Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

***ဝေးလွင့်သွားသောချစ်ခြင်းတရား***

| Thursday, June 2, 2011
စိတ်ထဲစွဲနေတာ
မမြဲသောချစ်ခြင်းတရားများ
အားလုံး......အားလုံး အပြစ်တွေဖြစ်ရပြီနော်။
တိမ်လိုလို၊  မြူလိုလို
လေနှင်ရာ ပါခဲ့လေပြီ၊
အချစ်နဲ့ဘ၀၊..... ဘ၀နဲ့အချစ်
အတွေးထဲမှာ၊ ရွှေးမရပါ
လာသမျှမေးခွန်းထဲက
အခက်ဆုံး တစ်ခုဖြစ်နေပြီ။

ပြင်းထန်မှုသိပ်မရှိတဲ့
မေတ္တာအရင်းခံထားပြီး
အလိုတူစွာနဲ့ပဲ အတင်း ၀င်ရောက်ခဲ့တာ.....ငါပါ။
တားဆီးလို့ မရတဲ့ ကံကြမ္မာ
အလွဲ အမှားတွေကြောင့်လို့
နောက်လှည့်ကြည့်စရာမလိုအောင်
ကြောက်နေမိပေမယ့်လဲ
မင်းရှိရာ အရပ်ကိုတန်းတန်းမတ်မတ်ကြီးကြည့်နေမိပြီ။

အဲဒီလိုနဲ့ နှလုံးသားတံခါးတွေ ပိတ်ပြီး
အထီးကျန်ဆန်ဆန် တိတ်တဆိတ်
ပုံးကွယ်နေမိပြီ။
ဝေဒနာ ဖုန်မှုန့်များ ရင်ဘတ်ထဲကို
ဝင်လိုက် ထွက်လိုက်နဲ့
ကြိုးညှိ မထားတဲ့ ဂီတာတစ်လက်
သံစဉ်လို ဆူဆူညံညံနဲ့
စီစဉ်မကျ ဖြစ်နေခဲ့ပြီ။
သုတ်ပေးသူမရှိတဲ့မျက်ရည်တွေဟာ
ရှည်လျှားသောညတာနဲ့ အတူ
အိပ်ယာပြင်မှာ စိုထိမ်းနေခဲ့ပြီ။
ချစ်ခြင်းတရားဝေးလွင့်တဲ့ခါ
လေးလံနေတဲ့ခြေလှမ်းများလဲ
ဦးတည်ရာမဲ့ခဲ့ရပြီကွယ်။
ချစ်သူ မီးအိမ်ခမျာ မီးဇာကုန် ဆီခန်း
နှလုံးသားလဲ နွမ်းကြေ
အပြုံးပန်းလဲမလှ
သို့ပေမယ့်လဲ ရင်ထဲမှာ တသသ ရှိနေဆဲပါ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးတင်လျှက် jasmine

16 comments:

Anonymous at: June 2, 2011 at 3:57 AM said...

နတ်သမီးလေး
မမရေ...ကဗျာသစ်လေးကိုအရင်ဆုံးဖတ်လိုက်ပါပြီ...
ကွန့်မက်တွေအဆင်ပြေပြီလား။

Anonymous at: June 2, 2011 at 4:47 AM said...

nyi nyi
အဆင်ပြေရဲ့လား
ကဗျာတွေကတော့အားလုံးအလန်းဇယားတွေနော်

{ စံပယ်ချို } at: June 2, 2011 at 4:50 AM said...

သူငယ်ချင်းအားလုံးသို့
ကွန့်မက်ပေးလို့ရပါပြီ
google ကသွားလဲရပါတယ်
ကေျးဇူးတင်စွာဖြင့် jasmine

{ KMC@ချင်းလေး } at: June 2, 2011 at 5:02 AM said...

မျက်ရည်သုတ်ပေးမယ့်သူမရှိသေးဘူးလားမမ... ဒါဆိုလည်းမျက်ရည်တွေမကျစေနဲ့ပေါ့ဗျာ... ခွီးးးးး.. စတာနော်.

lintan at: June 2, 2011 at 5:30 AM said...

ဝဲရီးဂွက် တယ်

မောင် at: June 2, 2011 at 6:56 AM said...

ဟေ့ပေးရအုံးမလား ကွန်မန့် နောဟဟ

{ လရိပ်အိမ် } at: June 2, 2011 at 7:51 AM said...

အချစ်ဟာခွန်အားဘဲပေါ့

{ မင်းဧရာ } at: June 2, 2011 at 7:53 AM said...

မီးဇာကုန် ဆီခန်း
နှလုံး သားလည်း
နွမ်ကြွေ.....
အပြုံး ပန်းလည်း မလှ
သို့ ပေမယ့် လည်း
ရင်ထဲမှာ တသသ ရှိနေဆဲပါ။

ရင်ကို နင့်သွားစေတဲ့ စာသားလေးပါ။

nyi nyi at: June 2, 2011 at 9:54 AM said...

ပုံးကွယ်နေမိပြီ။
ဝေဒနာ ဖုန်မှုန့်များ ရင်ဘတ်ထဲကို
ဝင်လိုက် ထွက်လိုက်နဲ့
ကြိုးညှိ မထားတဲ့ ဂီတာတစ်လက်ကို
သံစဉ်လို ဆူဆူညံညံနဲ့
စီစဉ်မကျ ဖြစ်နေခဲ့ပြီ။
သုတ်ပေးသူမရှိတဲ့မျက်ရည်တွေဟာ
ရှည်လျှားသောညတာနဲ့ အတူ
အိပ်ယာပြင်မှာ စိုထိမ်းနေခဲ့ပြီ။
ဒီစာသားလေးတွေကြောင့်ကဗျာတွေအဲဗားလန်းနေတာနော်။

လ၀န်းလေး at: June 2, 2011 at 10:04 AM said...

တစ်ကယ်ပဲသုတ်ပေးသူမရှိတာလားဟင်
ညာနေတာပါ

{ Angelhlaing(May everybody be happy and healthy! } at: June 2, 2011 at 11:02 AM said...

မမရေ ကဗျာလေး ခံစားအားပေး သွားတယ်မမ ရေ..
ကောင်းသောနေ့ရက်လေး ဖြစ်ပါစေမမ...:):)

{ Han Kyi } at: June 2, 2011 at 12:33 PM said...

ပထမတစ်ခေါက်ဖတ်တယ်...အားမရဘူး...နောက်တစ်ခေါက်ထပ်ဖတ်တယ်...မျက်စိမှိတ်ပြီးစဉ်းစားတယ်...ရင်ထဲမှာတစ်ခုခုရလိုက်သလို...

ဒါပေမယ့် “စိုထိမ်း”အစား“စိုထိုင်း”၊ “ပုံးကွယ်”အစား“ပုန်းကွယ်”လို့များပြင်လိုက်ရင် ရင်ထဲကို ပိုရောက်မယ်ထင်ပါရဲ့။ အဲဒီနေရာလေးတွေမှာ ခံစားချက်က ဘေးထွက်ထွက်သွားလွန်းလို့...

{ ပုသိမ်သားလေးဖြိုးဝေ } at: June 3, 2011 at 8:04 AM said...

အမရေကဗျာလေးကကျွှန်တော်ဘ၀လိုဖြစ်နေပီ
ကျွှန်တော်ရဲ့ ကိုရေးကိုတာပြသနာလေးတွေကြောင့်အမဆီကိုမရောက်
ဖြစ်တာကြာသွားတာ စိတ်ထဲမှာနာကျဉ်းလွန်းလို့ ဘာမှကိုမလုပ်ချင်တော့ပါဘူး

{ nyalayphyu } at: June 3, 2011 at 12:10 PM said...

တော်တော်ေ၇းနိုင်တာပဲနော်..ကဗျာလေးတွေအသတ်ဝင်အောင်

Anonymous at: June 3, 2011 at 12:25 PM said...

တော်တော်လေးေ၇းနိုင်တယ်နော်..အသတ်ဝင်အောင်

{ ပဥာက် } at: June 3, 2011 at 12:27 PM said...

တော်တော်ေ၇းနိုင်တာပဲနော်..ကဗျာလေးတွေအသတ်ဝင်အောင်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine