Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

.....ဘယ်မှာလဲကွယ်.....

| Sunday, June 5, 2011
တစ်ယောက်ထဲ ရင်ဆိုင်ခဲ့ရတဲ့
ညပေါင်းများစွာထဲမှာ
မကောင်းဆိုးဝါးတွေ
ငါ့ကို စူးစူးဝါးဝါးငေးမော ကြည့်နေကြပြီ
များပြားလှတဲ့ နံနက်ခင်းတို့လဲ
အထီးကျန်ခြင်းကို အဖော်ပြုပြီး
တစ်နေ့တာ ခရီးဆက်ဖို့ မရှိတဲ့အား
ဖိညစ်ထုတ်ရင်း နေ့တာရှည်များကို
ကပိုကရို ဖြတ်သန်းရတော့တယ်။
အဲဒီလိုနဲ့ လပေါင်း များစွာ
နှစ်တွေတောင် ကူးကုန်ပါရောလား......
ရင်ဘတ်ကိုဖွင့်ပြီး ကြိုနေခဲ့တာလေ
ဘယ်တော့များ.....တရွေ့ရွေ့ နီးကပ်လာမလဲ
စောင့်နေဆဲကွယ်.......
ညင်သာလှတဲ့ မင်းရဲ့ခြေသံ
တိတ်တိတ်ကလေး ဆိုပေမယ့်
ကြယ်လောင်စွာ ငါကြားနေရတယ်။
လေတစ်ချက် ဝှေ့လိုက်တိုင်း
မင်းရဲ့ကိုယ်သင်းရနံ့ ငါရလိုက်ပါတယ်ချစ်သူရယ်
ညသန်းခေါင်ချိန် ကောင်းကင်ထက်က
တလက်လက် တောက်ပနေတဲ့ ကြယ်စင်လေးတွေနဲ့
လ  လေးတစ်ခြမ်းက မင်းကိုမေးနေလေရဲ့
ငါပြန်ဖြေလိုက်ပါတယ်
ခုမှ ဗေဒင်ပညာသင်နေဆဲပါလို့။    ။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကိုလေးစားလျှက်
jasmine

11 comments:

လ၀န်းလေး at: June 6, 2011 at 2:13 AM said...

ဟုတ်တာပေါ့တစ်ယောက်ထဲဘ၀ခရီးကိုဖြတ်သန်းဖို့ဆိုတာ
အရမ်းကိုပင်ပန်းပါတယ်ဒါပေမဲ့
ချစ်သူဘယ်မှာလဲဆိုတာ...သူကိုယ်တိုင်မသိဘူးဖြစ်နေလေရဲ့နော်...

{ ညိမ်းနိုင် } at: June 6, 2011 at 5:45 AM said...

တစ်ယောက်တည်း ဘဝကိုဖြတ်သန်းနေရတော့ အသားတောင်ကျနေပါပြီလေ..။
ကဗျာလေးဖတ်ရမှ ဘာသာပြန်မေးမိတယ်....“ဘယ်မှာလဲ...”လို့...။
ဒါနဲ့စကားမစပ်...ဗေဒင်တတ်ရင်ပြောနော်....မေးမလို့.....:))))

{ KMC@ချင်းလေး } at: June 6, 2011 at 7:38 AM said...

အလိုက်မသိတတ်တဲ့ချစ်သူမျိုးထက်စာရင်တော့ တစ်ယောက်ထဲဘဝကိုခုံမင်မိတယ်ဗျာ..

{ မအိမ်သူ } at: June 6, 2011 at 8:09 AM said...

ဗေဒင်သင်ပြီးရင် လာမေးမယ် မစပယ်လေးရေ.. :)

{ မင်းဧရာ } at: June 6, 2011 at 9:21 AM said...

ထိုသို့ရက်ရှည် ကုန်လွန်စေတော့
မစံပယ်ရေ....။

{ မြစ်ကျိုးအင်း } at: June 6, 2011 at 9:34 AM said...

စောင့်စားခဲ့ရတဲ့ ဘဝဆိုတာကို ဟိုးအရင်က ခံစားခဲ့ဖူးတယ်။ နှစ်ပေါင်းများစွာပဲ။
သူဘယ်မှာလဲ သိရဲ့နဲ့ သွားမရတဲ့ ဘဝမျိုးကလည်း ဆိုးခဲ့တာပါပဲ။

{ blackroze } at: June 7, 2011 at 7:18 AM said...

တခါတလေ..အချစ်ကိုရှာရတာအရမ်းပင်ပန်းလှပါတယ်လေ..

{ ပဥာက် } at: June 7, 2011 at 9:14 AM said...

တော်လိုက်တာ

{ မေသိမ့်သိမ့်ကျော် } at: June 8, 2011 at 10:38 PM said...

ခံစားသွားရတဲ့ကဗျာလေးပါပဲ။ စောင့်ရသူမှာမောလောက်ရောပေါ့ကွယ်။

ခင်မင်လေးစားလျက်

{ လရိပ်အိမ် } at: June 9, 2011 at 12:27 AM said...

ဟားဟား နောက်တယ်ဗျာ

{ ရွှေညာသား } at: June 14, 2011 at 1:32 PM said...

လာလည္သြားပါတယ္ဗ်ာ။ ကဗျာလေးတွေ ဖတ်ရှု့သွားပါတယ်။ ပျော်ရွှင်ပါစေ...။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine