Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဝေးတဲ့ အလွမ်း

| Friday, September 30, 2011




နှလုံးသားကို စတေးပြီး
အလောင်းအစား လုပ်တာမဟုတ်ပေမယ့်
မင်းရဲ့စေတနာ အမှားတွေကို
ထောက်ထားပြီး
တားဆီးမရတဲ့ လက်ကျန်
သံယောဇဉ် ပါးပါးလေးကို
အလွမ်းတွေ ကြားကနေ
ဝိုးတ၀ါး မြင်ရတဲ့
ချစ်သူက
အကြင်နာတွေ ကိုလဲ
ခိုးယူခဲ့ပါတယ်
မခိုင်မြဲလို့ ယိုင်လှဲခဲ့ရတဲ့ ဘဝ
ထူလှဲ့ပါဦး ကူပါဦး
အမူအရာ ပိုပိုသာသာနဲ့
မျက်နှာချို လေပြေသွေး
အေးအေးဆေးဆေး ပြောနေသလို
ဘ၀တခုလုံး အမုန်းတရားတွေ
ဖုံးကွယ်သွားတော့ တွေ့သမျှ မြင်သမျှ
အရာအားလုံး ဗလာချည်းပါပဲ။
ကံကြမ္မာလမ်း မဖြောင့်တန်းလို့
လွမ်းနေရတဲ့ ဒီရာသီတွေကို
တမ်းတမ်းတတနဲ့
ရင်ဘတ်ထဲ သိမ်းထားတာ
နှစ်လရှည်ကြာ
အပြုံးတုတွေ
ဗုံးဘောလအောသုံးပြီး
နှလုံးသားထဲထိ ၀င်လာတဲ့
မင်းကို ရိုင်းတယ်လဲ မထင်မိပါဘူး
အနာဂတ်မှာ သာယာဖို့အရေး
ချစ်ရတဲ့ မင်းစွန့်ခွာပြေးတော့
အတွေးနဲ့ပဲ ဝေးသထက်ဝေးတော့
အဆွေးတွေနဲ့ လွမ်းရပြီကွယ်





jasmine

23 comments:

{ မောင်(စွယ်စုံကျမ်း) } at: September 30, 2011 at 6:28 AM said...

ပုံလေးရော ကဗျာရောကြိုက်တယ် လူတော့မကြီုက်ဘူး
ဟိဟိ
မုန်လာထုပ် ဘာတွေလုပ်...ထိုင်မငိုနေနဲ့ နော်

{ မောင်သီဟ } at: September 30, 2011 at 6:43 AM said...

သြော်ဗျာ လွမ်းပါတယ်ဆိုမှ
အလွမ်းတွေနဲ့ လာတိုးတော့ပြီး)
မနေချင်လို့အဝေးပြေးသူကို လွတ်လွတ်လပ်လပ်သွားပါစေလို့ ခွင့်ပြုလိုက်ပါဗျာ



ခွင့်ပြုဖူးသူ
မောင်ဘကြိုင်

{ AH } at: September 30, 2011 at 7:11 AM said...

အင်း.... ဘာပြောလို့ ပြောရမှန်းတောင် မသိပါဘူးဗျာ... Rဇာနည်ရဲ့ ခွင့်ပြုတယ် ခွင့်လွှတ်တယ်ဘဲ နားထောင်လိုက်ဦးမယ်။ ကဗျာလေး အရမ်းကောင်းတယ် jas :)

{ Thameesan } at: September 30, 2011 at 8:15 AM said...

အနာဂတ်မှာ သာယာဖို့အရေး၊ချစ်ရတဲ့ မင်းစွန့်ခွာပြေးတော့
အတွေးနဲ့ပဲ ဝေးသထက်ဝေးတော့၊အဆွေးတွေနဲ့ လွမ်းရပြီကွယ်
ဟင့်..
"မလွမ်းရဲသေးဘူး မှောင် ရယ်"း))
အရမ်းကောင်းတယ်ဂျက်ရေ..တစ်နေ့တစ်ခြား ကလောင်စွမ်းက ထက်.ထက်
လာသလိုပဲနော်။
ပျော်ရွှင်ပါစေဂျက်ရေ
ချစ်ခင်စွာဖြင့်

{ Candy } at: September 30, 2011 at 8:50 AM said...

ဗုံးဘောလအော အပြုံးတုတွေ မဖက်တွယ်နေပါနဲ့တော့ မမရယ်... သွားပါစေ.. :D

{ Moe Myint Tane } at: September 30, 2011 at 8:50 AM said...

အလွမ်းဆိုတာ မတိတ်နိုင်တော့တဲ့ မိုးဖွဲလေးတွေလိုပါပဲ။
တဖွဲဖွဲနဲ့ မသိသာပေမယ့် သတိထားမိတဲ့အချိန်မှာ တစ်ကိုယ်လုံး ရွှဲရွှဲဆိုနေတတ်တာမျိုးပေါ့။

မိုးမြင့်တိမ်

{ ညီရဲ } at: September 30, 2011 at 9:12 AM said...

တို့ အစ်မတစ်ယောက် လွမ်းနေတဲ့ အကြောင်းလေး ကဗျာဖွဲ့ ထားတာ ကောင်းလိုက်တာ...
ကဗျာရေးတတ်တဲ့ သူတွေကို အားကျတယ်...
တကယ်...

{ blackroze } at: September 30, 2011 at 11:36 AM said...

အဆွေးကဗျာလေးပါလား..
ရင်ဘတ်ကြီးနဲ့ကိုဖတ်သွားတယ်..

{ လွမ်းတယ် } at: September 30, 2011 at 11:48 AM said...

ကောင်းလယ်မမရာအနော်တော့အရမ်းကြိုက်တွားပြီဗျာာာာာာာာာ

{ San San Htun } at: September 30, 2011 at 1:01 PM said...

မဖတ်ခင်မှာ လွမ်းတယ်..ဖတ်နေချိန်မှာ လွမ်းတယ်..ဖတ်ပြီးတော့လည်း လွမ်းတယ်...း)

{ မဒမ်ကိုး } at: September 30, 2011 at 2:01 PM said...

မပူနဲ့ မမစံပယ်

သူ့ထက်ကောင်းတာလာလိမ့်မယ်း)

စိတ်ဖြေအောင်ပြောပေမယ့် ဖတ်ပြီးတော့ လွမ်းသွားတယ်

{ သူကြီးမင်း (တုံးဖလား) } at: September 30, 2011 at 5:38 PM said...

လွမ်းကြ လွမ်းကြ။ သူတို့လွမ်းတာနဲ့ ဒီကလူကြီး ဘယ်ကို သွားလွမ်းရမှန်းတောင် မသိတော့ဘူးးးးးးးးးးးးးး။း)

ခင်မင်လျှက်

{ Cameron } at: September 30, 2011 at 7:28 PM said...

လွမ်းနေတုန်း အလွမ်းကဗျာလေးဘာဖတ်သွားတယ်....။

{ ဆူးသစ် } at: September 30, 2011 at 8:55 PM said...

လွမ်းသွားတယ်။ ဒီနေ့မနက်စောစောမိုးနဲ့အတူ.......။ ကျွန်တော်လင့်ချိတ်ထားလိုက်ပါပြီခင်ဗျာ။

{ nyalayphyu } at: October 1, 2011 at 1:53 AM said...

လွမ်း.လွမ်း..လွမ်း..သေအောင်လွမ်း၇တယ်

Anonymous at: October 1, 2011 at 1:54 AM said...

အမေ၇..လွမ်းမနေနဲပတော့ ..(ပဥာက်)

{ mstint } at: October 1, 2011 at 5:35 AM said...

အလွမ်းမင်းသမီးလေးရေ။ လွမ်းချင်ရင်စိတ်ထဲပေါ့အောင် လွမ်းလိုက်ပါ။ ကျန်းမာရေးတော့ ဂရုစိုက်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ မအိမ်သူ } at: October 1, 2011 at 9:02 AM said...

ခံစားတတ်ရင်
ရင်ဘတ်ထဲမှာ
ကဗျာတစ်ပုဒ်ဖြစ်
ကာရန်သစ်တွေက
လှပစွာစီးဆင်း
ချစ်ခြင်းတရားနဲ့
အလွမ်းများဖွဲ့သီ..
ကဗျာလေးတွေဖတ်ရင်းနဲ့ ပုလဲတွေစီကုန်ပြီ မစံပယ်လေးရေ.... (!_!)

{ Angelhlaing(May everybody be happy and healthy! } at: October 1, 2011 at 11:45 AM said...

မမ ညလေးကို လွမ်းနေတာတော့ မဟုတ်တာသေချာတယ် :):)
ဟင့် ...ဒီက လွမ်းတက်တယ်ဆိုနေမှနော် :P

{ ♫♪★လွမ်းပိုင်ရှင်★♪♫ } at: October 1, 2011 at 7:01 PM said...

အမြဲအမြဲလာရောက်ဖတ်ရှုပါကြောင်း

{ ...အလင်းစက်များ } at: October 2, 2011 at 3:33 AM said...

မထားချင်တဲ့ သံယောဇဉ် မရှိချင်တဲ့ တွယ်ငြိမှု

မဖြစ်သင့်ဖူး တွေးတဲ့ အတွေး မချစ်ချင်ဘူး ပြန်မေးတဲ့အမေး

အလွမ်းတွေ မတွေးကြေး အဆွေးတွေ အေးခဲသွားပါစေ။

ခင်မင်စွာဖြင့် (ကြောင်ဖြူများရှင်)

ဟန်ကြည် at: October 2, 2011 at 5:01 AM said...

ကဗျာကို တစ်ဖြောင့်တည်းရစ်သမ်နဲ့ ရေးထားတော့ ဖတ်ရတာ နည်းနည်းမောတယ် ညီမရေ...ပြောချင်တာကိုတော့ ကောင်းကောင်းသရုပ်ဖော်သွားနိုင်ပါတယ်...တကယ်လို့သာ ကြားပါဒတွေခံပြီး အပိုဒ်ခွဲရေးမယ်ဆိုရင် ကဗျာခံစားသူတွေကို အနားပေးပြီး ကဗျာစာသားတွေရင်ထဲစိမ့်ဝင်ဖို့ အချိန်ပေးရာ ရောက်မယ်လို့ ခံစားမိတယ်...အဲဒီလိုသာဆိုရင် ကဗျာလည်း ပိုပြီး ထိရောက်တဲ့ ရသကို ပေးနိုင်လိမ့်မယ်လို့လည်း စဉ်းစားမိပါတယ်...

{ Unknown } at: October 2, 2011 at 8:34 AM said...

အားရပါးရ အားပေးသွားတယ် အမ ရေ..
ရွှင်လန်းချမ်းမြေ့ပါစေ


ခင်မင်လေးစားလျှက်

(ဒုတိယ)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine