Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

စစ်ဖြစ်ရခြင်းအကြောင်းရင်း နှင့် ဟာသများ

| Friday, July 15, 2011
        စစ်ဖြစ်ရခြင်းအကြောင်းရင်း
  
      ၁၀ နှစ်သား ချာတိတ်က အဖေကို မေးသည်။
       "ဖေဖေ စစ်ပွဲတွေ ဘယ်လိုစဖြစ်တာလဲဟင်"
       "ဒီလို သားရဲ့၊ ဆိုကြပါစို့ ၊ အမေရိကန်နဲ့ အင်္ဂလိပ်တို့ နယ်မြေတစ်ခုကို
       သူပိုင်တယ် ငါပိုင်တယ် ဆိုပြီး အငြင်းပွားကြတယ်"
       အမေ ဖြစ်သူကဖြတ်ပြောသည်။
      "အင်္ဂလန်ဟာ အမေရိကန် နဲ့ အငြင်းမပွားဘူး"
      "သူတို့အငြင်းပွားကြပြီလို့ ဘယ်သူပြောလို့လဲ ငါက ဥပမာ ပြောတာပါကွ"
             အမေ ဖြစ်သူကအသံ ကိုမြင့်ပြီးပြောသည်။
"ရှင့် ဥပမာက ရယ်စရာ ကောင်းလိုက်တာ ၊မဖြစ်နိုင်တဲ့ အတွေးကို
ကလေးခေါင်းထဲ ရှင်မရိုက်သွင်းစမ်းပါနဲ့ ရှင်"
           ယောင်္ကျားကလည်း အားကျမခံ အသံကိုမြင့်ပြီး ပြန်ပြောသည်။
 " ဟေ့ ၊ မဖြစ်နိုင်တဲ့အတွေး ငါ က ကလေးခေါင်းထဲ ရိုက်သွင်းနေတာမဟုတ်လူးကွ"
 " ရှင့် စကားကို ကလေးနားထောင်ရင် ဘယ်တော့ မှ လူတော် လူကောင်း ဖြစ်မလာဘူး"
 ထိုသို့ ပြောဆို ပြီး မိန်းမက စားပွဲတင်မီးအိမ်ဖြင့် ယောင်္ကျားဘက် ပစ်ပေါက်လိုက်သည်၊
 ထိုအချိန်တွင် ချာတိတ်ကကြေနပ်သံဖြင့် အော်ပြောသည်။
" ကျေးဇူးပဲ ဖေဖေ ၊ ကျေးဇူးပဲ မေမေ ၊ စစ်တွေဘယ်လိုစဖြစ်တယ်ဆိုတာ ကျွန်တာ် သိပါပြီ" ။
(မောင်ကောင်းထိုက်မှ)

ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်

                ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက်စွဲလမ်းနေမိသည်။ တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။
                         ဆရာမက ကျောင်းသားနှင့် ဆရာမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း အမျိုးမျိုးပြောဆိုဆုံးမခဲ့သော်လည်း
ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်းပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။

                 ဆရာမက မတတ်တာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူးဟူသည့်သဘောဖြင့် “ဆရာမ ကလေးမလိုချင်ဘူး” ဟုပြောလိုက်ရာ ကျောင်းသားပြန်ပြောလိုက်သည်မှာက “ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်” ဟူတည်း။
(mail မှ) 
 
တောင်အမေရိကားတိုက် ဘယ်မှာရှိသလဲ?
ဆရာမ............ မောင်မောင် တောင်အမေရိကားတိုက် ဘယ်မှာရှိသလဲ? မြေပုံပေါ်မှာ ထောက်ပြပါ။

မောင်မောင်...... ဒီမှာပါ ဆရာမ

ဆရာမ............ မှန်ပါတယ်.. ကဲ အားလုံး တောင်အမေရိကားတိုက်ကို ဘယ်သူတွေ့ခဲ့တာလဲ သိကြလား?

အတန်းသားများ.... သိပါတယ်.. မောင်မောင်ပါ ဆရာမ

ဆရာမ....... ................
(mail မှ)
               -------------------------------------------------------------------------------
ဟန်ဆောင်မှု

ပီတာကသူညီမလေးကိုပြောသည်။
"မသီတာ၊ တိတ်တိတ်လေးနေစမ်း၊ အိမ်ရှေ့မှာ ဧည့်သည်တွေရောက်နေတယ် ထင်တယ်"
"ကိုကို ဘယ်လိုလုပ်သိလဲ"
"မေမေ က ဖေ့ဖေ့ကို ''ဒါလင်' လို့ခေါ်လိုက်တာ ငါကြားရလို့"


ပိုရနိုင်တယ်

"ဘူတာရုံ သွားပြီး ငါ့ယောက္ခမကြီးကို ကြိုပေးရင် မင်းကို
ငွေ ၂၀၀ ပေးမယ်"
 "ရထားနဲ့ သူ မပါလာရင်ကော"
"အဲတာဆို ၄၀၀ ပေးမယ်"

ကိုယ့်ကိစ္စကိုယ်ရှင်း

တယ်လီဖုန်းသံ မြည်လာသည်၊ အိမ်ရှင်ယောက်ျားက
တယ်လီဖုန်းကို ကောက်ကိုင်လိုက်သည်။
"ဟဲလို ၊ ခင်းဗျားရဲ့ ယောက္မကြီး ကျွန်တော်မွေးထားတဲ့ မိကျောင်း ကန်ထဲ ကျသွားတယ်ဗျ"
"မိကျောင်း က ခင်ဗျားမွေးထားတဲ့ မိကျောင်းပဲ၊ ကျုပ်နဲ့ဘာဆိုင်လို့တုံး၊
ကိုယ့်မိကျောင်း ကိုယ်ကယ်ပေါ့ဗျ"

ပုံပြင်

အန်တီမြ သည် သမက်ဖြစ်သူ ကိုဘမောင်ကို နားမလည်ဟန်ဖြင့်မေးသည်။
"မောင်ဘမောင်၊ ငါ့မြေးကို မင်းညတိုင်း ပုံပြောပြီး သိပ်တယ်၊
မင်းပြောတဲ့ ပုံပြင်တိုင်း "သူတို့နှစ်ယောက် လက်ထပ်လိုက်ကြတယ် ပြီးတော့ အသက်ထက်ဆုံး
ပျော်ရွှင်စွာ နေထိုင်သွားကြတယ်၊ ဒါကလဲ ဇနီးဖြစ်သူဟာလ မိဘမဲ့ ဖြစ်လို့ပါကွယ်" နဲ့ချည်း အဆုံးသတ်နေတယ်၊
ဘာကြောင့်လဲဆိုတာ ငါ့ကိုရှင်းပြစမ်းပါ"
(မောင်ကောင်းထိုက်မှ)

ရယ်သောသူသည် အသက်ရှည်ပြီး နုပျို၏။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်............
jasmine


5 comments:

{ ဟန်ကြည် } at: July 15, 2011 at 5:11 AM said...

အဟား...အိမ်ရှေ့မှာ ဧည့်သည်နေ့တိုင်းလာရင်တော့ ဦးဟန်ကြည်တို့လည်း ဒါလင်လို့ နေ့တိုင်းခေါ်ခံရမယ်ထင်ရဲ့...ဒါပေမယ့် ဒါလင်အခေါ်မခံရလည်း နေပါစေတော့...ဧည့်သည်လာရင် စိတ်ညစ်လွန်းလို့...

{ ahphyulay } at: July 15, 2011 at 6:48 AM said...

အင်း...
တကယ်ရီရတယ်ဗျ၊
ယောက္ခကြီးမိကျောင်းကန်ထဲကျသွားတာရယ်၊
ခလေးမလိုချင်တာရယ်မှာ ပိုရီရတယ်လေ..။
ကျေးဇူးပါပဲ..။ အဲ...
ဖေ့ (စ)ဘုတ်မှာရှယ်ကြည့် လိုက်မယ်လေ၊
ရမလားမသိ၊စမ်းကြည့် မယ်..။

{ မင်းဧရာ } at: July 15, 2011 at 7:47 AM said...

စစ်ဖြစ်ရတဲ့ အကြောင်းကို အရမ်းသဘောကြတယ်
တအားလည်း ရယ်မိတယ်။

{ တောက်ပကြယ်စင် } at: July 15, 2011 at 9:19 AM said...

Hi Jasmine! How are you? Today there is font problem in my computer. I can't write in Myanmar but I can read it. Therefore, I write comment in English.

{ Angelhlaing(May everybody be happy and healthy! } at: July 16, 2011 at 10:56 AM said...

မိုက်တယ်မမရေ..ရီရလို့....နောက်လဲ မျှပါအုံးလို့...:)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine