Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ပေါက်ကရ မဟုတ်တဲ့ အလွမ်းစစ်စစ်

| Friday, October 7, 2011






မလိုတစ်မျိုး လိုတစ်မျိုး နဲ့
သူကိုယ်သူ မှန်တယ်ထင်ပြီး
လုပ်နေခဲ့တာ....အများအကျိုးပါတဲ့
ရလဒ်ကတော့ အမှားတွေပါပဲ

သူ့ကိုယ်သူမသိ
စဉ်းစားဥာဏ်မရှိ
သနားမိပါ၏။

ကိုယ်ကပဲ အရမ်းအနိုင်လိုချင်တာလား
သူကပဲ အလျော့မပေးတာလား
အဖြေညှိဖို့တော့လိုပြီထင်တယ်
ဒါပေမယ်...လောလောဆယ်မှာတော့
အရှုံးကြီးကြီးက ကိုယ်ပါပဲ

ဦးမညွှန့်နိုင်သလို..အနားမှာလဲ မနေနိုင်တဲ့ငါ့ကို
အပြစ်တွေပုံချခွင့် မင်းမှာ အပြည့်ရှိနေပြီ

လာပါလာပါ...ခေါ်ဆိုတာကမင်း
အပြစ်ရှာ..ဥပေက္ခာနဲ့ သွားတော့သွားတော့ ဆိုတာလဲ
မင်းပါပဲ
ဒါပေမယ့် မခွါနိုင်သေးလို့
ဒီကဗျာက
သက်သေတစ်ပုဒ်...ဖြစ်ကောင်းဖြစ်မယ်
မင်းဆီက...ဒီနေ့ထိ
ပန်းတစ်ဆုတ်လဲ ငါမရခဲ့ပါ

တရေးနိုးတဲ့ ညတွေ...ပိုလို့များလဲ
အဆိပ်သင့်သွားတဲ့...ငါ့ သံယောဇဉ်က
မပြတ်မတောက်.....စုဆောင်းမိတဲ့ အချစ်တွေ
ကျမ်းပြု စာရင်းလုပ်ပြီး
ငါထွက်ခွါဖို့ ပြင်ပါ့မယ်။

ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
အမြဲကျေးဇူး တင်ပြီးလေးစားသော
***jasmine***

23 comments:

{ KMC@ချင်းလေး } at: October 7, 2011 at 9:37 AM said...

'တစ်ရေးနိုးတဲ့ညတွေပိုလို့များလဲအဆိပ်သင့်သွားတဲ့ငါ့သံယောဇဉ်ကမပြတ်မတောက်စုဆောင်းမိတဲ့အချစ်တွေကို ကျမ်းပြုစာရင်းလုပ်ပြီးငါထွက်ခွါဖို့ပြင်ပါ့မယ်'လန်းလိုက်တဲ့နောက်ဆုံးစကားလေး။ဒါပေမယ့်တိုင်ကြားထားတဲ့ဧည့်စာ ရင်းရက်ကုန်တဲ့အထိတော့နေလိုက်ပါဦးမမဂျပ်စ်ရာ..နော်.:P:P:P(JK)

Anonymous at: October 7, 2011 at 10:15 AM said...

အော် နင်ကဂလိုလား ဘယ်ချိန်ထွက်မှာလဲ..ကောင်းရာသုဂတိ..အဲမှားလို့ 
မြန်မြန်နေကောင်းပါစေလို့ ....

{ Tachileik News Agency } at: October 7, 2011 at 10:26 AM said...

ပေါက်ကရ မဟုတ်တဲ့ ဒီအလွမ်းတွေက
အခုတော့ ကဗျာတစ်ပုဒ်အဖြစ် ဖန်ဆင်းသွား... ;)


ZaunG

{ လွင်ပြင်လှိုင်းငယ် } at: October 7, 2011 at 11:50 AM said...

အားပေးသွားပါတယ်

{ blackroze } at: October 7, 2011 at 12:12 PM said...

ကဗျာကိုသေချာခံစားဖတ်သွားပါတယ် Jas ရေ
ဖောင်တော်ဦးဘုရားပွဲစနေပြီနော်..
အင်းလေးမှာလေ..

{ San San Htun } at: October 7, 2011 at 12:20 PM said...

ဟုတ်ကဲ့ ပေါက်ကရအလွမ်း မဟုတ်ဘူးနော်...အလွမ်းစစ်စစ်ရှင့်..

Anonymous at: October 7, 2011 at 12:59 PM said...

မချစ်တော့ ရင်..မြန်မြန် အဆုံးသတ်တာ.
ကောင်းမယ် ထင်တယ်နော်..
ခင်တဲ့
နဒီမိုးညို

{ အလင်းသစ် } at: October 7, 2011 at 4:08 PM said...

အမတော်ရေ့ အားပေးခဲ့ပြီဗျာ။။။။

{ AH } at: October 7, 2011 at 4:55 PM said...

ရှေ့ဆက်ရန်နဲ့ နောက်ဆုတ်ရန်ချိန်တဲ့အခါ အမှတ်တရဟာ အတားအဆီးဖြစ်နေလား(စောခူစဲ)..................

ခင်မင်စွာဖြင့်
AH

{ Thameesan } at: October 7, 2011 at 6:53 PM said...

"လောလောဆယ်တော့ အရှုံးကြီးရှုံးတာ ကိုယ်ကိုယ်တိုင်ပဲ"
ဂျက်ရေး))
တော်တော်မကောင်းကြတဲ့ပုရိသတွေပါကွယ် :P

{ Candy } at: October 7, 2011 at 7:36 PM said...

အလွမ်းကို ပေါက်ကရလို့လည်း မထင်မိပါဘူး..:P ကဗျာလေးအရမ်းကြိုက်တယ်.. :D

{ ♫♪★လွမ်းပိုင်ရှင်★♪♫ } at: October 7, 2011 at 7:59 PM said...

ွှအသစ်တင်တိုင်းအားပေးလျက်ပါ

{ mstint } at: October 7, 2011 at 9:41 PM said...

ကဗျာလေး အားပေးသွားတယ် စံပယ်ရေ။
လူ့စိတ်ဆိုတာ ဆန်းကျယ်သား မျက်စိတစ်မှိတ်လျှပ်တစ်ပြက်အတွင်း
အပြောင်းအလဲကမြန်ဆန်လွန်းကြပါပေတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ˜º̶̶ƷʌuτuмиƸ̶º˜˜ } at: October 8, 2011 at 12:10 AM said...

မရေ..
ကိုယ်တိုင်လာလည်ပီး..
အားပေးသွားပါတယ်....

{ rose of sharon } at: October 8, 2011 at 12:21 AM said...

ပေါက်ကရမဟုတ်တဲ့ အလွမ်းစစ်စစ်ကဗျာလေးကို အားပေးသွားပါတယ်...

{ ညီရဲ } at: October 8, 2011 at 5:41 AM said...

အလွမ်းစစ်စစ်လေးတွေကို လာရောက်ဖတ်ရှုသွားပါတယ် အစ်မ..
အလွမ်ကဗျာလေးတွေကို ပြောင်ပြောင်မြောက်မြောက် ရေးဖွဲ့ နိုင်တယ်နော်...
လေးစားမိပါတယ်ဗျာ....

{ ချယ်ရီမြေ } at: October 8, 2011 at 7:21 AM said...

ကျမ်းပြုစာရင်းလုပ်ပြီးရင်လဲ ဘလော့မှာ တင်ပေးပါဦး...jasmine ရေ။ မျှဝေခံစား၇တာပေါ့...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

{ 8Yar } at: October 8, 2011 at 9:42 AM said...

ခံစားသွားပါတယ်ခင်ဗျာ။ သုံးသွားတာလေးတွေလှတယ်ဗျာ။

{ သူကြီးမင်း (တုံးဖလား) } at: October 8, 2011 at 4:06 PM said...

အလွမ်းစစ်စစ်တွေ ကြေငြာစာတမ်းထုတ်ပြီပေါ့။း)

ပျော်ရွှင်ပါစေ။

ခင်မင်လျှက်

{ လင်းခေတ်ဒီနို } at: October 8, 2011 at 6:30 PM said...

မင်းဆီက ပန်းတစ်ဆုပ်လည်း ငါမရခဲ့ပါ တဲ့လားး))

မဂျက်ရေ ခံစားချက်အပြည့်နဲ့ ကဗျာလေးကို ခံစားချက်အပြည့်နဲ့ ဖတ်သွားပါတယ်ဗျာ

{ ဆူးသစ် } at: October 8, 2011 at 8:43 PM said...

ညီမရေ- ဦးညွှတ် တယ်လို့ပြင်ပေးပါဦးနော်။ ကျေးဇူးတင်မိမှာပါ။ တောင်ကြီးရယ်၊ လွမ်းတာရယ် ပေါင်းလိုက်တော့ တော်တော်ချမ်းလာသလိုပဲနော်။ :)
အလွမ်းတွေ ကြမ်းနေပါလား။

{ အလွမ်းမြို့ } at: October 9, 2011 at 2:19 AM said...
This comment has been removed by the author.
{ အလွမ်းမြို့ } at: October 9, 2011 at 2:23 AM said...

မှားရေးမိတာဆောရီးပါ စံပယ်. အမေကကျား..သားက ကန် ဆိုတာလေး...တောင်းပန်တယ်နော်။ ကဗျာတွေ ဖတ်ပြီး ခံစားသွားပါတယ်။
ပျော်ရွှင်ပါစေ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine