Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

မေမေများသို့...............................

| Sunday, May 15, 2011
မေမေ
နေ့ရက်များစွာ ဒုက္ခဆင်းရဲ
ရှောင်ရှားရတဲ့ အစားအသောက်
ဆင်ခြင်ရတဲ့ အနေအထိုင်
ယုယ ဂရုစိုက်ရတဲ့ ဒီကိုယ်ဝန်ကြီးနဲ့
ဘ၀ကို သတ္တိရှိရှိ ပြုံးပြုံးလေး
လျှောက်လှမ်းခဲ့တယ်နော်........

မရဏမင်းစစ်ခင်းရတဲ့အချိန်
နှိုင်းဆမရတဲ့ နာကျင်မှု ဝေဒနာ
ပြောပြလို့မရတဲ့ ပင်ပန်းမှုဒဏ်တွေကို
လူ့လောကထဲကို ပထမဆုံးရောက်ရှိလာတဲ့
သမီးရဲ့ ငိုသံချိုချိုလေးနဲ့
(မေမေ့ရင်မှာ ထိုငိုသံသည်ချိုနေပါလိမ့်မည်)
ရင်ဆိုင်ရတဲ့ ဝေဒနာအားလုံးကို လွင့်ပျောက်နိုင်ခဲ့တယ်တဲ့လား အာလုံးသောရဲ့မေမေရယ်.......

ကလေးဘ၀က ညရေညတာ အိပ်မရတာလဲ
တခါလေးမှ အိပ်ရေးပျက်လိုက်တာ
ညီးညူမှာမဟုတ်တာ အားလုံးသောရဲ့မေမေပါ
ငိုသံ ယိုသံ အော်သံ ဟစ်သံ ချွဲသံ
နားမခံသာတဲ့ အသံပေါင်းစုံကလဲ
မေမေတို့အတွက် အနှိုင်းမဲ့ ဂီတတေးသွားတဲ့လား အားလုံးသောမေမေရယ်.........

မေမေတို့ရဲ့နို့ရည်ချိုချိုကို တိုက်ကျွေးပြီးတော့လဲ
လောကအလည်မှာ တင့်တောင်းတင့်တယ်
မျက်နှာမငယ်ရရေး ပညာနို့ချိုကိုတိုက်ဖို့အရေးထူးချွန်ထက်မြက်
လူတကာအထက်မှာနေဖို့အရေး
ကျောင်တော်ဆီသို့ ချော့မော့ခြောက်လှန့်ပြီးပေးပို့ခဲ့တာလဲ
ကျွန်မတို့ရဲ့ လက်ဦးဆရာ မေမေတို့ပါ.............

ပညာစုံလို့ လောကအလည် သူများတကာ
သားသမီးတွေထက် အ၇ာရာသာလို့
ခေါင်းမော့နေရင် ပိတိဖြာနေတတ်တဲ့
ကျွန်မတို့ရဲ့ မေမေအပြုံး ကမ္ဘာသုန်းတောင်
တုနှိုင်းမရတဲ့ အနှိုင်းမဲ့အပြုံးပါ မေမေတို့ရာ.....................

အချိန်တန်လို့ တနေရာ တရပ်အဝေးသို့ထွက်ခွာ
သားသမီးဆီက စာတိုပေစ တလတခါရလျှင်ပင်
ဒေါ်လာသန်းချီရသည်ထက်ပင် ကြည်နူးကြတာ
သမီးတို့ရဲ့ အနှိုင်းမဲ့ မေတ္တာရှင် မေမေတို့ပင်..................

ဘယ်အရပ်ဘယ်ဆီ ဘယ်နေရာ ဘယ်ရောက်ရောက်
ဆင်းရဲလဲတ ချမ်းသာလဲတ ပျော်ရွှင်လဲတ ငိုကြွေးလဲတ
အမြဲထာဝရ သမီးရင်မှာ ပြောနေတာက
အရမ်းချစ်တယ်မေမေရယ်.........
(အရမ်းချစ်တယ်မေမေတို့ရယ်)

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
အမြဲလေးစားပြီးကျေးဇူးတင်နေတဲ့
jasmine

9 comments:

Anonymous at: May 15, 2011 at 9:25 AM said...

အမေကဗျာလေးလာရောက်ခံစားသွားပါတယ်ဗျာ

{ natthamee } at: May 15, 2011 at 12:13 PM said...

ဖတ်ပြီးတော့မေမေက်ုလွမ်းသွားတယ်

{ တောက်ပကြယ်စင် } at: May 15, 2011 at 6:37 PM said...

အတိုင်းအဆမရှိတဲ့ မေမေတို့ရဲ့ မေတ္တာတွေပါလား...ကျန်းမာပျော်ရွှင်ပါစေ...

{ Unknown } at: May 15, 2011 at 6:42 PM said...

အမေ ကိုလွမ်းလိုက်တာနော်.....

{ အတူး } at: May 16, 2011 at 2:03 AM said...

ငိုသံ ယိုသံ အော်သံ ဟစ်သံ ချွဲသံ
နားမခံသာတဲ့ အသံပေါင်းစုံကလဲ
မေမေတို့အတွက် အနှိုင်းမဲ့ ဂီတတေးသွားတဲ့လား အားလုံးသောမေမေရယ်.........
______________________________________
. Nice .

{ Yar Zar } at: May 16, 2011 at 3:23 AM said...

အရမ်းကောင်းတဲ့ ကဗျာလေးပါလား.. ခံစားချက်ကြောင့် ထွက်လာတဲ့ ကဗျာမို့ထင်ပါ့.. အရင်က ကဗျာတွေ ထက်တောင် ကောင်းနေသေး
တယ်.. အဲဒါကြောင့် သုံးခါတောင်ဖတ်သွားတယ်..

{ စံပယ်ချို } at: May 16, 2011 at 3:49 AM said...

ရာဇာကဟင်းချက်ကောင်းသလို
ကော်မက်ရေးလဲကောင်းတာပဲ

{ Chinlay } at: May 16, 2011 at 5:07 AM said...

အရမ်းချစ်တယ်မေမေရယ် ဆိုတာလေးကို လိုက်ဆိုနေမိတယ်ဗျာ. အရမ်းချစ်တယ်မေမေရယ်.၁၀၀၀၀၀၀၀

{ အဂပေ..အချစ်... } at: May 18, 2011 at 2:44 PM said...

သမီးဘဲမပြောနဲ့သားသားကလဲရမ်းကိုချစ်ဘာတယ်
သင်၏အသက်တာရှေမည့်အကြောင်းသင်၏မိဘကိုရိုသေစွာပြုလော့တဲ
honor your father and your mother ..

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine