Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ကျွန်မ ရဲ့ နှလုံးသား အရှင်သခင်

| Saturday, October 22, 2011





ရင်ဘတ်ထဲ 
အမြဲလွမ်းဆွတ်နေရသူ
အားပါးတရ
နမ်းရှိုက်ခွင့် ရခဲ့ရင်လဲ
ဖွဖွလေးသာ နမ်းပါရစေ
ချစ်ရသူနဖူး
အနမ်းဦးနဲ့ 
နိုးပါရစေ
သူ့ အပြုံး နှလုံးသားကြွေလဲ
မယိုင်မလှဲ ခိုင်မြဲလှတဲ့
ဒီ သံယောဇဉ်တွေနဲ့
ကမ္ဘာတစ်သောင်းထိ
ထပ်လောင်းကာ
ပေါင်းပါရစေတော့ ။
၂၄-၁၀-၂၀၁၁တွင်( ၆) နှစ်ပြည့် အမှတ်တရအတွက်နဲ့ ဒီကဗျာလေးကိုရေးသားခဲ့တာပါ
လွန်ခဲ့တဲ့ ၁၀ ရက်မတိုင်ခင်ကပဲဘာရေးရ မလဲလို့စဉ်းစားမိနေပြီး
ရင်ဘတ်ထဲက ထွက်လာတဲ့ အကြင်နာသံဇဉ်တွေပါ။






(ပါရမီဖြည့်ဖက်)

ဆံဖြူသွားကျိုး
မငြိုးတဲ့ အချစ်နဲ့
အတိုးရော အရင်းပါပေါင်းပြီး
တစ်မိုးအောက်က
တစ်ယောက်ချစ်ရသူ။

မောင့်အတွက် ချစ်သက်တမ်း (၆နှစ်ပြည့်) အမှတ်တရ

32 comments:

{ ...အလင်းစက်များ } at: October 22, 2011 at 3:55 PM said...

နမ်းရှိုက်ခွင့် မရချင်ဘူး။
ငုတ်တုတ် ထိုင်ကြည့်နေချင်တယ်။
အိုဘဲ့ .... ငါလူပျိုသိုး

ဟီးဟီး

ကြောင်ဖြူများရှင်

{ ˜º̶̶ƷʌuτuмиƸ̶º˜˜ } at: October 22, 2011 at 4:24 PM said...

ကောင်းလိုက်တဲ.ကဗျာလေးရှင်..
ဂျက်မလေးနဲ.ဂျက်မလေးရဲမောင်တို့
ဆန္ဒနဲ.ဘ၀ တထပ်ထဲကျပါစေကြောင်း
ဆုတောင်းရင်း....
ရမ်းခင်တတ်တဲ.
မေသန်.ဇင်

Anonymous at: October 22, 2011 at 7:21 PM said...

ဟယ်တော်..ခြောက်နှစ်တောင်ရှိနေပြီလား???
ဒါဆို..သူငယ်တန်းပဲရှိအုံးမှပေါ့း)
သူငယ်တန်းမှသည်..ဟိုးဆယ်တန်းအောင်
ဘွဲ့ရ..လုပ်ငန်းခွင်ဝင်..
သားသမီးမြေးမြစ်တွေရတဲ့အထိ..
မခွဲမခွာ...အတူနွှဲ
မြဲဆက်ကာ..ယှဉ်တွဲပြီး.."ကဲ"နိုင်ကြပါစေး)
ဆုတောင်းပေးတယ်နော်..ကျုပ်ကိုမကြော်ငြာနဲ့တော့းP

{ Candy } at: October 22, 2011 at 7:47 PM said...

ပျော်စရာကြီး အစ်မရယ်.. ၆နှစ်တောင် ရှိပြီပေါ့... Congrat :D

{ ညိမ်းနိုင် } at: October 22, 2011 at 8:36 PM said...

ဟင်.....မောင်က ၆နှစ်သားပဲရှိသေးလား...ဟုတ်သေးပါဘူး မိစံပယ်.....:))))
စတာနော်...၊ကမ္ဘာတစ်သောင်းမက...ချစ်သူနှစ်ဦး ဘဝခရီးလမ်းကို ဖြောင့်တန်း
ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေသော်ဝ်...................

{ လွင်ပြင်လှိုင်းငယ် } at: October 22, 2011 at 9:02 PM said...

မဂျက်ရဲ့မောင်လဲ ဖတ်မိပြီးကြည်နူးနေပါလိမ့်မယ်

{ မိုးမြင့်တိမ် } at: October 22, 2011 at 9:03 PM said...

ပျော်ရွှင်စရာ နှစ်ပတ်လည်နေ့လေးဖြစ်ပါစေဗျာ။

မိုးမြင့်တိမ်

{ ပစ်ပစ် } at: October 22, 2011 at 10:28 PM said...

ကဲ..ချစ်ရပါသော jas ရေ
6 နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
ပျော်ရွှင်ကြည်နူးကြပါစေရှင်..

ချစ်တဲ့ ပစ်ပစ်

{ ချယ်ရီမြေ } at: October 22, 2011 at 10:33 PM said...

တစ်မိုးအောက်မှ တစ်ယောက်သောချစ်သူအတွက် ၆ နှစ်ပြည့်အလွမ်းလေး
ဖတ်သွားပါတယ် Jasmine ရေ..

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

{ Green } at: October 22, 2011 at 10:51 PM said...

ဖတ်သွားတယ်ဗျ..။ ခံစားမှုလေးတစ်ခုပါပဲ။

သဘောကျပါတယ်ဗျာ

{ ညီရဲသစ် } at: October 22, 2011 at 11:40 PM said...

ကဗျာလေးက ညင်သာလိုက်တာ...
အားပါးတရ နမ်းခွင့်ရမယ် ဆိုရင်တောင် ဖြည်းဖြည်းဘဲ နမ်းမယ်ဆိုတော့...
တဘက်လူတော့ တော်တော် သဘောကျသွားမယ်...
တို့ အစ်မကတော့ ကဗျာရေး တကယ်ကောင်းဟေ့....

{ mstint } at: October 23, 2011 at 12:49 AM said...

ဖတ်ရတာကြည်နူးစရာကောင်းတယ် စံပယ်လေးရေ။
၆-နှစ်မှသည် ကမ္ဘာပေါင်းများစွာ စိတ်တူကိုယ်တူချစ်တဲ့သူများအဖြစ် တွဲလက်မဖြုတ်စတမ်း ခိုင်မြဲနိုင်ကြပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ပန်းချီ } at: October 23, 2011 at 1:10 AM said...

Congrats to both of you for reaching this far mama Jas.. :)))) Muahhhhh....

Love,
MPC

Anonymous at: October 23, 2011 at 1:15 AM said...

အမ်မလေးဗျာ
အားကျလွန်းလို့ ဂလုဂလုတောင်မြည်သွားသေးတယ်
ချစ်နိုင်သူတွေချစ်ကြစေဗျာ
ချစ်ကြစေး)း)


မောင်ဘကြိုင်

{ ဆူးသစ် } at: October 23, 2011 at 2:36 AM said...

နမ်းခွင့်ရရင်တောင်ဖွဖွလေးတဲ့လားတဲ့ဗျာ။ နှိုးတာတောင် အနမ်းနဲ့နှိုးမလို့တဲ့။ နှလုံးသားက တော်တော်လေးနုရွလတ်ဆတ်နေပါလားဗျာ။ အချစ်ကြောင့်ဖြစ်မယ်။ ဒီထက်ပိုသက်တမ်းကြာရှည်ချစ်နိုင်ပါစေဗျာ။

{ နွေတေးရှင် } at: October 23, 2011 at 3:05 AM said...

မစံပယ်....
ဖွဲ့နွဲ့မှု့လေး ကောင်းလှတယ်ဗျာ
ချစ်ရသူ နဖူး
အနမ်းဦးနဲ့ နိုးပါရစေ
ဖတ်ရင်းနဲ့တောင်ကြည်နူးမိတယ်
ထို ခရီးလမ်း အေးချမ်းသာယာ ကြပါစေဗျာ။

{ ♫♪★လွမ်းပိုင်ရှင်★♪♫ } at: October 23, 2011 at 3:51 AM said...

အားပေးသွားပါတယ်နော်

{ အိမ်မက်စေရာ } at: October 23, 2011 at 4:46 AM said...

congrat.. ပါ မမဂျက်စ်
၆ နှစ်မစ
နှစ်ပေါင်းများစွာမက
ရွှေလက်များတွဲ
ခိုင်မြဲပါစေ ရှင်..
ချစ်တဲ့
အိမ်မက်

Anonymous at: October 23, 2011 at 7:18 AM said...

သြော် ခြောက်နှစ်ကြီးများတောင် ခုထိကို ပေါင်းနိုင်သေးဘူးလား
ဇွဲကောင်းလိုက်တာနော် ..
း)
ချစ်ရသူနဲ့ ပေါင်းဖက်နိုင်ပါစေဗျာ ..

{ San San Htun } at: October 23, 2011 at 7:18 AM said...

ဒီတခါတော့ မလွမ်းတော့ဘဲ ကဗျာတွေက အချစ်တွေနဲ့  ထုံမွှန်းနေလိုက်တာ...နှစ်ပတ်လည်ပေါင်းများစွာ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ နော်...

{ ပဥာက် } at: October 23, 2011 at 9:11 AM said...

ချစ်သူနဲ့ပေါင်းတာပဲ..၆သောင်းမကဘူး..ပေါင်းဖတ်ထားချင်တာပေါ့နော့.ဟဟာဟာဟားဟား

{ Angelhlaing(May everybody be happy and healthy! } at: October 23, 2011 at 10:00 AM said...

အာာ..ချစ်မရေ ဖြေးဖြေးနော်....ဒီမှာ နမ်းမယ်ဆိုလို့ အသက်အောင့်ထားတယ် .....:P
မိုက်တယ်မမရာ..မမရဲ့ မောင်တစ်ယောက်တော့ ကြွေဆင်းရုံတင်မက
ခွေပါကျလောက်နေပြီ.....:)
စကားလုံးလေးနည်းနည်းမှာ များစွာသောချစ်ချင်းတွေနဲ့
သစ္စာတရားတွေ စီးဆင်းနေလေတော့...
အားကျတယ်...ချစ်မရေ....

{ Cameron } at: October 23, 2011 at 9:35 PM said...

ခြောက်နှစ်မြောက်တဲ့လား.... ချစ်သူခြင်းချစ်ကြတယ်ဆိုတာမင်္ဂလာတစ်ပါးပါပဲ...။ နောင်နှစ်ပေါင်းများစွာထိ နားလည်ကြင်နာစွာ အနားမှာ အချစ်များဆထက်ပိုပါစေ...။

{ မဒမ်ကိုး } at: October 23, 2011 at 9:41 PM said...

မမဂျက်ရေ ခရီးလွန်နေလို့ ဆုတောင်းနောက်ကျသွားတာခွင့်လွှတ်ပါကွယ်း)

မမဂျက်နဲ့ချစ်သောမောင်တို့သည် နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ခြင်းတို့ဖြင့်
ပြီးပြည့်စုံပါစေ .......
တို့လို့တွဲလောင်းလေးတွေလဲ အမြန်ဆုံးဖြစ်ပါစေး)

ချစ်တဲ့

ဒိုးကန်

{ kokoseinygn } at: October 24, 2011 at 2:19 AM said...

သက်တမ်းနုနု
နှစ်တစ်ခုမှသည်
ထောင်သောင်းသက်တမ်း
နှစ်တွေတိုင်လဲ
မခွဲစတမ်း
အမြဲတမ်း
အပြစ်မမြင်
ချစ်ခင်နိုင်ကြပါစေ။

{ AH } at: October 24, 2011 at 8:55 AM said...

မဂျက်စ်ရေ ခြောက်နှစ်မှသည် နှစ်ပေါင်းများစွာတိုင်အောင် ချစ်ခင်ကြင်နာ လက်တွဲနိုင်ပါစေကြောင်း ဆုတောင်းရင်း ၆ နှစ်ပတ်လည်ပြည့်ကဗျာလေးကို အားပေးသွားပါတယ် ခင်ဗျာ :)

ဟန်ကြည် at: October 24, 2011 at 10:14 AM said...

အင်း ခြောက်နှစ်ပြည့် ရတုကို ကဗျာစပ်လေတော့ ဦးဟန်ကြည်တို့လည်း ကိုးနှစ်ပြည့်ရတုကို ကဗျာစပ်ရင်ကောင်းမလား စဉ်းစားမိပေသပေါ့...ကိုင်ဇာရဲ့သီချင်းထဲကလို “ အခုအချိန်လိုမဟုတ်ဘဲ နောင်လာမယ့်နှစ်ပေါင်းငါးဆယ်...သားတို့နားမလည် မြေးတို့နားမလည် သူငယ်ပြန်တယ်ထင်လည်းထင် ”တဲ့အထိ ချစ်နိုင်ကြပါစေဗျား...

{ ကိုဇော် } at: October 24, 2011 at 2:46 PM said...

သူများတွေများ ခြောက်နှစ်တဲ့ . . .အားကျစရာ။
အို . .အေ . . ဒါပေမဲ့ . .
ဒါတွေက အပူတွေပါ . . .

ဒါနဲ့ စကားမစပ် အခုတလော မလေးမှာလည်း အတော်ပူတယ်နော် အစ်မ။ ကျနော်လည်း အနွေးထည် တစ်ထည်လောက် လိုချင်လို့...အဟိ

{ မြသွေးနီ } at: October 25, 2011 at 2:10 AM said...

အိုး........ နုချက်ကတော့ ကမ်းကုန်ပါဘဲ..။
သူငယ်တောင် ပြန်ချင်သွားတယ်..။ :)
ချစ်သူနဲ့ ထာဝရလက်တွဲနိုင်ပါစေညီမရေ...။

Anonymous at: October 27, 2011 at 12:43 AM said...

ချစ်သောသူနှင့် ထာဝရ ... ပျော်ရွင်ခွင့်ရပါစေ ...ဗျာ ...

မောင်ဘုန်း

{ KO2 } at: October 27, 2011 at 2:25 AM said...

ဟိုက်ရှား ..... ငုတ်တုတ်ကြွေသွားတယ်ဗျာ ..
အားကျမိပါတယ်။
ထာဝရ တစ်သက်တာ ရာသက်ပန် ပျော်ရွှင်ကြပါစေ။

{ မိုးဇက် } at: October 28, 2011 at 7:24 AM said...

မညိုးနိုင်တဲ့ အချစ်မျိုးနှင့် လုပ်ပါအစ်မ အိမ်ဂျယ်ရယ် ။ ကျွန်တော်တော့ အဲလိုပဲထင်တယ် ။ အဟီးးP

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine