Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သူတစ်ယောက်အတွက်

| Tuesday, July 26, 2011




ယဉ်ကျေးသိမ်မွေ့မှု မရှိတဲ့ သူစိမ်းတစ်ယောက်ဟာ
မဖိတ်ခေါ်ပဲလာတတ်တယ်...
သွားတော့လေဆိုလဲ နေမြဲအတိုင်းလုပ်တတ်တယ်
မင်းရေးတဲ့ စာ တရားသဘောဆောင်ပေမယ့်
လက်တွေ့ မင်းဘ၀ အမှားတွေပဲ လုပ်နေတာ
ကိုယ့်ကို ကိုယ်သိပြီး ရင်ထဲထိရင်တော့ ကောင်းသား။
ရှေ့မှတွေ့တော့ ချိုပြုံး
နောက်ကွယ်ကြရင်မဲ့ပြုံး
စကားလုံးတွေက တစ်ဆုံး
ဘ၀တွေ အားလုံးစုတ်ပြတ်သတ်
အဲလိုဖြစ်မှ မင်းဘ၀ ပျော်ရွှင်မှာလား။


အချစ် စစ်စစ်ကို မခံစားတတ်သူ မင်းအတွက်
ရည်မှန်းချက် ပန်းတိုင်လဲ ခိုင်မြဲမှု ရှိမှာမဟုတ်ဘူးနော်
ဘ၀ ကိုရေစုန်မျောတဲ့ သူ
ဘယ်အရာမှ ဂတိသစ္စာ မရှိသူ
ကိုယ်စားတဲ့ ကွမ်းတံထွေးကို
ဟိုတစက် ဒီတစက်နဲ့
တပျစ်ပျစ်ထွေးတတ်သူ
အရိပ်မည်း အတွက်အသည်းမအေးခဲ့သူ
ဘယ်သူပါလဲ
ဖုံးမရ ဖိမရ
မတိကျတဲ့ မင်းဘဝ
ယူကျုံးမရဖြစ်လဲ
သုံးစားမရတဲ့ မင်းနဲ့ပတ်သက်သူအားလုံး
ဖုတ်ဖက်ခါ ထသွားပြီး လမ်းခွဲကြ
တမ်းတခဲ့တဲ့အနာများ
အသားမကျတော့
အမာရွတ်အဖြစ်သာကျန်။


အရူးအမူး လျှောက်နေတဲ့မင်းက
မထူးမဆန်းတာတွေကို
မျက်ရည်ပေါက်ကြီးငယ်ကျပြမနေပါနဲ့တော့
အရှက်တရားတွေအတွက်
မနက်ဖြန်တစ်ရက် ထဲမဟုတ်ဘူးနော်
သံတရာ အဖန်တရာ
မင်းဘ၀တခုလုံး
သိက္ခာတွေ ပျောက်ဆုံးသွားခဲ့ရပြီ။




jasmine




14 comments:

Anonymous at: July 26, 2011 at 11:54 PM said...
This comment has been removed by the author.
{ ဖြိုးမောင်မောင်(CTM) } at: July 26, 2011 at 11:54 PM said...

ခံစားသွားပါတယ်..

ရှေ့မှတွေ့တော့ ချိုပြုံး
နောက်ကွယ်ကြရင်မဲ့ပြုံး
စကားလုံးတွေက တစ်ဆုံး
ဘ၀တွေ အားလုံးစုတ်ပြတ်သတ်
အဲလိုဖြစ်မှ မင်းဘ၀ ပျော်ရွှင်မှာလား။

ဘယ်သူ့ လဲတော့မသိဘူးနော်....

Anonymous at: July 26, 2011 at 11:57 PM said...

ဝင်ရောက်ဖတ်ရှုသွားပါတယ်...
တစုံတယောက် ကို ရည်ရွယ်ထားတာလား ...

{ Angelhlaing(May everybody be happy and healthy! } at: July 27, 2011 at 3:48 AM said...

ညီမလေးတော့ မဟုတ်ဘူးနော်မမ :):)

{ mstint } at: July 27, 2011 at 4:54 AM said...

ပေါက်ကွဲသံစဉ်တွေ ပြင်းထန်နေတော့
စကားလုံးလေးတွေက ဓါးသွားထက် ထက်နေပါပေါ့လားကွယ်။
jasmine တစ်ယောက် ပျော်ရွှင်ချမ်းမြေ့ပါစေနော်း)

မေတ္တာဖြင့်
အန်တီတင့်

{ ahphyulay } at: July 27, 2011 at 4:59 AM said...

အင်း..
ကဗျာတစ်ပုဒ် နဲ့  စာတစ်ပုဒ် ဘယ်ဟာ ပိုခက်လည်းမသိ။
ကဗျာကို မစပ်တတ်တော့ လည်း သူက ပိုခက်တယ်လို့ 
ထင်နေမိတယ်။ ကဗျာက ဘောင်အတွင်းက ချုပ်ပြီးရေး
ရတာမလား၊
စာကတော့  ကွင်းကျယ်ကျယ်မှာ ဖွင့် ပြီး ရေးရတာလို့ ထင်..။
ဘယ်လိုသဘောရပါသလဲ...။

{ ပဥာက် } at: July 27, 2011 at 5:57 AM said...

ဝါးးးးးးးးးဒီကဗျာ အကြိုတ်ဆုံးပဲ..တော်လိုက်တာ..အစ်မကြီးေ၇

မင်းဧရာ at: July 27, 2011 at 6:17 AM said...

မစံပယ်.....
ခံစားချက်တွေက ပြင်းထန်နေတယ်နော်
စကားလုံးတွေက တစ်ဆုံး
ဘ၀ တွေအားလုံး စုတ်ပြတ်သက်။

{ တောက်ပကြယ်စင် } at: July 27, 2011 at 8:18 AM said...

jasmine ပြောမှပဲ သူ့မှာ တစ်စက်ကလေးမျှတောင် ရစရာ မရှိဘူးဆိုတာ သိလိုက်ရတယ်...ကျန်းမာပျော်ရွှင်ပါစေနော့...

{ black.angel } at: July 27, 2011 at 12:55 PM said...

mike yal kwarr heart hti twarr p ...:D

{ အလင်းသစ် } at: July 27, 2011 at 1:49 PM said...

အမတော်ရေ ခံစားချက်တွေ ပြင်းလှပါလား။။။
အားပေးရင်း ဘေးဘီကြည့်တော့လည်း ဘယ်သူမှမရှိဘူး..ကိုယ့်ကိုများ ပြောလေသလား..လန့်တောင်သွားတယ်။။။။ဟီးးးးးးးးးးးးးးးးးးး။။။။။

{ San San Htun } at: July 27, 2011 at 3:02 PM said...

ပေါက်ကွဲသံစဉ်လေးတွေကို လာရောက်ဖတ်ရှုသွားပါတယ်။

{ blackroze } at: July 27, 2011 at 11:59 PM said...

စံပါယ်...ဒီကတခါတော့..
ပေါက်ကွဲသံစဉ်လေးပေါ့.. nice
ချစ်တဲ့...Blackroze

{ ချင်းကလေး } at: July 28, 2011 at 5:29 PM said...

တားတားကြောက်ကြောက်... မမဂျပ်စ်ရေ..အေးဆေးပဲလားဗျ?

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine