Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

မတားပါနဲ့

| Saturday, August 20, 2011
အတ္တတွေများလွန်းတော့ 
သယ်ယူမသွားနိုင်ဘူး
ဒီမှာ နဲနဲ ထားခဲ့ပါရစေ.....
မတားပါနဲ့တော့ အိုအေစစ်ရှိရာသို့သာ
ငါသွားမှာပါ။

မီးလောင်ရာ လေပင့် ဖြစ်ရတဲ့
သံယောဇဉ် လက်ကျန်တွေကလဲ
စုစည်းမရပဲ  လက်လွတ်စပယ်
ဖြစ်နေတယ်။

မင်းမနော ဖြူစင်လို့
မင်းသဘော အေးချမ်းပါစေဆိုတဲ့
ဆုတောင်း တစ်ခု အကြောင်းပြုပေးရုံကလွဲပြီး
ဘ၀ရဲ့ ကာလတိုတိုလေးကို
ရင်ဘတ်ထဲက အတ္တတွေ
တတ်နိုင်သလောက် အဝေးဆုံးမှာ ထားခဲ့ပါကွယ်
မတားပါနဲ့တော့ အိုအေစစ်ရှိရာသို့သာ
ငါသွားမှာပါ။

အနာအဆာ ကင်းတဲ့ နှလုံးသား
ခေတ်အတုမှာ ရှိနေတာကိုက
အဆန်းအပြား ဖြစ်နေပြီထင်တယ်
ခမ်းနားမှု မရှိတဲ့ အကြင်နာတွေကလဲ
ရူးကြောင်ကြောင် နဲ့ အမူးသမားလို
တောင်မြောက်မသိ ဖြစ်နေရပြီ
ရင်ဘတ်တံခါး တစ်ခြမ်းပိတ်ပြီး
ပျော်ရွှင်မှုတွေ တိတ်ဆိတ်ခဲ့ရ
တမ်းတမ်းတတ ဖြစ်ခဲ့တဲ့ ယုယမှုတွေကလဲ
တစ်နေ့တစ်ခြား ဆိုးဆိုး လာတဲ့ 
ရာသီဥတုလိုပဲ ၊ 
နှလုံးသားတွေ
ဗြန်းဗြန်းကွဲရတဲ့ လမ်းခွဲမှာ
ငါ့အသဲတွေ ဟိုတစ်စ ဒီတစ်စ
ပြန့်ကြဲခဲ့ရပါပြီ
မတားပါနဲ့တော့ အိုအေစစ်ရှိရာသို့သာ
ငါသွားမှာပါ။

တစ်ဦး တစ်ယောက်က
ငါ့မျက်ရည်တွေပေါ် လျှေက်သွားနေသလို 
လူတစ်ချို့ကပြောကြတယ်
ကဗျာတွေ ကာရံနဲ့တည်ဆောက်တာတဲ့
ငါ့ ဘ၀ကို ဘာနဲ့တည်ဆောက်မှာလဲ
အလွမ်းတွေရဲ့ အုတ်မြစ် ခိုင်မာလာတော့
ညတွေ ညတွေ အိပ်မရဖြစ်ရပြန်ပေါ့
ဘီလူးတွေ သူတော်ကောင်းအယောင်ဆောင်ခေတ်မှာ
တစ္ဆေ သရဲတွေ မင်းဖြစ်နေတာ မဆန်းပါဘူး
မှုန်ဝါးဝါး နောက်ကြည့်မှန်တစ်ခု
ကြည့်နေရသလို မသေချာ၊ မရေရာတဲ့ မြင်ကွင်း
တွယ်တွယ်တာတာ မရှိတဲ့မင်းရဲ့ စိတ်အတွင်း
အလင်းများလဲ ကွယ်ပျောက် မင်းမုန်းသွားမှာ
ကြောက်ပြီး တစ်ယောက်တည်း ကြိတ်ငို
နိဂုံးတွေ အဆုံးသတ်ဖို့
နှလုံးသား ပဲ့တင်ထပ်သံတွေကို
ဥပေက္ခာပြုပြီး အနားသတ်အချစ်တွေအတွက်
အခါးသက်သက် မဖြစ်စေဖို့
မတားပါနဲ့တော့ ချစ်သူရယ် မတားပါနဲ့ကွယ်........
သွားပါရစေ။   ။

အားလုံးကိုလေးစားပြီးကျေးဇူးတင်လျှက်ပါရှင်









15 comments:

{ သဒ္ဓါလှိုင်း } at: August 20, 2011 at 1:20 AM said...

မတားရက်ပါဘူးညီမငယ်jasmine.
တားဆီးလို့မရတဲ့ အရာတွေအတွက် အချိန်လေးတခုတော့ လိုမယ်နော်။
ပျော်ရွှင်ပါစေညီမငယ်။
ချစ်တဲ့
သဒ္ဓါ

{ ...အလင်းစက်များ } at: August 20, 2011 at 1:32 AM said...

“ရူးကြောင်ကြောင် နဲ့ အမူးသမားလို
တောင်မြောက်မသိ ဖြစ်နေရပြီ” လေးသဘောကျတယ်..... ဟိုနေ့ ကမှ သူငယ်ချင်း အသည်းကွဲပြီး မူးမူးနဲ့  ရင်ဖွင့်တာလေး သတိရလို့ ပါ။

တစ္ဆေသရဲတွေ ကိတ်စကတော့ ခဏ ခဏ မပြောတော့ပါဘူးနော.. တောင်ကြီးသူရေ.....။

(အရာရာ အဆင်ပြေပါစေဗျာ)

{ ပဥာက် } at: August 20, 2011 at 4:28 AM said...

သွားသွား..အစ်မေ၇..ကျါန်တော်လည်း..မကြာခင်လွင့်စင်၇မယ်ထင်တယ်...နေ၇ာလေးဘာလေး ချန်ထားဦး

{ စံပယ်ချို } at: August 20, 2011 at 5:22 AM said...

ချမ်းရေ နင်ကဘာဖြစ်လို့လွင့်ရမှညလဲ
အလုပ်အဆင်မပြေလို့လား.....

{ ahphyulay } at: August 20, 2011 at 5:30 AM said...

အလန့် ထညက်ဗျာ...
မတားပါနဲ့  ဆိုလို့  အပြေးလာကြည့် တာ...။
အော်.. အလွမ်းပါပဲလား..။
နှလုံးသား ပဲ့တင်ထပ်သံတွေကို
ဥပေက္ခာပြုပြီး အနားသတ်အချစ်တွေအတွက်
အခါးသက်သက် မဖြစ်စေဖို့
မတားပါနဲ့တော့ ချစ်သူရယ် မတားပါနဲ့ကွယ်........
သွားပါရစေ.. ဆိုတဲ့ နေရာမှ ခဏရပ်ပြီး စဉ်းစားနေမိတယ်။

{ မောင် } at: August 20, 2011 at 5:37 AM said...

ဟဲ့“ဲ့..မုန်လာထုပ်ကလေး..နေကောင်းတယ်နော်..ကြိုက်တယ်ကွာခံစားချက်တွေတူနေပီ..နာမူးလို့ ကြောတာမဟုတ်ဝူးဟိတ်..တောက်အုံးမယ်မိန်းမတွေတစ်စာမရှိကြ၀ူး..နာမူးနေပီ..ဒါပဲပြန်ပီကွာ.....

{ Candy } at: August 20, 2011 at 5:45 AM said...

မမရေ... မတားဘူး... သွားသာသွား... :D
ခင်တဲ့.. ကန်ဒီ

{ San San Htun } at: August 20, 2011 at 6:53 AM said...

မတားတော့ဘူးနော်...

{ KMC@ချင်းလေး } at: August 20, 2011 at 7:19 AM said...

Title ကိုမြင်တော့လန့်သွားတာပဲ..တောင်ကြီးသူမမတစ်ယောက် များမကြာမကြာလွမ်းတယ်ပြောတတ်တဲ့သူ့မေမေရှိရာတောင်ကြီး များပြန်တော့မှာလားလို့...ဒီရောက်တော့မှကဗျာကြီးမှန်းသိရတော့ တယ်.....ဟွန်းးးလုပ်လိုက်ရင်အလန့်တကြား......:P မမရေ....ခင်လို့စတာနော်....ရတယ်ဟုတ်?

{ ဆွေလေးမွန် } at: August 20, 2011 at 9:23 AM said...

မီးလောင်ရာ လေပင့် ဖြစ်ရတဲ့
သံယောဇဉ် လက်ကျန်တွေကလဲ
စုစည်းမရပဲ လက်လွတ်စပယ်
ဖြစ်နေတယ်။


အဲဒီစာပိုဒ်ကလေးနှစ်သက်မိတယ်။

{ blackcoffee } at: August 20, 2011 at 11:19 PM said...

ဟုတ်တယ် မတားကြပါနဲ့ အိုအေစစ်လေးဆီကို သက်တောင့်သက်သာ သွားရောက်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်...

{ ကိုဇော် } at: August 21, 2011 at 6:25 AM said...

ကဗျာကို ဆည်ဆောက်ပြီး ရေအားလျှပ်စစ် ထုတ်မယ် ဆိုရင် အစ်မကို အရင် လာခေါ်မယ်။ အရင်ကျောင်းသားဘဝတုန်းက ကိုယ့်ကိုယ်ကိုယ် ကဗျာ အတော် ရေးလှပြီ ထင်နေတာ . . အခုတော့ . . . ဘိတ်ချေးပဲ။

{ blackroze } at: August 21, 2011 at 12:56 PM said...

မတားနဲ့ဆိုတော့လည်း
မတားတော့ပါဘူး jas ရေ
ဒါပေမဲ့ သတိတော့ရနေပါရစေနော်

ချစ်တဲ့ blackroze

{ မဒမ်ကိုး } at: August 22, 2011 at 12:45 AM said...

မတားပါဘူး
တိုက်ပေါ်ကခုန်မချရင်တော်ပါပြီ..
ကျန်တာဆို မဒိုးကန်တို့လက်ပိုက်ကြည့်နေမယ်လေ နော်..

{ မအိမ်သူ } at: August 22, 2011 at 8:39 AM said...

မစံပယ်လေး ကဗျာတွေရေးနိုင်လိုက်တာ.. အားကျတယ်။ အမက ကဗျာကို ၀ါသနာပါပေမယ့် အမြဲတမ်းရေးလို့မရဘူး။ တခါတရံမှာ စိတ်ကူးတခုခု ခံစားချက်တခုခု သူ့အလိုလိုဖြစ်လာတဲ့အချိန်မျိုးမှ ကဗျာကိုရေးလို့ရတယ်။
“မတားဘူးနော်”.. ဆက်ရေးသိလား အားပေးတယ်...း))

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine