Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဘ၀နဲ့ တာဝန်

| Thursday, August 11, 2011


ပတ်ဝန်းကျင် အတင်း
သတင်းလုပ်လိုက်ပါ။
ဘယ်သူတွေ ဘာပဲပြောပြော
ကိုယ့် ဖိနပ်ကိုယ်စီး
ကိုယ့်လမ်း ကိုယ်လျှေက်
ကိုယ့်တရားကိုယ်ရေး
စိတ်မှာ ဘာမှတေးမထားနဲ့
မတ်တတ်ကြီးလဲ မသေဆုံးစေနဲ့
အသေလှဖို့အတွက် နေပြရမှာ
မင်းတာဝန်ပါ။     ။

မရေရာတဲ့ ဘဝ
မသေချာတဲ့ သံယောဇဉ် အမျှင်တွေ
ဘောင်ခတ်လို့မရဘူး
လူ့ပြည်မှာ အမှောင်ဖုန်းသွားမယ်။
ဘ၀ရဲ့ သန့်ပြန့်ခြင်း
စိတ်ဓါတ်ရဲ့ ခန့်ညားခြင်း
ချစ်ခြင်းတရားရဲ့ ဖြူစင်ခြင်းတွေ အတွက်
ဂရုဏာနဲ့ မုဒိတာ 
လူတွေအကြား ကြီးထွားဖို့ရာ
တို့ တာဝန်သာ။

အငြိုးတွေကိုထုခွဲ
အရင်လိုပဲ
အရာအားလုံး အကောင်းဆုံးဖြစ်အောင်
လောက မျဉ်းပြိုင်တွေကြား
အတ္တတွေ ဖယ်ရှား
အဖြူရောင်ခြေလှမ်းနဲ့ လျှောက်သွားဖို့ကိုကြိုးစား
အငမ်းမရဖြစ်နေတဲ့ မျော်လင့်ချက်တွေ
ရင်ဘတ်ထဲမှာ သိမ်းထား
အမြတ်မရပေမယ့်
အလကားတော့ မဖြစ်။

အာရုံဦးမှာ ပေါ်ထွက်လာတဲ့ နေမင်း မင်းသတင်း ကောင်းခြင်းကိုဆောင်
ထွန်းလင်းတဲ့နေရောင်
အမှောင်ကိုခွင်း လူ့ရင်တွင်းမနောဖြူ
နိဗ္ဗာန်ကိုသိ တရားရှိပြီး
လူထဲက လူ
သူမတူအောင် 
နေပြဖို့ရာ ကိုယ့်တာဝန်သာ။     ။


ရေးသာရေးရပါသည် ကျွန်မကိုယ်တိုင်လိုက်နာဖို့ကို
တော့ အတော့ကို ကြိုးစားအားထုတ်ရပါအုန်းမည်။
မည်သို့ ပင်ဆိုစေကာမူ ဖတ်သောသူများကျေနပ်မှု
ရရှိပါက ကျွန်မပျော်ရွှင်ပါသည်။
အားလုံးကိုလေးစားပြီးကျေးဇူးတင်လျှက်
jasmine

20 comments:

{ သဒ္ဓါလှိုင်း } at: August 11, 2011 at 12:33 AM said...

လိုက်နာနိုင်အောင် ကြိုးစားပါ့မယ် ညီမ။
ကဗျာကောင်းလေးတွေအတွက် ချီးကျူးဂုဏ်ယူပါတယ်။
ခင်မင်လျက်
သဒ္ဓါ

{ မဒမ်ကိုး } at: August 11, 2011 at 12:59 AM said...

အငြိုးတွေကိုထုခွဲ
အရင်လိုပဲ
အရာအားလုံး အကောင်းဆုံးဖြစ်အောင်
လောက မျဉ်းပြိုင်တွေကြား
အတ္တတွေ ဖယ်ရှား
အဖြူရောင်ခြေလှမ်းနဲ့ လျှောက်သွားဖို့ကိုကြိုးစား
အငမ်းမရဖြစ်နေတဲ့ မျော်လင့်ချက်တွေ
ရင်ဘတ်ထဲမှာ သိမ်းထား
အမြတ်မရပေမယ့်
အလကားတော့ မဖြစ်။

ကောင်းလိုက်တဲ့စာသားလေးတွေ
အရမ်းကြိုက်မိပါတယ်အမရေ.
ခင်မင်လေးစားလျှက်
မဒိုးကန်

{ Cameron } at: August 11, 2011 at 1:54 AM said...

ခုတလော ကဗျာတွေချည်း ဆက်တိုက်တင်ဖြစ်နေတယ်နော်...။ ခံစားချက်ပြင်းနေပုံရတယ်...။ ဒါနဲ့စကားမစပ် ဆန်ပြုတ်ရပြီလား...း)

{ တောက်ပကြယ်စင် } at: August 11, 2011 at 2:15 AM said...

ကြိုးစားလျက်ပါ Jasmine ရေ။ ကဗျာကောင်းလေးအတွက် ကျေးဇူးနော်။ ကျန်းမာပျော်ရွှင်ပါစေ...

{ ကိုဇော် } at: August 11, 2011 at 3:13 AM said...

ဒီကဗျာလေးက အတော်ကို ကောင်းတယ်ဗျာ။
အနှစ်တွေချည်းပဲ။

{ မေသိမ့်သိမ့် ကျော် } at: August 11, 2011 at 6:25 AM said...

ကောင်းလိုက်တဲ့ကဗျာလေးပါလား သယ်ရင်းရေ....။

ခင်တဲ့

{ Candy } at: August 11, 2011 at 7:09 AM said...

ကဗျာလေးက အနှစ်တွေကြီးပဲနော်... လိုက်နာနိုင်အောင်ကြိုးစားပါ့မယ်.. =)

{ စံပယ်ချို } at: August 11, 2011 at 7:37 AM said...

ရေးတင်ပြီးမှ ရှက်နေတယ်
ကိုယ်တိုင်မလုပ်နိုင်လို့ပါ။
နားလည်စွာခွင့်လွတ်ပေးပါလို့.......

Anonymous at: August 11, 2011 at 8:31 AM said...

ညီမ ရေ

ကဗျာလေး ကို လာရောက်ခံစား သွားပါတယ်နော် ပျော်ရွှင်ပါစေ

ရွှေစင်ဦး

{ အလင်းသစ် } at: August 11, 2011 at 10:36 AM said...

အငြိုးတွေကိုထုခွဲ
အရင်လိုပဲ
အရာအားလုံး အကောင်းဆုံးဖြစ်အောင်
လောက မျဉ်းပြိုင်တွေကြား
အတ္တတွေ ဖယ်ရှား
အဖြူရောင်ခြေလှမ်းနဲ့ လျှောက်သွားဖို့ကိုကြိုးစား

အမတော်ရေ့..ကဗျာလေးမိုက်တယ်... မောင်လင်းသစ်တို့တော့
လူမိုက်ကြီးစာရင်းမှာတောင် အပေါ်ဆုံးမှာရောက်များနေလေသလား?

{ ahphyulay } at: August 12, 2011 at 4:46 AM said...

အင်း..
ဒီကဗျာကို ကျွန်တော်တို့  နိုင်ငံအရေးတော်ပုံမှာ
သုံးသင့် တယ်ဗျာ...။

{ ဟန်ကြည် } at: August 12, 2011 at 7:13 AM said...

“စိတ်ဓါတ်“ - “စိတ်ဓာတ်“
“ဂရုဏာ“ - “ကရုဏာ“
“အာရုဏ်“ - “အရုဏ်“
“မျော်လင့်ချက်“ - “မျှော်လင့်ချက်“

ကဗျာလေး တော်တော်ကောင်းတယ်...ဖတ်ရတာ အားရှိစရာပဲ...ဖတ်ပြီး၊ ကြိုက်တော့ ကျင့်ရုံပေါ့လေ...

{ Angelhlaing(May everybody be happy and healthy! } at: August 12, 2011 at 11:09 AM said...

မိုက်လှချည်လား မမရေ....အားကြိးမိုက်တယ်...:):)
ခံစားအားပေးလျှက်ပါလို့..

{ အဖြူရောင်နတ်သမီး } at: August 12, 2011 at 3:48 PM said...

“လူထဲက လူ
သူမတူအောင်
နေပြဖို့ရာ ကိုယ့်တာဝန်သာ။ ။”

စာသားလေး အရမ်းကြိုက်တယ် ညီမလေးရေ...

{ mstint } at: August 12, 2011 at 8:52 PM said...

တစ်ပုဒ်တစ်မျိုး မရိုးနိုင်အောင် အရေးအသားတွေ ကောင်းပါ့ကွယ်။
အခုလည်း ကဗျာကောင်းလေးတစ်ပုဒ် ဖတ်ခွင့်ရတာမို့ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေလို့။

မေတ္တာဖြင့်
အန်တီတင့်

{ ပဥာက် } at: August 13, 2011 at 12:55 AM said...

မမကြီး..၇ဟန်းဒကာမကြီးလုပ်ဖို့သာပြင်ပေတော့...ကျွန်တော် ဘုန်းကြီးဝတ်တော့မယ်..ဟားဟား

{ သူကြီးမင်း (တုံးဖလား) } at: August 13, 2011 at 3:34 PM said...

မလိုက်နာနိုင်ပေမဲ့ လိုက်နာနိုင်လေ အကျိုးရှိလေပါဘဲ။


ခင်မင်လျက်

{ ဆွေလေးမွန် } at: August 20, 2011 at 9:37 AM said...

ပထမဆုံး ကဗျာပိုဒ်လေးကို ပိုနှစ်သက်ဆုံးပဲ.

{ KZaw } at: August 24, 2011 at 9:54 AM said...

ဘ၀မှာအကောင်းဆုံးနေသွားတက်အောင် ကဗျာလေးစပ်ထားတာအရမ်းကောင်းပါသည်။ဒါမျိုးလေးတွေများများရေးပေးပါအစ်မ ကျေးဇူးပါ။

{ ♫♪★လွမ်းပိုင်ရှင်★♪♫ } at: September 19, 2011 at 7:32 AM said...

အာရုံဦးမှာ ပေါ်ထွက်လာတဲ့ နေမင်း မင်းသတင်း ကောင်းခြင်းကိုဆောင်
ထွန်းလင်းတဲ့နေရောင်
အမှောင်ကိုခွင်း လူ့ရင်တွင်းမနောဖြူ
နိဗ္ဗာန်ကိုသိ တရားရှိပြီး
လူထဲက လူ
သူမတူအောင်
နေပြဖို့ရာ ကိုယ့်တာဝန်သာ။ ။

သဘောကျတယ်အမ အရမ်းကြိုက်ပါတယ်နော်

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine