Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ပေါက်ကရ ယောင်တိယောင်ချာ ***အလွမ်း*** ၂

| Tuesday, June 14, 2011
ချစ်သူဆီက ဘာတွေရယူခဲ့သလဲ
သူ့ထံကို ဘာတွေပေးထားခဲ့သလဲ
မင်းလေးစဉ်းစားခဲ့ဖူးပါသလား.......???

မေးပါရစေတော့...
ကွဲအက်ပြီး တေ့ဆက် ဆက်ထားတဲ့
နှလုံးသားဆီကို....အပြုံးတွေသုံးပြီး
မင်းအရောက်လာနိုင်ပါသလား.....???

အကြိမ်ပေါင်းများစွာတက်ခဲ့ရတဲ့
ဆေးရုံ.....ဒီနှလုံးသား
အကောင်းတိုင်းတော့ ...မဖြစ်နိုင်ပါဘူး
အပြစ်မမြင်တဲ့ အချစ်တွေကပဲ
ခြေစုံပြစ်ပြီး ယုံမိတာပါ
ကြေကွဲခြင်းတွေတော့မယူချင်ပါဘူး...ချစ်သူရေ
ဒါမေမဲ့လဲ....
မင်းလေးပေးတာ...ဥပေက္ခာတွေ...သမုဒ္ဒရာ မက
ပြန်ယူပါလား...???

လမ်းကြောင်း တွေကကျဉ်း
စိတ်ကူးတွေ သေးသိမ်
ခြေလှမ်းတွေ ယိုင်နဲ့နဲ့
မနက်ဖြန်....ဘာဖြစ်မှာလဲ
အဖြေမသိပေမဲ့.....ရင်ထဲလဲဘာမှမရှိတော့ပါလား။    ။    ။


jasmine

8 comments:

နတ်သမီး at: June 15, 2011 at 12:02 AM said...

မရေ
အရင်ဆုံးဖတ်လိုက်ပါပြီနော်...
တစ်ကယ်ရင်ထဲဘာမှမရှိတော့ဘူးလား
မောင်ရော...ဘယ်မှာထားလဲ...

လ၀န်းလေး at: June 15, 2011 at 12:07 AM said...

နတ်နတ်မေးတဲ့အတိုင်းပဲမေးပါရစေတော့နော်
အသည်းလေးလို့ခေါ်နေတဲ့ မောင်ရော....

{ ပုသိမ်သားလေးဖြိုးဝေ } at: June 15, 2011 at 4:27 AM said...

သူဆီကကျနော်ရခဲ့ တယ်ဟန်ဆောင်ကောင်းခဲ့ တဲ့ အပြုးတွေကျနော်ပြန်ပေးလိုက်ရတာတော့ဘ၀တခုပဲအမရေ....
ကြုံတုံးလေးရင်လာဖွင့်လိုက်တာ

{ Angelhlaing(May everybody be happy and healthy! } at: June 15, 2011 at 7:04 AM said...

လမ်းကြောင်း တွေကကျဉ်း
စိတ်ကူးတွေ သေးသိမ်
ခြေလှမ်းတွေ ယိုင်နဲ့နဲ့
မနက်ဖြန်....ဘာဖြစ်မှာလဲ
အဖြေမသိပေမဲ့.....ရင်ထဲလဲဘာမှမရှိတော့ပါလား။
မမရေ ခံစားအားပေးလျှက်...
အရှုပ်တွေလုပ်နေလို့ ခုမှပဲ ရောက်တယ်...:):)

{ SHWE ZIN U } at: June 15, 2011 at 9:24 AM said...

ညီမ ရေ

ကဗျာလေး ဖတ်သွားတယ်နော်

{ ဘသားချော } at: June 15, 2011 at 11:11 AM said...

ဒေါ်လေးရေ ကျွန်တော်ရောက်ခဲ့ပါတယ်.. အမြဲတန်း မပျက်မကွက်လာလည်တတ်တဲ့ ဒေါ်လေးကို ကျေးဇူးတင်ပါတယ်ဗျာ.. ကျွန်တော့်ရဲ့ ဧည့်ဝတ်မကျေတာတွေ အတွက်လည်း စိတ်မဆိုးဖို့ တောင်းပန်ခဲ့ပါတယ်ဗျို့.. ပျော်ရွှင်ချမ်းမြေ့ပါစေဒေါ်လေး

{ လရိပ်အိမ် } at: June 16, 2011 at 1:10 AM said...

သူ့ဆီကတော့ ဘာမှမရခဲ့ပါဘူး။
ကိုယ်ကချင်းဘဲပေးဆပ်နေရသူပါ။

{ စံပယ်ချို } at: June 16, 2011 at 3:35 AM said...

ချစ်သူဆီကိုမျော်လင့်ပြီးချစ်တာမကောင်းဘူးလေ
မေတ္တာသန့်သန့်ပဲမျော်လင့်တာကောင်းတယ်
ကိုယ်ကဘာမှမရပေမဲ့ဝမ်းမနဲပါနဲ့
ပေးနိုင်သလောက်ပေးလိုက်ပါ။ ။
ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုကျွန်မအမြဲ
ကျေးဇူးတင်နေမှာပါရှင်.....
အကြံပေးချက်များကိုလဲအလေးထားပါတယ်ရှင်။
ဝေဖန်မှုတွေကိုလဲဖိတ်ခေါ်ပါတယ်ရှင်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine