Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ချစ်ခဲ့ဖူးသူအတွက် ဈာပနတစ်ခု ကျင်းပခြင်း

| Monday, June 27, 2011
လျှောက်ခဲ့ဖူးတဲ့ ဖုန်ထူထူလမ်း
စမ်းတ၀ါးနဲ့
သံယောဇဉ်တွေ ကျပျောက်ခဲ့ရပြီ။

တင့်တောင်းတင့်တယ် ရှိမယ်ထင်ခဲ့တဲ့
မင်းအကြောင်းလဲ
ခုတော့ မကောင်းသတင်း ဖြစ်ရပြီ။

ထားခဲ့ဖူးတဲ့ သစ္စာတရားဟာ
သီလ ပျက်နေတဲ့ လူတစ်ယောက်အလား၊
ပေးခဲ့တဲ့ သောက အထွေထွေကို
နှလုံးသားမှာ တယုတရ ပိုက်ထွေးပြီး
တန်ဖိုးထားခဲ့တာ မှားလား။

လမ်းပျောက်တဲ့ လူတစ်ယောက်လို
(ယောင်တောင်တောင်) နဲ့ အမှောင်ကမ္ဘာက
ငါ မထွက်နိုင်။

မင်းလေးကို ဂရုဏာ တရား
ထားပါများတော့ အသိုင်းမ၀ိုင်းတွေ
အပြစ်မြင် အချစ်ပင်ကလဲ
နာကျင်ခံစားမှုတွေ မြေသြဇာမပါပဲ 
ဖူးပွင့်ဝေဆာ
မသေချာတဲ့ အနာဂတ်လမ်း
ငါ့ဘ၀ ခဏခဏ လှဲကျ
မဲမရလို့ အရှုံးကြီးရှုံး
မင်းပေးတဲ့ အမုန်း။

ရင်ခုန်သံတွေ နားထောင်ခဲ့ဖူးတဲ့
တိတ်ဆိတ်တဲ့ ည
အချစ်တွေ ပြိုင်ခဲ့ဖူးတဲ့
ကြယ်ရောင်မဲ့တဲ့ ည
ပရိသတ် မရှိ
ဒိုင် မရှိ
သိခဲ့တာ နောက်ဆုံး
အပြုံး မရှိတဲ့ အမုန်း။

တိရစ္ဆာန် နဲ့တူတဲ့လူ
မဖြစ်ချင်ဘူး၊ ရင်ဘတ်တံခါးပိတ်
အိပ်ချင်ယောင်ဆောင်တဲ့မင်း
အိပ်မက်တွေထဲ ငါမပါတာသိပေမယ့်လဲခေါင်းငိုက်စိုက်ချ 
ပြလို့မရတဲ့ ဖြူစင်မှုတွေ
ယိုင်နဲ့စွာ ဘွာခတ်ပါရစေ။

ဝံပုလွေရဲ့ နှလုံးသား
တရားဟော မရ
ကျောသပ်ရင်သပ် ကျေနပ်ခဲ့ရ
ဒီဘ၀ကို ကြောခိုင်းချင်လို့
မင်းဆိုးသမျှ အတိုးလဲ မယူပါ။

နှောင်ကြိုးတွေ ရစ်ပတ်ပြီး
အမှောင် မတိုးချင်လို့
ဘယ်သူဆိုး ဘယ်သူကောင်း
အကြောင်းတရားတွေနဲ့ 
အမှားမကင်းသူပဲ ရယ်လို့ ရင်မှာဆွေးပေမယ့်
ဖြေကာတွေးပြီး၊ တွေဝေကာ
ငှေးမနေတော့ပါဘူး။

သံယောဇဉ်လက်ကျန် တရားတွေနဲ့
ဆေးကုပေးတာလဲ 
မင်းနှလုံးသား
ကျန်းမာရေး ကောင်းမလာဘူး။
အကောင်းဆုံး မင်းလေးအတွက်
မရှိတဲ့ သစ္စာတရား ကို
ဖက်နဲ့ထုတ်ပြီး 
မြေမြုပ်လိုက်တော့ ပြောပါရစေ။   ။

ကျွန်မ၏ နူးညံ့မှု မရှိသော ကဗျာများကို
အစဉ်အားပေးတဲ့ သူငယ်ချင်းအားလုံးကို
လေးစားလျှက်ပါရှင်။

စံပယ်ချို

15 comments:

{ SHWE ZIN U } at: June 27, 2011 at 2:11 AM said...

ဖက်နဲ့ထုတ်ပြီး
မြေမြုပ်လိုက် ပြီးရင် ဖနောင့် နဲ့ ပေါက် ပြီးရင် မြေကြီး ထဲကနေ ပြန်ဖော်စား ကောင်းမှကောင်း (သိတဲ့လူပြောနိုင်တယ်)

{ မြေလတ်မောင်မြင့်မိုရ် } at: June 27, 2011 at 2:13 AM said...

ဝံပုလွေရဲ့ နှလုံးသား
တရားဟော မရ
ကျောသပ်ရင်သပ် ကျေနပ်ခဲ့ရ
ဒီဘ၀ကို ကြောခိုင်းချင်လို့
မင်းဆိုးသမျှ အတိုးလဲ မယူပါ

အဲဒါလေး...သဘောကျတယ်။

{ ဇက်ဗီ } at: June 27, 2011 at 2:55 AM said...

ကောင်း၏။ရွှေစင်ဦးရေ...မုန့်ဖက်ထုတ်များလားမသိဘူး?

{ ahphyulay } at: June 27, 2011 at 3:24 AM said...

အင်း....
သံယောဇဉ်လက်ကျန် တရားတွေနဲ့
ဆေးကုပေးတာလဲ
မင်းနှလုံးသား
ကျန်းမာရေး ကောင်းမလာဘူး။
ဒါဆိုရင် အချေအနေမကောင်းတော့ ဘူးနော်..။
တစ်ဖက်သတ်ကြီး....။

{ စံပယ်ချို } at: June 27, 2011 at 3:39 AM said...

အမရွှေစင်ကအရမ်းကိုတော်တာပဲ
ချက်ကျကျကိုပြန်ရေးတတ်တယ်နော်...
zp ကသဘောကျနေတာ
မုန့်ဖက်ထုတ်တဲ့...ဟားဟား...

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်.....

{ လရိပ်အိမ် } at: June 27, 2011 at 4:30 AM said...

ခေါင်းစဉ်လေးကြိုက်တယ်

နတ်သမီး at: June 27, 2011 at 7:38 AM said...

အမလေး မြန်လိုက်တာ
တစ်ချက်ငိုက်လိုက်တာနဲ့ အရင်ဆုံးကွန်မက်
ရေးဖို့စောင့်နေတာလေ...ရီးစားကိုဒီကဗျာပေးပြီး
ဖြတ်မလို့.....အဆင်ပြေပါတယ်နော်...

{ မင်းဧရာ } at: June 27, 2011 at 8:47 AM said...

မစံပယ်...........
မရှိတဲ့ သစ္စာတရား ကို
ဖက်နဲ့ထုပ်ပြီး
မြေမြုပ်လိုက် လို့ပြောပါရစေ.........
အဲဒါလေးကို ကြိုက်တယ်။

{ Angelhlaing(May everybody be happy and healthy! } at: June 27, 2011 at 11:18 AM said...

မမရေ ပြန်ဖော်စားရင် ကျွေးအုံးနော်... မုန့်ဖက်ထုပ် ဆိုလို့ပါ...:)
ခံစားအားပေးလျှက်ပါ မမရေ..

{ mstint } at: June 27, 2011 at 7:55 PM said...

ဒီကနေ့မီးလာတုန်းလေး အပြေးအလွှားဖတ်ရသမျှ ကောင်းပေ့ဆိုတဲ့ ကဗျာလေးတွေပါပဲ 'စံပယ်ချို'ရေ။ ကဗျာလေးထဲကအတိုင်း ထက်မြက်တဲ့ စိတ်ဓာတ်ပိုင်ရှင်မလေး ဖြစ်ပါစေနော်။ ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ မောင်ထွဋ် } at: June 27, 2011 at 8:26 PM said...

အမဂျက်ရေ သားသားမောင်ထွဋ်ကလာဖတ်သြွးတယ်..ပြီးတော့ အပေါ်ကမမတွေဆီက မုန့်ဖတ်ထုတ်လဲစားသွားတယ်...

ခငိမင်စွာဖြင့်

{ ချင်းကလေး } at: June 28, 2011 at 6:02 AM said...

ဈာပနဆိုလို့ကုသိုလ်လိုချင်လို့ရောက်လာပါတယ်..။ ပြန်သွားပါပြီ။
တာ့တာနော်မမဂျပ်စ်Sssssssssssss.

လ၀န်းလေး at: June 28, 2011 at 12:13 PM said...

မမရေ
ကဗျာတွေကတော့ အားလုံးလိုလိုလန်းနေတာပဲ
အဲဒီ ရင်ဘတ်ကြီးကလဲ ထွက်ပဲထွက်နိုင်တယ်နော်...

{ မေသိမ့်သိမ့် ကျော် } at: June 28, 2011 at 5:41 PM said...

ကဗျာလေးလာဖတ်သွားတယ်။ ရေးတတ်လိုက်တာနော်။


ခင်မင်လေးစားလျက်

k k (b k k) at: July 3, 2011 at 6:48 AM said...

အမရေ...
ကဗျာလေးတွေနဲနဲလောက် လိုချင်လို့ပါ။ ။
အားရင် 0nline တက်ခဲ့ပါအုန်းနော်..

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine