Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ကျွန်မ ကြိုက်၏.....မကြိုက်၏ (Angelhlaing ရဲ့တဂ်ပို့စ်)

| Thursday, August 4, 2011
Angelhlaing ရဲ့တဂ်ပို့စ် ဆိုပေမယ့် မောင်(စွယ်စုံကျမ်း) ကလည်းတစ်ခါထပ်ပြီး တဂ်ထားတယ်နော်၊
အမှတ်တရလေးလုပ်ပေးပါတဲ့ ဆိုပြီး တောင်းဆိုပြန်တယ်.....သို့ပေမယ့် အလုပ်မအားလပ်နေတာရော......
သိပ်ပြီးနေထိုင်မကောင်းတာရောပေါင်းလိုက်တော့ မရေးဖြစ်ခဲ့ပါဘူး။
ခုတော့အားလုံးလဲ ရေးပြီးကြရောပေါ့ (ကိုယ်တစ်ယောက်ထဲကျန်)နောက်ရေးမယ့်ကဗျာခေါင်းစဉ်မဟုတ်ဘူးနော်။
စာရေးမကောင်းတော့ဖတ်တဲ့သူတွေကို အားနာပါတယ်...ဒီလိုပဲ သီးခံပြီးသာ ဖတ်ပေးပါလို့
တောင်းပန်ရင်းနဲ့ပဲ ရေးရပါပြီရှင်။

(ကိုယ်ခန္ဓာ)

ထူးခြားမှုမရှိပါဘူး၊ ငယ်သူငယ်ချင်းတွေကတော့ အဖွားကြီး သေးသေးလေးလို့ခေါ်ကြပါတယ်
တစ်ချို့ကတော့ စာကလေး လို့ခေါ်ပါတယ်...အိမ်မှာတော့ ဆွေမျိုးတွေစုံရင် ၀ါးခြမ်းပြားလို့ 
အမည်တွင်ခဲ့ရဘူးပါတယ်.....ခလေးဘ၀ကစပြီးပါဝါမျက်မှန်တတ်ခဲ့ရတယ်....အရပ်ကတော့
၅ ပေ ၂ လက်မ ပဲ ရှိတယ်။ ဒေါက်ဖိနပ်မကြိုက်လို့ ရှုးဖိနပ်ပဲစီးပါတယ်.....
ကိုယ်အလေးချိန်က ၄၅ နဲ့၄၈ ကီလိုကြားမှာရှိပါတယ်....
အသားအရောင်ကတော့ သူများတွေကိုမေမေပြောပြသလိုပြောရမယ်ထင်တာပါပဲ
မွေးစားသမီးပါတဲ့ ဟုတ်ကဲ့ပါ...အင်မတန်ပဲကံထူးသူလို့ပြောရင်လဲရပါတယ်
အဖိုးတွေ ၂ ဖက်စလုံးကဂျူးစစ်စစ်တွေပါ အဖေရော အမေပါဖြူတာထက်ကိုပိုပါတယ်
ကျွန်မကတော့ ညိုနေလို့ပါ။

ဆံပင် လဲပြီးခဲ့တဲ့လအထိခါးနားနီးပါးထိဖြောင့်စင်းပြီးရှည်ပါတယ်
ခုတော့ ကျမ်းမာရေးအရ နားရွက်နဲ့အညီဖြစ်လို့နေပါပြီ။
လက်သည်းအရှည်မကြိုက်လို့ မထားပါဘူး နောက်ပြီးတခါတလေ ဂီတာတီးပါတယ်
ဒါကြောင့် အရှည်မထားပါဘူး ။

(အပြုအမူ)

လွတ်လွတ်လပ်လပ်နဲ့ အမြဲတမ်း တခုခုလုပ်နေတတ်ပါတယ်...ပြင်းလိုက်တာနော်လို့ လူတစ်ချို့လို
ပြောချင်မိပါတယ်၊ ဒါပေမယ့် ပြင်းဖို့အချိန်ကိုမရှိခဲ့တဲ့ဘ၀ပါ။
နွဲ့နွဲ့နှောင်းနှောင်းမရှိဘူး။ဝတ်ပုံစားပုံနေပုံထိုင်ပုံတွေတစ်ခုမှ မိန်းမ မဆန်ပါဘူး။
ကျွန်မကိုခင်တဲ့သူငယ်ချင်းတွေ အများကြီးပဲ တစ်ခုစိတ်မကောင်းတာက သူတို့တွေကို
အချိန်မပေးနိုင်ခဲ့ဘူး။ကျွန်မဘ၀ရဲ့ ဆင်းရဲမှုတစ်ခုက အချိန်ပါပဲ။
ကဗျာတွေရေးနေရရင် ကျေနပ်နေပြီး.....မကျေနပ်တာကတော့
 သူများကိုယ့်ကို လိမ်ပြောတာ သိပြီး အားနာပါးနာနဲ့ နားထောင်နေရတာကိုပဲ။ 

(အစားအသောက်)

ရှမ်းခေါက်ဆွဲကိုတော့မြန်မာပြည်မှာရှိနေတဲ့အချိန် အကြိုက်ဆုံးပါပဲ..ဆေးခါးဟင်းပဲပုတ်ကြော်
ဂျူးမြစ်သုတ်အဲတာတွေကိုကြိုက်ခဲ့ပါတယ်။ ပြည်ပမှာတော့ စားကောင်းတာ အားလုံးစားပါတယ်
ဥရောပအစားအစာ ဂျပန်အစားအစာ ကြိုက်လဲကြိုက်ပါတယ်။ အရမ်းချိုတဲ့ အမျိုးအစားကို မကြိုက်ပါဘူး
ဥပမာ။  ။ချောကလက် မစားပါ။ အချိုရည်( Coca Cola )မသောက်ပါ ..  ကျွဲရိုင်းလဲမသောက်ပါ...သဘာဝ သစ်သီးဖျာ်ရည်နဲ့ကော်ဖီခါးခါး ကိုနေ့တိုင်းသောက်ပါတယ်။

(အဝတ်အစား)

အားကစားဖိနပ်(ရှုး) အစီးများပါတယ်ပေါ့ပါးပြီးခြေထောက်တွေလုံလို့ပါ။ နောက် ရှပ်ကြိုက်တယ်
ဂျာကင်အမြဲဝတ်တယ်(ချည်သား ပါးပါးလေးတွေ) ဆွယ်တာပါးပါးလေးတွေ ဒါတွေကတော့ မေမေဆင်ခဲ့သလိုပါပဲ
ငယ်ငယ်ကတည်းက ဂျင်းပန် တွေပဲဝတ်ခဲ့ရတော့ဒါတွေကိုပဲကြိုက်ပါတယ်။
မိတ်ကပ်တွေထူထူလိမ်းပြီး မျက်တောင်တုတွေ လက်သည်းရှည်တွေ နဲနဲရှုပ်နေရင်ကို မကြိုက်တတ်ပါဘူး
ကိုယ်တိုင်လဲမလုပ်ဘူး သူများတွေလုပ်ထားလဲ အားမကျဘူး။
ရေမွေးတော့သုံးပါတယ်....မိန်းကလေးအများစု ၀ါသနာပါတဲ့ shopping ထွက်ခြင်းကို မနှစ်သက်ပါဘူး
ပိုက်ဆံ ရှိတဲ့အချိန်ဆိုရင်တော့ စိန်တို့ ဒေါ်လာတို့ပဲဝယ်ဖြစ်မှာပါ။

စဉ်းစားလို့ရတာတော့ ဒီလောက်ပဲရှိတယ်ထင်တာပဲ..ဒါဆိုရင်ညီမလေး Angelhlaing ကျေနပ်မယ်
ထင်မိပါတယ်....မောင်လေးတစ်ယောက်ကဲ့သို့ခင်မင်နေရတဲ့ မောင်(စွယ်စုံ)လဲအပါအ၀င်ပေါ့နော်။
ချမ်းကလဲ ရေးပါတဲ့ အခုတော့ရေးပြီးပါပြီနော်........

အပြင်မှာမမြင်ဖူးပေမယ့် ရင်ထဲက သူငယ်ချင်းအားလုံးကိုချစ်ခင်လေးစားမိပါတယ် ၊
အမြဲလဲ ကျေးဇူးတင်နေမိတယ် ၊
အားလုံးရဲ့ jasmine






23 comments:

{ SHWE ZIN U } at: August 4, 2011 at 7:02 AM said...

ညီမ ရေ

ကြိုက်တာလေး တွေ မကြိုက်တာလေး တွေ ဖတ်သွားတယ်နော် မန္တလေး လာလည် ရင် ကျွေးမယ်နော်

ခင်မင်စွာဖြင့်

{ တောက်ပကြယ်စင် } at: August 4, 2011 at 7:06 AM said...

အော် ၀ါးခြမ်းပြားရဲ့ ဖိုးဖိုးတွေက ဂျူးလူမျိုးတွေပေါ့နော်။ ပျင်းဖို့တောင် အချိန်မရှိတဲ့ဘ၀ဆိုတော့ တကယ်ကြိုးစားပေလို့ပေါ့။ အရမ်းချိုတဲ့ အစာကို ရှောင်ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်ပေးပါတယ်နော်။ မိန်းခလေးဖြစ်ပြီး Shopping မောရတာ ၀ါသနာမပါဘူးပေါ့နော်။ ကျန်းမာပျော်ရွှင်ပါစေ...

{ လရိပ်အိမ် } at: August 4, 2011 at 7:24 AM said...

ဖတ်သွားပါတယ်

{ မင်းဧရာ } at: August 4, 2011 at 7:55 AM said...

ဟေးးးးးးးးးးး
မမ ၀ါးခြမ်းပျား ၀ါးဟားဟား.......
နံမည်သိသွားပြီ ဟီဟီ ခေါ်လို့သိပ်ကောင်းတာ။

အင်း ပျင်းဖို့ကိုတောင် အချိန်မရတာတော့
တော်တော်လေးကို ကံဆိုးတာပဲသိလား
တစ်ခါ တစ်ရံကျရင် ပျင်းတယ်ဆိုတာက
အရမ်းကောင်းတာ ဗိုက်ထဲကို အစာအပြည့်ထည့်ပြီးအိပ်နေလိုက်
အားပါးပါး အခုတောင် ပျင်းခြင်လာပြီ။

{ မောင်(စွယ်စုံကျမ်း) } at: August 4, 2011 at 8:20 AM said...

ငါတော့အိပ်ရေးပျက်များလို့ ကျွဲရိုင်းသောက်မှပဲလူကလန်းတော့တာဟေ့
၂ဘူးလောက်မနက်စောစောသောက်လိုက်လို့ ကတော့
စက်ရုံဘေးကသရက်ပင်ကိုင်းတွေခုန်ကန်နေတော့တာပဲ
ဟိဟိ..ချစ်သုဝေကြိုက်တယ်လို့ မပါတော့ပါလား....ပါလို့ ကတော့တိမယ်...နာကြိုက်နေတာနင်မကြိုက်နဲ့ တေတွားမယ်တိလား။။။။
ဟွန့့်..မျက်စောင်းတစ်ခုထားခဲ့တယ်ဖမ်းထားလိုက်....

{ Cameron } at: August 4, 2011 at 8:43 AM said...

ညီမအကြိုက်လေးတွေက ရိုးရိုးစင်းစင်းလေးတွေ....ကောင်းတယ်...။

ခင်တဲ့
မိုးငွေ့

{ zp } at: August 4, 2011 at 9:28 AM said...

သိပြီ သိပြီ....ဟိဟိ

{ KMC@ချင်းလေး } at: August 4, 2011 at 9:32 AM said...

(မကျေနပ်တာကတော့ညာပြောနေမှန်းသိသိကြီးနဲ့ငြိမ်ပြီးအားနာပါးနာနဲ့နားထောင်ပေးနေရတာကိုပဲ) ဆိုတာကလေးကိုခိုက်တယ်။ အရမ်းပွင့်လင်းတယ်လို့ထင်မိတယ်။ (ဒါကတော့ညာပြောတာမဟုတ်ဘူးနော်မမဂျပ်စ်) .. :P

{ ပဥာက် } at: August 4, 2011 at 10:14 AM said...

တော်တော်ကြမ်းမယ့်ပုံပဲဟားဟားဟားဟား

{ ကိုဇော် } at: August 4, 2011 at 10:19 AM said...

ကြိုက်၏ မကြိုက်၏တွေ ဖတ်သွားပါကြောင်း . . .
( မြန်မာကနေ ပြန်လည် ရောက်ပါကြောင်း )

{ Angelhlaing(May everybody be happy and healthy! } at: August 4, 2011 at 10:51 AM said...

မမရေ အလုပ်ပြေးနေရလို့ ခုမှရောက်ပြိး ဖတ်မှတ်သွားတယ် မမသေးသေးလေး :P အဟီးး ချစ်လို့ စတာပါ နော် အာာာဘွား စိတ်ဆိုးရဝူးနော် .....မမ :):)

{ အလင်းသစ် } at: August 4, 2011 at 12:01 PM said...

ကိုကာကိုလာမကြိုက်ဘူးတဲ့...ဒီတစ်ချက်တော့လွဲသွားပြီ...
ကောင်းကောင်းသောက်ချင်ရင် အအေးကောင်းကိုရွေးတတ်ရတယ်တဲ့။။
ဟီးးးးးးးးးးးး။။။ ကိုကာကိုလာတို့မည်သည် အအေးကောင်းမည်၏။။

{ San San Htun } at: August 4, 2011 at 1:55 PM said...

မျက်မှန်၊ အရပ်၊ ခန္ဓာကိုယ် အလေးချိန်၊ မိန်းကလေးမဆန်တာ၊ ဆံပင်တိုတာ တူတယ်း)

{ အဖြူရောင်နတ်သမီး } at: August 4, 2011 at 3:18 PM said...

Jasmineလေးရဲ့ ကြိုက်၏..မကြိုက်၏ လေးဖတ်ရင်း လင်းလေးပါယူသွားတယ်နော်..
အဲဒါမှ အသစ်တင်တိုင်းရောက်ဖြစ်မှာ...
မမနတ်သမီးရဲ့ အလုပ်ကအရမ်းများတာ..

{ မေသိမ့်သိမ့် ကျော် } at: August 4, 2011 at 4:32 PM said...

သူငယ်ချင်းရေ

သူငယ်ချင်းအကြောင်းလေး လာဖတ်သွားတယ်။ တို့နှစ်ယောက် စိတ်ချင်း ၊ အရပ်ချင်း ၊ ပုံစံချင်း တော်တော်ဆင်မယ်။ ဟိဟိ။


ခင်တဲ့

{ mstint } at: August 4, 2011 at 9:00 PM said...

တက်ဂ်ပို့စ်လေး လာဖတ်တယ် jasmine လေးရေ။ ဂျူးစပ်တယ်ဆိုတော့ လှမှာပဲနော်။ မမြင်ဖူးသေးဘူး စိတ်မှာမှန်းကြည့်တား)။
အသက်ငယ်ငယ်လေးနဲ့ ကျန်းမာရေးက ဘာဖြစ်လို့မကောင်းရတာလဲကွယ်။
မိန်းကလေးမဆန်တာ ချော့ကလက်မကြိုက်တာတွေ တူတယ်း)။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ မောင်သီဟ } at: August 4, 2011 at 9:06 PM said...

း)

ပျော်ရွှင်ပါစေဗျာ
ပြုံးစိစိနဲ့ဖတ်သွားတယ်း)

{ ahphyulay } at: August 5, 2011 at 6:42 AM said...

ဟေ့...
တစ်ခုပဲ တူတယ်ကွ၊
ကော်ဖီခါးခါးကိုကြိုက်တာလေ၊
ခါးသမှ ဘီယာလိုပဲ အမြုပ်လေးတွေတောင်ပြည့် ဖောင်း
ပြီး လျှံကျလာတတ်တဲ့  ကော်ဖီကိုမှလေ..။

{ blackroze } at: August 5, 2011 at 12:51 PM said...

ကဲ...လာဖတ်သွားပြီနော်...စိန်ကြိုက်တာချင်းတူတယ်..

သူများလိမ်ပြောနေတာကိုနားထောင်ပေးနေရတာကိုမကြိုက်ဘူး..

အဲတာလည်းတူတယ်...

အာဘွားးးးးး...

ဒီပိုစ့်လေးတင်ထားတာခုမှတွေ့တယ်ကွာ...

စိတ်မဆိုးပါနဲ့နော်...သယ်ရင်းလေး...

နဲနဲနောက်ကျသွားလို့..အဟီးးးး

ချစ်တဲ့ blackroze

nyinyi at: August 5, 2011 at 8:40 PM said...

ဖွားလေးဘို့.... ဖိုးလေး ရှာပေးဦးမှပဲ....အဟီးးးးးးးးး

{ မအိမ်သူ } at: August 9, 2011 at 11:43 PM said...

အဲဒီလို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ မိန်းကလေးတွေကို သဘောကျတယ်။ အမလည်း မိန်းကလေးပေမယ့် သိပ်မိန်းမမဆန်လှဘူး။ မစပယ်ပုံကလေးကို ပြောထားတဲ့အတိုင်း စိတ်ထဲမှန်းကြည့်တာ အပြင်မှာ အတော်ချစ်စရာကောင်းမယ်..း))

{ စံပယ်ချို } at: August 11, 2011 at 7:57 AM said...

ညီညီရေ.....ဖွားမှာ.....ရှိပြီးသားမို့
အပင်ပန်းခံပြီးမရှာပါနဲ့နော်.....
အချစ်များသူ့ဆီမှာလေ.....

{ မောင်စေတနာ } at: August 17, 2011 at 4:56 AM said...

လွတ်လွတ်လပ်လပ်နဲ့ အမြဲတမ်း တခုခုလုပ်နေတတ်ပါတယ်...ပြင်းလိုက်တာနော်လို့ လူတစ်ချို့လို
ပြောချင်မိပါတယ်၊ ဒါပေမယ့် ပြင်းဖို့အချိန်ကိုမရှိခဲ့တဲ့ဘ၀ပါ။

အန်တီလေးက တော်တော်အလုပ်များမှာပဲနော် ....
အလကား နေရင် ပျင်းနေတတ်တော့ တစ်ခုခုကို လုပ်နေတာကောင်းပါတယ်ဂျာ ..

အခုမှ သားလည်း ဝင်ဖတ်တယ်နော်...
နောက်ကျလို့ သားကို စိတ်မဆိုးရဘူးနော်

သိပ်တယ်မလား .. အနိတီလေးလိုပဲလေ
တော်တော်ရှုပ်နေတာ ( အလုပ်တွေ)

လေးစားခင်မင်လျှက်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine