Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

နောက်ဆုံးတော့ အလွမ်း

29
| Monday, November 28, 2011


တစ်နှစ်ပြီး တစ်နှစ် 
အချစ်ပြီး အချစ်
ခုတော့ ပြစ်သွားပြီတဲ့ -
တစ်နွေပြီး တစ်နွေ
တစ်မိုးပြီး တစ်မိုး
တစ်ဆောင်ပြီး တစ်ဆောင်း
ခုတော့  ပြောင်းသွားပြီတဲ့ -
အော် လတစ်ခြမ်း အပြုံးမရှိ
နေမင်းကြီးလဲ မျက်ရည်ကျ
ကြယ်လေးတွေ ဘယ်သူ့ကို
အားကိုးရမှာလဲကွယ် -
မိုးချူပ်ရင် အိမ်ပြန်ရတာ 
ထုံးတမ်းစဉ်လာ တစ်ခုပါပဲ
တို့နှစ်ယောက်ကြား
ခြားထားတဲ့စည်း
ငြိမ်းချမ်းနိုင်မလား -
တို့နှစ်ယောက်ကြား
တားထားတဲ့ တောင်တန်း
ဖြတ်ကျော်နိုင်ပါ့မလား -
နှလုံးသားထဲက အချစ်ကို
မြင်အောင်ကြည့်တတ်ရဲ့လာ
ရင်ဘတ်ထဲမှာ တစ်ယောက်ယောက်ကို
ထဲ့ထားဖူးသလား -
နှလုံးသားချင်း ထပ်ထားတဲ့
အကြင်နာ တရားရုံးလဲ
ခေတ်အလိုက် မင်းအကြိုက်
လာဒ်စားမှုတွေ တစ်ကယ်ဖြစ်တော့
မင်းမရှိတဲ့ ငါ့ဘ၀လဲ
ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုရောက်ရောက်
တွေ့သမျှ မြင်သမျှ အရာအားလုံး 
လန်းလန်းဆန်းဆန်းမရှိပဲ
စစ်ရှုံးသည့်ရဲဘော်တွေလို
ဒါဏ်ရာတွေအပြည့်ပါပဲ
သံယောဇဉ်နဲ့ ချစ်ခြင်းတရားတွေ
ဘယ်လောက်ပဲ ခြေကုန်လက်ပန်း ကျကျ
င့ါရဲ့ တွယ်တာမှုတွေက
ပြောင်းလဲသွားမှာ မဟုတ်ပါဘူး
မင်းရဲ့ အစဉ်အလာ မပျက်အောင်လို့
ငါ့အကြင်နာတွေကိုဘေးဖယ်တယ်ဆိုရင်တော့လဲ
ရှိပါစေတော့ ချစ်သူရယ် ။

(jasmine)


ကဗျာတို (၅)

26
| Saturday, November 26, 2011


မချစ်ရင်လဲ နောင်တရမယ်
ချစ်ပြီးရင်လဲ နောင်တရလိမ့်မယ်
ချစ်ပြီးရမဲ့နောင်တ ကိုပဲလိုချင်ပါတယ်
ဘာပဲဖြစ်ဖြစ်
ဘ၀မှာတစ်ကြိမ်တစ်ခါ ချစ်ခဲ့ဖူးတာပေါ့ ။


စာချစ်သူ ကဗျာချစ်သူများအားလုံးရဲ့ 
ထာဝရ ရိုးသားစွာနဲ့ ကဗျာတွေဆက်ရေးနေတဲ့
jasmine


နောက်မကျသေးဘူး သူငယ်ချင်း

19
| Thursday, November 24, 2011




ကိုယ်ခန္ဓာ ထဲက မကောင်းဆိုးဝါးတွေကို

တွန်းလှန်လိုက်ပါသူငယ်ချင်း

နှလုံးသားထဲက ရေမျောကမ်းတင်

အမှိုက်သရိုက်များ တောချောင်းလေးနဲ့

ဆေးစေလိုလို့ ပြောမိတာပါ

မြက်စားတဲ့ ခြင်္သေ့ 
မင်းဖြစ်ချင်နေတာလားကွယ်

ကန်ရေပဲသောက်ပါ

စားမိတဲ့မြက်ခြောက်များ ပြန်အန်လိုက်နော်

မနက်ဖြန်အတွက် အမှားကင်းအောင်

အားတင်းလိုက်ပါ သူငယ်ချင်း

ကွဲအက်သွားတဲ့ သိက္ခာအတွက်

ရိပ်သာဝင်စရာမလိုပါဘူး

တရား သဘောနဲ့ အမှားကို

အမှန်ပြင် နောက်မကျသေးဘူးနော်

ဖြေးဖြေးလေး လျှောကျနေတဲ့ ကိုယ်ကျင့်တရား

ပျက်တာများလို့ တစ်ခါထဲ ခ၀ါချလိုက်တော့

တလိမ့်လိမ့် စီးဆင်းနေတဲ့

မင်းနှလုံးသားက အမုန်းများတဲ့ သွေးစက်တွေ

ဒီဆောင်းရဲ့ နှင်းမိုးလေးနဲ့ မျှောလိုက်ပါ

အတွေးထဲက မနက်ဖြန်မှာတော့

နေသာသောနေ့ တစ်နေ့
မင်းကိုကြိုနေမှာပါ ။ 


ရိုးသားစွာနဲ့ အမြဲကြိုးစားပြီး ကဗျာတွေရေးနေမည့်
အားလုံးရဲ့ ထာဝရ jasmine

လွမ်းရတဲ့ ဆောင်းရက်ရှည်

21
| Tuesday, November 22, 2011





နှင်းရည်စက်တို့က စိုလက်လက်
ချစ်သူ အနားမှာမရှိတဲ့ ဆောင်းရက်တွေ
အနေခက်နေသလိုပဲ
ထားခဲ့ဖူးတဲ့ သစ္စာတရား
မေ့ဖျောက်ဖို့ ကြိုးစားနေတာလား
ဒီနှစ်ဆောင်း အအေးက နဲနဲကြမ်းတယ်နော်
နေရောင်က ပေါ်တစ်ချက် ပျောက်တစ်ချက်နဲ့
မိုးကောင်းကင်ကြီးအောက်မှာ
နွေးထွေးတဲ့ လက်တစ်စုံ မရှိတော့
မျက်ရည်တွေ တိတ်တခိုး စိုလူးခဲ့ရတယ်
စိုလူးနေတဲ့ မျက်ရည်တွေမှာ
စံပယ်ရနံ့ ငါရနေတယ်
ဘယ်အညိုးနဲ့ နှင်းမိုးတွေရွာချနေတာလဲ
ထွေးပွေ့မဲ့သူမရှိတော့ အလွမ်းတွေက
တစ်ရက်ပြီး တစ်ရက် ဆက်လို့နေပြီ
ချယ်ရီတွေကိုကြည့်လိုက်တော့
သူတို့တွေက တစ်ပြုံးပြုံးနဲ့ပေါ့
သူ့တို့ရဲ့ လှသမှု ကိုပြသခွင့် ရတော့မှာလေ
ရင်ထဲ ထားခဲ့တဲ့ သစ္စာတရား
လတ်လတ်ဆတ်ဆတ် ရှိနေဆဲမို့
ချစ်သူ မရှိတဲ့ ဆောင်းရက်ရှည်တွေကို
ပြောင်းလှဲလို့လဲ မရ ခက်တော့နေပြီ ။


ရင်ဘတ်မှာခတ်ထားတဲ့သော့
သံချေးတက်တာလဲ ကြာခဲ့ပြီနော်
တံခါးမခေါက်ပဲ လာလာပြီး
နှောက်ယှက်လို့ အသည်းနှလုံးတွေ
နဲနဲတော့ ဂယောက်ဂယက်ဖြစ်ရတယ်
လမ်းလျှောက်ရင်းအိပ်မက်နေသလို
အမြင်တွေေ၀၀ါးဝါးနဲ့
စိတ်တွေစုစည်းမရပဲ
ထွေပြားနေရတာ ဒီဆောင်းကြောင့်တော့
မဟုတ်ပါဘူး များစွာသောဆောင်းတွေလဲ
ဒီလိုပဲ ဖြတ်သန်းခဲ့ရလို့
ရိုးနေပါပြီလေ ။


ရှည်လျှားတဲ့ ညတာ ကို ခေါက်သိမ်း
အပြုံးတုတွေကိုလိမ်းထားတဲ့ မျက်နှာဖုန်းခွါချ
ဘ၀တွေ ရှင်သန်ဖို့အတွက်
ခရီး ကြမ်းကြမ်းတွေဖြတ်သန်းရင်း
ဟိုးအရင်က ငိုရှိုက်သံတွေ
အရိပ်လိုပဲ ထက်ချပ်မကွာ
ပါလာခဲ့တာ 
ကျေးဇူး အနန္တပါလို့
ပြောရမှာလားကွယ် ။



အလွမ်းကဗျာတွေ ရေးသားနေခြင်းမှာ ယခု
jasmine လွမ်းနေခြင်းမဟုတ်ပါ---ရင်ထဲကထွက်ပေါ်လာတဲ့ စကားလုံးလေးတွေကို
ကဗျာအနေဖြင့် ဖော်ပြနေခြင်း သက်သက်ဖြစ်ပါ၏
မှန်ရာကိုပြောပြရရင်တော့ ဘယ်ကိုသွားသွား ဘာကိုစားစား
တစ်ယောက်ထဲဆိုရင် အိမ်ကလူ ကိုလွမ်းမိပါတယ်
အဲဒီ အလွမ်းသာ ရှိခဲ့(ရှိနေ)ပါ၏ ။
ရိုးသားခြင်းဖြင့် ကဗျာတွေကို ဆက်လက်ရေးသားနေပါမည် ။

ချစ်ခဲ့ဖူးပါသည် - သို့သော်

23
| Friday, November 18, 2011


သွားခဲ့ဖူးတယ်
ဘယ်ကိုမှ မရောက်ခဲ့ပါ။
စားခဲ့ဖူးတယ်
ဗိုက် မပြည့်ခဲ့ပါ။
ဘုရားရှိခိုးခဲ့ဖူးတယ်
တရားသဘော ဘာမှမသိခဲ့ပါ။
နွေနေ့လည် အကာအကွယ်မပါ
လမ်းလျှောက်ခဲ့ဖူးတယ်
အပူ ဆိုတာနားမလည်ခဲ့ပါ။

အနွေးထည် မပါ ဆောင်းညသန်းခေါင်
အိမ်အပြင် ဂီတာတီးပြီးသီချင်းဆိုဖူးပါတယ်
အေးချမ်းမှု ကိုယ်နဲ့မဆိုင်ပါ။

ထီးမပါ မိုးရေထဲ ကရောင်ကတမ်းထပြီးသွားပါရဲ့
မိုးရေတွေ စိုတာ ဘာတွေများလဲ...မေးရမလို။
ဆီးနှင်းတစ်ပေါက်ပေါက်
မိုး တစ်ဖျောက်ဖျောက်မှာလဲ
အသည်းတစ်လျှောက်က
စစ်မှန်သော နှလုံးသား တစ်စုံ
ရင်နှင့် ရင်းပြီး ချစ်ခဲ့ဖူးပါတယ်။

နယူတန် နိယာမ မှားခဲ့တာလား
အသုံးမကျ ငါ့ဘ၀ - နားကြားလွဲခဲ့တာလား
အဖြေမသိပေမယ့် အချစ်ရှိနေတာပါ
ပြောခဲ့ဖူးတဲ့စကား - အများအပြား ရှိပါ၏
သို့သော် လိုရင်းမရောက်ပဲ
နှလုံးသားပျောက်တဲ့ကိန်း
သစ္စာတရား - ပျက်ပါများတော့
နာကျင်ခြင်းတွေ - ဒီရေအလား။
ချိုသော အပြုံး
ကြင်နာသော နှလုံးသား
နွေးထွေးတဲ့ လက်တစ်စုံ
ညင်သာတဲ့ အကြည့်
အားလုံးငါမှာရှိနေခဲ့တာ
နောက်တော့လဲ - အမဲဖျက်သလို
တဲတဲလေးတောင် မကျန်အောင်
ရင်ဘတ်တစ်ခုလုံး နတ္တိ  ။  


စာချစ်သူ ကဗျာချစ်သူများ အာလုံးရဲ့ ထာဝရ
jasmine




ဘ၀ရဲ့ မိုးရေယိုသောနေ့ရက်များ

20
| Thursday, November 17, 2011


ချစ်သူတဲ့ လား
မင်းနဲနဲ တော့များနေပြီနော်
ငါ့အသဲတွေ ဝေခွဲပြီး မသုံးနိုင်သလို
မင်းကိုလဲ တစ်သက်လုံး မမုန်းချင်ဘူး
မထူးဇတ်လိုလို ပုံပြင်လိုလို မလုပ်ပါနဲ့
ရူးမတတ်ချစ်ခဲ့တာတော့ သတိနဲနဲရပေးပါ ။

ဆောင်းရာသီ ကဗျာတွေအတွက်
မင်းကငါ့ကို စာသင်နေတာပေါ့
အချစ် စစ်စစ်ကို အမြင်လှစေဖို့
ကာလာစုံ ဆိုးစရာ လိုလို့လား
သံယောဇဉ် တွေတိုးပေးရင်တော့
လုံလောက်ပြီ ထင်တာပဲ ။

မျော်လင့်ချက်တွေ ရင်ထဲ
မမေ့ မပျောက်ရှိနေခဲ့လို့
တနေ့နေ့ မင်းလေး
ငါ့ရင်ဘတ်ထဲ ရောက်လာမှာပါဆိုတဲ့
အတွေးသက်သက်နဲ့ 
အနေခက်နေတာလဲ ကြာခဲ့ပြီ ။

တစ်နေ့တစ်ခြား ပီပြင်လာတဲ့ဆောင်း
တောင်ကုန်းပေါ် လှမ်းကြည့်လိုက်စမ်း
မြူနှင်းတွေ တိမ်ခိုးတွေ အပြည့်
နှလုံးသားထဲမှာလဲ အလွမ်းတွေ
မျော်လင့်ခြင်းတွေ အပြည့်
အပြင်မှာအေးပြီး 
ရင်တွင်းက ပူတယ်
ဒီအပူ လူတွေသိမှာ ကြောက်လို့
တိုးတိတ်စွာနဲ့ပဲ ဆက်လက်သိမ်းထားစို့ ။

အစကတဲက ဒီလမ်း
မဖြောင့်တန်းတာ သိခဲ့တာပဲ
ပြက္ခဒိန် အသစ်အသစ်တွေက
ငါ့ကို ကုသပေးတဲ့ သမားတော်တွေပါ
အရောင် နဲနဲလွင့်နေတဲ့
သံယောဇဉ်ကိုတော့
ဝါးကူထိုးနေတဲ့ လူနဲစုကတော့
ပတ်ဝန်းကျင်မှာ ရှိနေလေရဲ့ ။


စာချစ်သူ ကဗျာချစ်သူများအားလုံးရဲ့
jasmine

ဘလော့ဂါတို့ ဆုံစည်းရာနေရာလေး အပိုင်း(၂)

30
| Tuesday, November 15, 2011
သဒ္ဓါလှိုင်းပုံနော် ဘေးကတစ်ယောက်ကတော့ မိဂျက် အဲလေမိကက်လဲ
မသိပါဘူး သိချင်ရင်တွေ့တဲ့အခါမေးကြည့်နော်


နန်းကြာဦး(ကိုစိုင်း)တို့အတွဲလေးပေါ့ရှင်


Qe Te ရဲ့ပုံလေးပါရှင် သူ့ဟင်းတွေဘယ်သူခိုးစားမလဲလို့ချောင်းကြည့်
နေတာပါနော် သူကအချက်ကောင်းတာကိုး

ဇင်မျိုးရဲ့ပုံနော် တစ်ယောက်ထဲ
ဘယ်သူနဲ့ကစားမလဲ မသိဘူး...

ဟင်းချက်ကောင်းတဲ့ lora ပါရှင် သူ့ဟင်းတွေများတို့ကကြည့်ပဲကြည့်နေရတာ
စားလဲစားရဘူး သူ့ဖာသာသူပဲစားတယ် ဟီးဟီး..(ငိုသံ)


မိုးခါးရဲ့ပုံလေးပါရှင် အဲလိုဖြူဖြူချောချောတွေ့ရင်မိုးခါးလို့သာမှတ်လိုက်



တိမ်တွေပြိုသွားတဲ့ကောင်းကင်က မိုးမြင့်တိမ်လေ
တိမ်တွေပြိုရင် တစ်ယောက်ထဲဖြစ်နေမှာစိုးလို့ အဖော်နဲ့ဗျ

(၀ါခေါင်မိုး) မအိမ်သူနှင့်သူ၏မိသားစုပုံနော်


berbielay ဘရဏီရဲ့ပုံလေးပါရှင် မမြင်ဖူးသူများသေချာကြည့်ထားကြပါ


မောင်သက်ဝေရဲ့ ပုံပါနော်ကဗျာတွေရေးရတာပင်ပန်းလို့တဲ့


တောသားလေးရဲ့ပုံပါရှင် တောကနေကြာပန်းတွေယူလာပြီး
သူချစ်နေတဲ့ကောင်မလေးကိုပေးမလို့တဲ့လေ--


မိုးဇက်ပါရှင် သူမပါဘူးထင်ပြီးစိတ်တွေဆိုးနေတာလေ
လက်တွေမြောက်ပြီးဒေါသတွေထွက်နေတာထင်တာပဲ


sosegado ရဲ့ပုံပါရှင် ဂျက်လဲခုမှမြင်ဖူးတော့တယ်


မေတ္တာရိပ် ပါရှင် ဘလော့တွေတင်ရတာပင်ပန်းလို့
အနားယူနေတာပါတဲ့



ချစ်ကြည်အေး(မမချစ်) ဆောင်းဝင်လာပြီကွယ်အေးလို့တဲ့

မောင်တစ်လုံးပုံပါပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်က
သူကြိုက်နေတဲ့ ဘလော့ဂါ မလေးမွေးနေ့လုပ်တာလေတိတ်တခိုးဆုတောင်းပေးတာတဲ့
ဘယ်သူလဲသိချင်ရင်သူ့ကိုသာမေးလိုက်ပါနော်



အိမ်မက်စေရာနော် သိတယ်ဟုတ် အိပ်မက်ထဲမှာတော့ ပျော်ဖို့
အရမ်းကောင်းနေမှာပဲကြည့်ရတာလေ


နေမင်းရောင်ခြည်တဲ့လေ တစ်ယောက်ထဲသမားပါပဲ
ဒါပေမဲ့ အတွဲလေးလိုချင်တယ်ဆိုလို့မနဲလိုက်ရှာရတာ မောလိုက်တာဟယ်


မောင်တစ်လုံးသူငယ်ချင်းလေးသိလား လေလွင့်သူတဲ့
အမှန်အကန်ကို လွင့်နေတာနော်ဤပုံကိုကြည့်သိပါ၏ပေါ့နော်



ဂျက်စမင်းလေးအလုပ်တွေရှုပ်သွားရပါတယ်
ပင်ပန်းလိုက်တာဟယ် တစ်ကယ်ပါပဲတော်ရေ---














 ချစ်ရပါသောမောင်ဆုတောင်းနေတဲ့ပုံပါ
ဂျက်ဂျက်နဲ့ ရာသက်ပန်ပျော်ရွှင်ချမ်းမြေ့ဖို့ပါတဲ့

ဘလော့ဂါတိှု့ဆုံစည်းရာနေရာလေး အပိုင်း(၁)

59
| Sunday, November 13, 2011





ကိုကိုမောင်-ကိုဇော်-အလင်းစက်များ လူပျိုကြီးတွေပေါ့ တိုင်ပင်နေကျတာလေ
မိန်းမယူဖို့ကိစ္စပဲဖြစ်မှာပါ
ဆရာဦးဟန်ကြည်နှင့်ဇနီးချော
candy လေးပေါ့ စိတ်ညစ်လို့ပုန်းနေတာတဲ့

                                 လွမ်းပိုင်ရှင်ဆိုတဲ့ ဘလော့ဂါလေးပေါ့





ပစ်ပစ်လေးပေါ့ သူ့ချစ်သူကိုလွမ်းနေတာ

ညီမငယ်လှိုင်း(အလွမ်းမင်းသမီးလေးပါ)
ဘလော့ဂါ အပျိုကြီးတွေလေ သိတယ်မဟုတ်လား အားလုံးအက်ရှင်ကတော့အပြည့်ပဲ

 
ဇက်ပီလင်းတန်း တစ်ခါတစ်လေမှတွေ့ရတယ်
junemoe ဆိုတဲ့တစ်ယောက်လေ သေချာကြည့်ထား
မိုဘာမှာလဲရှိတယ်နော်---







ko2 ဆိုတာသူပဲနော် မသိဘူးဟုတ်လား သေချာမှတ်ထားပါ
 
နောင်အနာဂတ် ကိုရင်နဲ့ ရွှေဒိုးမိသားစုပေါ့ အားလုံးသူတို့ကလေးတွေလေ





ပျင်းတာလား ပင်ပန်းနေတာလားတော့မသိဘူး
ခုတလောစာတွေကဗျာတွေပျောက်နေတာ မင်းဧရာ
MGTHANT.ME ရဲ့ပုံလေးပါရှင် ပန်းကတော့ဘယ်သူ့ကိုပေးမယ်မသိပါဘူး
လိုချင်တဲ့ကြောင်များတန်းစီကြပါလို့---
အမျိုးကောင်းသားလေးနဲ့ ??? စဉ်းစားနေတာပါ
ဘယ်သူလဲလို့

 
စန်းထွန်းနှင့်ကျောင်းမှ သူငယ်ချင်းများ(စာကျက်ပျင်းလို့ပုန်းနေတာများလား)





သတင်းသမားလေးနေဇော်လင်း သတင်းတွေနောက်လိုက်ရင်းမောလို့တဲ့ဗျာ
အဖြူရောင်နတ်သမီးလေးပေါ့ကွယ်
ဂျက်စမင်းနဲ့ ချစ်ရပါသော ရင်ဘတ်ထဲက မောင်

အမမြသွေးနီတို့ ဇနီးမောင်နှံ

 
မင်္ဂလာပါ ဆရာမ Autumn နဲ့သူ၏တပည့်များ
AH တရုတ်ပြည်ကနေ သူ့အမျိုးသမီးကိုလွမ်းနေတဲ့ပုံ





တွေးမိတွေးရာပေါ့ရှင်
လရောင်အောက်မှာ လွမ်းတယ်ဆိုတဲ့ ဖြိုး
ဘ၀ရဲ့စာမျက်နှာများလေသိတယ်နော်
ခရစ္စတလ်နဲ့ ဘယ်ဘူနဲ့လဲ ???
မကြာခင်ကပဲ ဖူးစာဖက်ရသွားတဲ့ မေသိမ့်သိမ့်ကျော်တို့ စုံတွဲ
အပျိုးကြီးဘလော့ဂါမမတွေ အေလိုးဗစ်ကစားနေပုံ
ဟိုတလောက မိုးငွေ့က အအေး၂ခွက်ကိုသူတစ်ယောက်ထဲသောက်တာတဲ့လေ
သူတို့ကတော့၁ခွက်ကို၂ယောက်အဲလေ ၂ကောင်သောက်တာနော်
ချစ်ကြတာကိုး

kokoseinygn ဟုတ်ပါတယ်နော် ဘေးကဘယ်သူလဲ





ဒုတိယလူ(ဒုဒု)နဲ့ သူငယ်ချင်းလေ ကြွေးရှင်လာလို့ပုန်းနေတာတဲ
ပျောက်နေတာ ကြာပြီ ချင်းကလေးပေါ့
ဘလော့တွေလဲမတင်ဘူး လူကြီးတွေစိတ်ပူအောင်လုပ်တယ်







မောင်တစ်လုံးနဲ့ဖိုးခွား ဆေးလိပ်ခိုးသောက်နေပုံ









ထာဝရသစ္စာ(ချမ်းမင်းကို)ပန်းပေးမလို့ပဲ ဘယ်သူကိုပေးရမှန်းမသိဘူး...စဉ်းစားနေတာ






အောင်မင်းဦးရဲ့ပုံ့ပါရှင်

တီတင့်တစ်ယောက်ချက်ရပြုတ်ရ စာတွေတင်ရတာပင်ပန်းလို့ spa သွားခဲ့တာ







မောင်တစ်လုံးလေ စိတ်တိုနေတာ ဘယ်သူဆီကမှ အဖြေမရလို့ဘူး








အိပ်ယာနဲ့ ဘယ်သူနဲ့လဲ သူနဲ့တွေ့ရင်မေးကြည့်နော်







အမှတ်တရနေ့စွဲနှင့်သူ၏ မနှင်းဆီ







အမရွှေစင်ဦး နှင့်မိသားစု (ပျော်စရာကြီးနော်)







ထိုင်းမှ ဘလော့ဂါများအဖွဲ့(ရေကြီးနေသောကြောင့်)





 
ကိုဆူးသစ်နှင့်သူ့၏ အမျိုးသမီးပုံပါရှင်








လွင်ပြင်ကအိပ်မက်လေးအကြောင်းစဉ်းစားနေတာပေါ့







ဟိုနေ့ကဘယ်သူ---ကိုရင်နဲ့မဒိုးတို့ ရေကူးကြတယ်ဆိုပဲ
တိုးတိုးတိတ်တိတ်ကြည့်နော် သူတို့မသိစေနဲ့(ဂျက်ဂျက်ကြောက်ကြောက်)














ညီရဲသစ်တို့သူငယ်ချင်းတစ်စုဘာတွေခိုးစားတယ်ဆိုလားပဲ
ခုတော့ မောပြီး စက်တော်ခေါ်လေရဲ့







နဲနဲတော့တိုးတက်လာသလိုပဲ လူပျိုကြီးကိုဇော်







အ၀ါ(မောင်တစ်လုံး) ဖြူကြား(စံစံ)
မောင်တစ်လုံးက စ တယ်ရှင်-ဟိုကလဲစိတ်ဆိုးတယ်ခေါ်ဘူးတဲ့






ကိုညီလင်းသစ်တို့မိသားစု
မောင်တစ်လုံး-ဖိုးခွါး-ညီညီ ဘယ်မှမသွားရဲဘူး

ကြွေးတောင်းတဲ့သူတွေဝိုင်းနေလို့ အဲလိုလေးပဲချောင်းကြည့်ရတာ သနားမိတယ်







ကိုကိုမောင်(ပန်းရနံ့)ချိန်တော့ ချိန်နေပြီနော်မကြာမှီလာမည်ဆိုပဲ







သမီးစံဆိုတဲ့ စံစံပေါ့ တစ်ယောက်လဲအဖော်မရှိလို့ အရုပ်ကိုပဲ အဖော်လုပ်နေရပြီ








မိုးငွေ့ရဲ့ပုံလေးပါရှင် နှင်းငွေ့လေးတွေစိုမှာစိုးလို့ ဆောင်းထားတာတဲ့







မြစ်ဆုံ(မောင်မောင်) ပုံပေါ့ ရုရှ မှာသင်တန်းတက်နေတာ ချမ်းသာပေးပါမောင်မောင်ရေ
အမတို့က ကဗျာပဲရေးတတ်လို့ပါ







ဒီပုံလေးက လမင်းငယ်ပါရှင် သူလဲ အပျိုကြီးအဲလေ အပျိုလေးပါပဲလို့





7 am တဲ့လေ မမြင်းဖူးသူများကြည့်ထားကြပါ
ဂျက်လဲခုမှတွေ့ဖူးတာပါ
comeonkiss ပါနော်နာမည်လေးကတော့ ရင်တုန်စရာလေးပေါ့

မင်္ဂလာပါ ရှတာဂျန် ဘလော့ဂါ အသစ်လေးပါရှင် သူကလဲ ချာမပါပဲချင့် သူ၏တပည့်များနှင့်တူတူ

မယ်သံရဲ့အမှတ်တရဆိုတဲ့ Thandar Lwin နှင့်သူ၏ မိသားစုလေးပေါ့









မောင်ဘုန်း ဘယ်သူနဲ့ပုန်းနေတာလဲ လူတွေမိပြီထွက်ခဲ့ ဒါဗြဲ







ပိတောက်ရဲ့ပုံလေးပါရှင် မမြင်ဖူးသေးတဲ့သူများကြည့်ထားကြပါနော်







ဇော်သိင်္ခ နော်သိတယ်ဟုတ် ဘေးကဘယ်သူလဲမသိဘူးတွေ့တဲ့အခါမေးကြည့်လိုက်နော်







ကြယ်ရောင်မှတ်စု (ဖိုးကြယ်)တဲ့နော် လာပြီးမိတ်ဆက်ထားပါ







မောင်ဘကြိုင်(ချဉ်ပေါင်ပင်တွေစိုက်ပြီးပင်ပန်းသွားလို့)







ကိုညိမ်းနိုင် ဘာတွေချောင်းကြည့်နေတာလဲ







ကြေင်ဖြူရှင်များ မကြည့်ပါဘူး ဘေးကဘယ်သူလဲ သိချင်လို့ပါ







ခင်မင်ရပါသော တက္ကသိုလ်မြတ်မင်းတဲ့လေ ဂျက်နဲ့ခင်တာမကြာသေးပါဘူး
ကဗျာသမားတစ်ယောက်ပါပဲ -

ယခုဖော်ပြသည့်ထဲတွင်မပါသေးသောဘလော့ဂါတို့ကို
အပိုင်း(၂)တွင်ဖော်ပြပါမည်ရှင်
ကြောင်များကိုရှာရန် ခရီးထွက်ရဦးပါမည် ထို့ကြောင့်
ဂျက်ကို အချိန်နဲနဲတော့ပေးကြပါရှင်
ဦးဦး-ဒေါ်ဒေါ်-ကိုကို-မမ-ညီမငယ်-မောင်ငယ်များ
စိတ်မဆိုးရန်တောင်းပန်ပါတယ်ရှင်
အားလုံးကိုပျော်ရွှင်စေချင်တဲ့ ဆန္ဒတစ်ခုတည်းပါရှင်
စာဖတ်သူများအားလုံးရဲ့ jasmine









Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine