Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

***လွမ်းခဲ့ဖူးပါတယ်***

| Sunday, June 19, 2011
ငါနိုင်ငံခြားကို ထွက်သွားတော့မယ် ပြောခဲ့တဲ့ အချိန်က နင့်ဆီက အံ့သြစရာကောင်းတဲ့ အပြုံး တစ်ခုတော့ တွေ့လိုက်ရတယ်
အချိန်ခဏတာအတွင်း တိတ်ဆိတ်သွားခဲ့ပြီး "နင်ကငါ့ကို အသိလာပေးတာပဲ..တိုင်ပင်တာမှ မဟုတ်တာ ဒီအတွက် ငါကလဲ ဘာမှပြောစရာ မရှိဘူးလေ" ခုနက အပြုံးကတော့ရှိနေဆဲပါပဲ....ငါကလဲ ပြန်ပြီးတော့ ပြုံးပြ ခဲ့ပါတယ်၊
ဒါပေမယ့် ငါ့အပြုံးထဲမှာ ဘာမှမပါတာ ငါအသိဆုံးပဲ။(ပြုံးပြသူကို အားနားပြီးပြန်ပြုံးပြရသော အပြုံး)
သံယောဇဉ်....ကြင်နာရိပ်....တမ်းတ...လွမ်းရ....တာတွေအားလုံးဘာမှမရှိဘူးလေ...
ချစ်သူတွေမှ မဟုတ်တာ. သို့ပေသော်လဲ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအားလုံးက တို့ ၂ ယောက်ကိုချစ်သူတွေလို့ သတ်မှတ်ထားကြတယ်။  ကျူရှင် တူတူသွားတယ် ကော်ဖီ တူတူသောက်တယ် ရှမ်းခေါက်ဆွဲ တူတူစားခဲ့ဖူးတယ်။
ဒါတွေက ချစ်သူတွေပဲလုပ်ရမယ်လို့ နိုင်ငံတကာ ဥပဒေရှိခဲ့လို့လား။
ဥပဒေရှိမှ စည်းတွေရှိမှာလေ....ခုတော့ဘာစည်းမှ မရှိဘူးပေါ့။   နင့်ကိုလဲ ချီးကျူးတယ်...ကိုယ့်ကိုကိုယ်လဲ ချီးကျူးတယ်
ဒီအသက် ဒီအရွယ် နှစ်ပေါင်းများစွာ ဖြူစင်နေခဲ့လို့ပါ၊ တစ်ဦးတည်းသော သမီးနဲ့ တစ်ဦးတည်းသော သား ဖြစ်ခဲ့ကြတာပဲ
ဘာတာဝန်မှမရှိခဲ့သလို မိဘတွေကလဲ ဘာတာဝန်မှ မပေးခဲ့ပါ. ပညာကိုသာကောင်းစွာသင်ခဲ့ရတာ
တို့ ၂ ယောက်ရဲ့ ဘုရားပေးသော ကံကောင်းခြင်းတစ်ခုပါပဲလေ။ ငါနိုင်ငံခြားကို ထွက်လာပြီး နင်လဲကျောင်းဆက်မတက်တော့ဘူး..
ကိုယ်ပိုင်စီးပွါးရေးလုပ်တယ်လို့ကြားရတယ် ၊  ငါနိုင်ငံခြားမှာ ၆ နှစ်လောက်ကြာပြီး တစ်ခါပြန်ရောက်တော့
ချက်ချင်းလာတွေ့တာ နင်ပါပဲ ၊ ပြီးတော့ ကော်ဖီတူတူ သွားသောက်ဖြစ်တယ်....
                    "တစ်ယောက်တည်းလား"   မထင်မှတ်တဲ့အချိန် အံ့သြဖို့ကောင်းတဲ့မေးခွန်း ငါ့ရင်ဘတ်ထဲမှာ တစ်မျိုးကြီးတော့ ဖြစ်သွားခဲ့တယ်
တစ်ကယ်ကိုမှ တစ်မျိုးကြီးပဲ ၊  ဘာအဓိပ္ပါယ်မှန်းလဲ သေသေချာချာ မသိတော့ဘာကိုဖြေရမလဲ စဉ်းစားဆဲမှာ
               "တစ်ယောက်တည်းလား"    ဒုတိယ အကြိမ်မြောက်မေးခွန်း
       ခေါင်းညိတ် ရင်း " အေးပေါ့ တစ်ယောက်တည်းပဲ"  နင့်မျက်နှာ နဲနဲတော့ ပြောင်းသွားသလိုပါပဲ...ခဏလေးပါ..
ပြီးတော့ နဂိုအတိုင်းပဲ ၊ ထူးဆန်းတာ တစ်ခုရှိသေးတယ်နော်...နင်က အထက်တန်းကျောင်းသားဘ၀ ကတဲကရီးစားတွေ
အများကြီး ရှိနေခဲ့တာ..ဘယ်နှစ်ယောက်မှန်းတောင်မရည်တွက်နိုင်တော့ဘူး ၊ ရီးစားတစ်ယောက်ကိုလဲ ၃-၄ လ ထက်ပိုမတွဲ....(ချစ်သူမှ မဟုတ်တာတဲ့)
ချစ်သူဆိုတာ  မရှိခဲ့ပါဖူးဘူးတဲ့ ၊ ကောင်မလေးက အရင်ဖြတ်ခဲ့တုန်းကလဲ နင်ကတော့ ပြုံးပြုံးပါပဲ ၊ အသည်းကွဲတာတွေဘာညာ သရကာတွေ မဖြစ်ဘူးနော် ။ ငါကတော့ခုချိန်ထိ ရီစားဆိုတာ ဘာမှန်းမသိသေးပါ ။ ရင်ဘတ်ထဲကနေ နှစ်နှစ်ကာကာ
ချစ်ဖို့ကောင်းတာလဲ မမြင်သေးဘူးလေ ၊ နင်မေးတဲ့ ( တစ်ယောက်တည်းလား )ဆိုတာ အဲဒီဟာကိုမေးတာထင်ပါရဲ့
ဒါက ကိုယ့်အတွေးနဲ့ ကိုယ်လေ ။...
       တစ်ရက်တော့ မရောက်တာကြာခဲ့တဲ့ လွမ်းစေတီ ၊ ရပ်တော်မူ ၊ အိမ်တော် ၊ မြစိမ်းတောင် ၊ တစ်နေ့ကို တစ်နေရာ
နင်က ငါ့ကိုနေ့တိုင်း လိုလို လိုက်ပို့နေတာပါ ၊ အရင်လိုစကားတွေအများကြီးတော့ မပြောဖြစ်ဘူးနော်
မေးတစ်ခွန်း ဖြေတစ်ခွန်းလောက်ပါပဲ....မိုးရွာတဲ့နေ့တွေဆို အိမ်မှာပဲ မုန့်တစ်ခုခု လုပ်စားဖြစ်သည်။
 တစ်ရက်တော့ မမျော်လင့်သော စကားကိုနင်ပြောတယ်နော်    "နိုင်ငံခြား ကိုပြန်မထွက်ပါနဲ့လား"
မကြားလိုက်တာလား....မထင်မှတ်ထားတာလား...ကိုယ်တိုင်ဝေခွဲမရ တဲ့အဆုံး
" ဘာပြောတာလဲ"  ကျွန်မ သူ့ကိုမေးမိပါတယ် ၊
"နင်မကြားဘူးလား"  သူကလဲ ပြန်မေးတယ် ၊ သူကိုငေးမောကြည့်နေမိတာပါပဲ ...ချက်ခြင်း ဆိုသလိုပဲ
သူစကားပြောပါပြီ  ။ 
"ဘာမှ မဟုတ်ပါဘူး နင်ဘယ်တော့ပြန်ထွက်မလဲ မေးတာပါ..ငါမအားတဲ့ရက်ဖြစ်နေမှာစိုးလို့
နင့်ကို ရန်ကုန်ထိ လိုက်ပို့ပေးမလို့စဉ်းစားထားလို့ပါ" တဲ့
ဘာဖြစ်လို့ ဒီအချိန်ထိအောင် ကိုယ့်ကိုကိုယ် လိမ်ညာနေတာလဲဆိုတာ ကျွန်မ သူ့ကိုမမေးတော့ပါဘူး
ဒီနေ့ထိလဲ မမေးခဲ့ပါဘူး သူလဲခုချိန်ထိအောင် အရင်တိုင်းပါပဲ..ဘာမှမပြောင်းလဲသလို
ကျွန်မလဲ လက်ရှိနေထိုင်ရာ တိုင်းပြည်မှာ ဘာမှမပြောင်းလဲပါဘူး...
ခုဆိုမိုးတွေ အရမ်းကိုရွာနေပါတယ်...စံပယ်တွေလဲ ဖွေးဖွေးဖြူအောင်ကိုပွင့် နေပါပြီ
သူကို အလုပ်အားတိုင်းလွမ်းနေမိတာကိုလဲ ကျွန်မဘယ်သူ့ကိုမှ မပြောဖြစ်သလို
သူကိုလဲ မပြောပါ ။ သူဖုန်းဆက်တိုင်းလဲ နေကောင်းလား...ကျန်မာရေးကိုဂရုစိုက်ပါ..
ဒါပါပဲ....ကျွန်မတို့ နှစ်ယောက်ကြားမှာ တစ်ခုခုတော့လိုအပ်နေပါတယ်
အဲတာ ကျွန်မ မသိသလို သူလဲသိပုံမရပါ။။။။။
                                        အချိန်တွေကြာခဲ့တော့လဲ ကျွန်မ ဘာမှမသိချင်တော့ပါ။


ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်............................. jasmine
(ရင်တွင်းအလွမ်း)

14 comments:

{ ငွေလမင်း } at: June 19, 2011 at 8:25 AM said...

နှစ်ယောက်လုံးသိအောင် လုပ်သင့်တာပေါ့
ဘ၀ဆိုတာ တိုတိုလေးပါ အချိန်တွေ ကုန်တာမြန်တယ်လေ
ပြောစရာတွေ သိသင့်တာတွေ မသိလိုက်ရဘဲနေမယ်

{ တောက်ပကြယ်စင် } at: June 19, 2011 at 8:41 AM said...

ဟုတ်တယ် ငွေလမင်း ပြောသလိုပါပဲ နှစ်ယောက်သား သိအောင်လုပ်ကြပါတော့လား။ ဘ၀ဆိုတာ တကယ်တိုတောင်းလွန်းလှပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ...

{ မင်းဧရာ } at: June 19, 2011 at 9:07 AM said...

မစပယ်......
အချိန်တွေ ကနှောင်းသွားရင်
ပြန်တောင်းလို့မရဘူးနော်
ပြီးတော့မှ နှမျေားစကောင်းတယ်မလုပ်နဲ့။

{ ပုသိမ်သားလေးဖြိုးဝေ } at: June 19, 2011 at 9:59 AM said...

အရင်ဦးဆုံးကွန်မန့်ပေးမလို့ ချောင်းနေတာတောင်3ယောက်ကဦးသွားသေးတယ် နောက်နေ့ ကြတော့မှထိုင်စောင့်နေလိုက်အုံးမယ်

Anonymous at: June 19, 2011 at 6:21 PM said...

ရေခဲတုန်းကြီးဘဲ...အေးတိအေးစက်နိုင်လွန်းတယ်။ချောစုခင်ကိုဘဲမြင်ယောင်မိပါတော့တယ်။

{ mstint } at: June 19, 2011 at 6:25 PM said...

တောင်ကြီးသူလေးရဲ့ ရင်ထဲကအလွမ်းလေးကို လာဖတ်သွားပါတယ်ကွယ်။ မတောင့်မတနေရတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့အတွက် တန်ဖိုးထားနိုင်ပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

{ လရိပ်အိမ် } at: June 19, 2011 at 10:03 PM said...

ခုထိတော့ အဆက်အသွယ်ရှိတုန်းဘဲဆိုတော့မဆိုးပါဘူးလို့ဘဲပြောရမလားဘဲ။

နတ်သမီး at: June 20, 2011 at 6:40 AM said...


တစ်ကယ်လား...
စိတ်ကူးလား
မှန်မှန်ဖြေပေးပါ။

{ min min } at: July 30, 2012 at 10:13 PM said...

မမ
ဟတ်ထိတယ်
ကြိုက်တယ်

{ Yoemyaykya } at: September 17, 2012 at 3:05 AM said...

အုံ့ပုန်းလုပ်နေတာပိုခံစားရတယ်နော်။ ဒီမှာဖတ်လိုက်ရတော့ထိတယ်။

{ မောင်ရေခဲ(အဝတ်နီ) } at: September 26, 2012 at 9:39 PM said...

တစ်ခါတစ်ခါနုတ်ကမထွက်တဲ့စကားတွေ
ရင်ဘတ်ကအလိုလိုနားလည်တတ်တယ်ဆိုတဲ့အသိလေး
ခေါင်းထဲဝင်လာပါရဲ့

{ မောင်ရေခဲ(အဝတ်နီ) } at: September 26, 2012 at 9:39 PM said...

တစ်ခါတစ်ခါနုတ်ကမထွက်တဲ့စကားတွေ
ရင်ဘတ်ကအလိုလိုနားလည်တတ်တယ်ဆိုတဲ့အသိလေး
ခေါင်းထဲဝင်လာပါရဲ့

{ မောင်ရေခဲ(အဝတ်နီ) } at: September 26, 2012 at 9:51 PM said...

တွေးတောရင်းငေးမောခဲ့မိပါရဲ့
ကိုယ့်ရင်ဘတ်ကိုယ်ကိုပါ

{ mg mg } at: October 13, 2012 at 11:22 PM said...

ဟိဟိ ဖြစ်နိုင်ရင်လိုချင်စမ်းပါဘိ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine