Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

***အချစ်*** (ရောက်တတ်ရာရာ) အပိုင်း ၃

| Sunday, April 3, 2011
အရှုံးပေးပါပြီ အကြိမ်ကြိမ်ပြောခဲ့ပြီးတာလဲ
ကြိုးဝိုင်းထဲ ငါ့ကိုခေါ်ခဲ့တယ်။

ခေတ်နဲ့စနစ်ကလဲ အတုအယောင်ပေါများတော့
ဒီခေတ်ထဲကမင်း ဒီစနစ်ထဲမင်း...
ဘယ်မှာအစစ်ဆိုတာရှိနိုင်ပါ့မလဲ။

သစ္စာတရားဆိုတာကို ကမ္ဘာဦးက ဒိုင်နိုဆော တစ်ကောင်လို
ပိုက်ဆံပေးပြီး ရှေးဟောင်းပြတိုက်ထဲ ၀င်ကြည့်ရတော့မယ်။

ဖုံတသောသော......သစ်ရွက်ခြောက်တွေကအပြည့်
ပင်အို ပင်ပျို အားလုံး အရွက်တို့က ၀ါကျင်ကျင်
ပတ်ဝန်းကျင် အနေအထား မစိမ်းမလန်း....
အဲတာ မင်းမရှိတဲ့ အရပ်ပဲလေ  

ကျန်နေတဲ့ ရင်ဘတ်တစ်ခြမ်းနဲ့
မင်းမရှိတဲ့ အရပ်မှာ...
ငါ့ရဲ့အနာဂတ်.... ဘယ်လိုလှမ်းမလဲ

မင်းကြေင့်သေဆုံးသွားသော မျော်လင့်ချက် တစ်ဝက်
မင်းကြေင့်ပျက်စည်းသွားသော အနာဂါတ်ရဲ့အောင်မြင်မှုလမ်း တစ်ပိုင်းတစ်ပြတ်
 လမ်းခုလပ်မှာပဲ...မင်းကထားခဲ့ပြီလေ.. 

အနာဂါတ်ရဲ့ ကံကြမ္မာ ကိုပြောင်းဖို့ အတွက်
ကိုယ့်ကို ကိုယ်အရင်ပြောင်းရတော့မယ်.................ဒါကြောင့်
မင်းကို....ငါ....မေ့ရပါမယ်...

စာဖတ်သူများအားလုံးရဲ့ထာဝရ
jasmine

1 comments:

{ Unknown } at: February 20, 2012 at 9:02 AM said...

အင်... မေ့ပါနဲ့ မမကလည်း .. ဆက်ချစ်နေလိုက်နော်.. :D

ခင်မင်လျက်
Junemoe

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine