တော့အနာဂတ်ခြေလှမ်းတွေ မတွေဝေလိုက်ပါနဲ့ဗျာ..
.. မမဂျပ်စ်မင်းရေးထားတာဖတ်ပြီးကျနော်တောင်တွေဝေချင်လာပြီ.

{ Angelhlaing(May everybody be happy and healthy! } at: April 28, 2011 at 11:43 PM said...

Jasmine ရေကဗျာလေး ခံစားအားပေးသွားတယ်နော်..
ကောင်းသောနေ့လေးဖြစ်ပါစေ။

{ စံပယ်ချို } at: April 28, 2011 at 11:43 PM said...

ဟားဟား...ကဗျာရေးတာပါမောင်ချင်းရေ
ဘ၀မှာဘာမှမတွေဝေပါနဲ့အရှုံးနဲ့ရင်ဆိုင်ရတတ်တယ်
လုပ်ကြည့်ပါဒါမှရလဒ်ကိုသိရမယ်လေ။

{ ချင်းကလေး } at: April 29, 2011 at 10:35 AM said...

အသက်ပါတယ်နော်မမရေးတာက.ဖတ်လို့ကောင်းအောင်ဘယ်လိုများရေးတာပါလိမ့်....::P လာရောက်လေ့လာနေတုန်းပါပဲဗျာ.. နောက်ဒီထက်ကောင်းအောင်ရေးပေးပါအုံးနော်..... ကျေးဇူးတင်ပါတယ်.

Anonymous at: April 30, 2011 at 3:34 AM said...

အောက်ဆုံးနားလေးမှာ စာလုံးပေါင်းမှားနေလားလို့
တအားခံစားရလို့ နှလုံးသားမရှိတော့ပဲ နှခုံးသားဖြစ်သွားတယ်ထင်တယ်း)
(jasmine တစ်ယောက်ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်)

{ natthamee } at: May 11, 2011 at 1:05 AM said...

မမနဲ့အတူခံစားပါတယ်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine