Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အလွမ်း ပင်လယ်

| Saturday, August 13, 2011

မိုးပြေးလေး တစ်ဖြောက်ဖြောက်
ရင်ဘတ်တံခါးခေါက်သံ တစ်ဒေါက်ဒေါက်
နှလုံးသားထဲ တောက်လျှောက်
အချစ်က ၀င်ရောက် နေရာယူ ပြီး
မင်းနေဆိုနေ မင်းသေဆိုလဲသေ
စေလိုရာစေ နေ ခဲ့ပြီးမှ
အပြစ်မြင် အချစ်မခင်တွယ်တော့
ဟိုးအရင်က အကြင်နာတွေ
ကမ္ဘာတဖက်ခြမ်း အလှမ်းဝေးဖို့
ပြေးလေရော့သလား။      ။

ချော်လဲ တာနဲ့ပဲ ထိုင်ချရအောင်
ငါ့ အတွေးတွေ မမှောင်သေးပါဘူး
ဥပေက္ခာတရားတွေ ဘယ်လောက်ထူထပ်ပါစေ
လောက အပူ သောကအပူ 
ငါတစ်ယောက်တည်း ပူပါရစေ
အဲဒီ အပူရုပ်ကိုဟန်လုပ်
မာန်တွေထုပ်လဲ
နှလုံးသားပြိုင်ပွဲ 
ခွက်ခွက်လန်အောင် ရှုံးဆဲ
တွယ်တာမှု မရှိတဲ့  အကြင်နာအတုမှာ
အမုန်းတရားတွေ အခါးလိုပဲ။    ။

ဂရုဏာနှင့် မုဒိတာ တွေ
တဖြုတ်ဖြုတ်ကြွေ
သူသိသိ မသိသိ
ကိစ္စမရှိ။
ဟန်ဆောင်ပြီးကျတဲ့
မျက်ရည် တစ်စက်
နှလုံးသားတစ်ဖက်နဲ့
ကြမ်းကြုတ်တဲ့ အမုန်းတရားတွေ
မှိုတက်နေတာလဲ
မင်းရင်ဘတ်ထဲ သိမ်းထားဆဲပါလား။
ငါ့မှာတော့......................
အလွမ်းတွေပင်လယ်ဖြစ်
စစ်မှန်တဲ့ချစ်ခြင်းတရားတွေအတွက်
မြုတ်ချည် ပေါ်ချည် ကူးနေဆဲ
ကမ်းမမြင် လမ်းမသိတော့
အလွမ်းတွေနဲ့ အတူ
နစ်နေဦးမှာပဲ.........။        ။

အချိန်ပေးပြီးဝင်ရောက်ဖတ်နေသော စာချစ်သူ
အားလုံးကို ကျေးဇူးတင်ပြီး လေးစားလျှက်ပါရှင်.......
အားလုံးကိုချစ်တဲ့ jasmine








15 comments:

{ မောင် } at: August 13, 2011 at 2:28 AM said...

ချစ်သုဝေပါလာလို့ ပြန်ပြီနော်ဟေ့..

{ စံပယ်ချို } at: August 13, 2011 at 3:17 AM said...

ကိစ္စမရှိဘူးငါ့အနားမှာ ပစ်ပစ်ရှိတယ်....

{ KMC@ချင်းလေး } at: August 13, 2011 at 5:48 AM said...

အပြင်လောကမှာဒီကဗျာထဲကလိုအလွမ်းတွေနဲ့အတူ နစ်နေဦးမှာပဲဆိုတဲ့အတွေးမျိုးလုံးဝမတွေးမိစေနဲ့မမရေ..။

{ Candy } at: August 13, 2011 at 7:20 AM said...

နောက်ဆုံး အပိုဒ်လေး လန်းတယ် မမရေ... :D

Anonymous at: August 13, 2011 at 8:01 AM said...

ကဗျာလေး လာဖတ်သွားတယ်ညီမရေ

ရွှေစင်ဦး

{ blackroze } at: August 13, 2011 at 10:52 AM said...

စံပါယ်ရေ..

ကျမဘယ်လိုကောမက်ရေးခဲ့ရမှန်းတောင်မသိတော့ပါဘူး
ကျမကိုယ်တိုင်လဲအလွမ်းထဲနစ်နေတာမို့လို့ပါ...

ချစ်တဲ့ Blackroze

{ မင်းဧရာ } at: August 13, 2011 at 11:52 AM said...

အလွမ်း မင်းသမီးလေး မမ၀ါးခြမ်းပြား
ကဗျာလေး ဖတ်လိုက်မှ လူကိုတောင်
နွမ်းခွေ သွားသလိုပဲ......
ခံစားရ ခတ်ပေမယ့်
အလွမ်းကိုမှ နှစ်သက်နေတဲ့ နှလုံးသားကလည်း
အပြစ်တင်ဖို့ခက်မြဲပေါ့လေ။

{ San San Htun } at: August 13, 2011 at 5:07 PM said...

လာလွမ်းသွားပါတယ်။

{ မေသိမ့်သိမ့် ကျော် } at: August 13, 2011 at 10:04 PM said...

မုန်းတဲ့သူကို လွမ်းနေတယ်ပေါ့လေ။ ကဗျာလေးနဲ့ အတူလွမ်းသွားတယ်။


ခင်တဲ့

{ ပန်းချီ } at: August 13, 2011 at 10:35 PM said...

အလွမ်းဓါတ်ခံရှိသူဆိုတော့ ကဗျာလေးဖတ်ပြီး တစ်ယောက်ယောက်ကိုလွမ်းသွားသလိုပါလေ...း)

ဘလော့ဂ်နောက်ခံ သီချင်းတွေကလည်း အလွမ်းသီချင်းတွေပါလား မစံပယ်ရယ်းD

{ မဒမ်ကိုး } at: August 14, 2011 at 5:45 AM said...

အလွမ်းတွေကူးစက်သွားပါတယ်
မမစံပယ်ရေ..
ခင်တဲ့
မဒိုးကန်

{ Cameron } at: August 14, 2011 at 8:27 PM said...

နောက်ဆုံးအပိုဒ်လေးက ရက်စ်စာသားလိုပဲ ဖတ်ရင်းနဲ့လေ..။ ကဗျာလေးကောင်းတယ် ခံစားမှုလည်းကောင်းတယ် စကားလုံးတွေစီထားတာလှတယ်။

Anonymous at: August 15, 2011 at 1:11 AM said...

ဟာဗျာာာ
လွမ်းပါတယ်ဆိုမှ
း) ထပ်လွမ်းမိတယ်း)

မောင်ဘကြိုင်

{ ဟန်ကြည် } at: August 15, 2011 at 7:01 AM said...

လွမ်းချင်လာပြီ ညီမရေ...

{ ဆွေလေးမွန် } at: August 20, 2011 at 9:32 AM said...

ကဗျာလေးရဲ့ ဒုတိယတစ်ပုဒ်ကို အကြိုက်ဆုံးပဲ.
်ွလွမ်းနေတာကို သိသာစေသလို..
အလွမ်းကို အံတုနေရတာလေးလဲ သိသာပေါ်လွင်စေတယ်.

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine