Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ခ်စ္သူ

| Tuesday, November 1, 2011





ချစ်သူဆီက ဘာတွေရယူခဲ့သလဲ
ချစ်သူထံကို
ဘာတွေပေးထားခဲ့သလဲ
မင်းလေးစဉ်းစားခဲ့ဖူးပါသလား?

မေးပါရစေတော့...
ကွဲအက်ပြီး တေ့ဆက်ဆက်ထားတဲ့
နှလုံးသားဆီကို
အပြုံးတုတွေသုံးပြီး
မင်းအရောက်လာနိုင်ပါသလား?

အကြိမ်ပေါင်းများစွာတက်ခဲ့ရတဲ့
ဆေးရုံ.....ဒီနှလုံးသား
အကောင်းတိုင်းတော့ 
မဖြစ်နိုင်ပါဘူး
အပြစ်မမြင်တဲ့ အချစ်တွေကပဲ
ခြေစုံပြစ်ပြီး ယုံမိတာပါ
ကြေကွဲခြင်းတွေတော့မယူချင်ပါဘူးချစ်သူရေ
ဒါပေမဲ့လဲ
မင်းလေးပေးတဲ့
ဥပေက္ခာတွေ - သမုဒ္ဒရာ မက
ပြန်ယူပါလား - ချစ်သူရယ်

လမ်းကြောင်း တွေကကျဉ်း
စိတ်ကူးတွေက သေးမျှင်
ခြေလှမ်းတွေ ယိုင်နဲ့နဲ့
မနက်ဖြန် - ဘာဖြစ်မှာလဲ
အဖြေမသိပေမဲ့
ရင်ထဲမှာတော့ဘာမှမရှိတော့သလို
ခံစားနေရပါလားကွယ် ။ 

စာချစ်သူ ကဗျာချစ်သူ အားလုံးရဲ့
ရင်ထဲက ထာဝရ jasmine

27 comments:

{ ပဥာက် } at: November 1, 2011 at 5:20 AM said...

လမ်းကြောင်း တွေကကျဉ်း..
စိတ်ကူးတွေက သေးမျှင်..
ခြေလှမ်းတွေ ယိုင်နဲ့နဲ့..
မနတ်ဖြန် ဘာတွေဖြစ်မယ်..
မသိလည်း ကျွန်တော်ကတော့ ချစ်သူဆီကိုတော့ေ၇ာက်အောင်သွားမယ်..။

{ စံပယ်ချို } at: November 1, 2011 at 5:31 AM said...

နင်သွားရင်နာ့လဲခေါ်ပါဟ
အဖော်ရတာပေါ့ နာလဲ အိမ်ကလူကိုခေါ်ပြီးနင်နဲ့
လိုက်ပေးမယ်လေ...

{ အလင်းသစ် } at: November 1, 2011 at 5:37 AM said...

မနက်ဖြန်ဘာဖြစ်မှာလဲ
အဖြေမသိပေမယ့်....
ရင်ထဲမှာတော့ ဘာမှမရှိတော့သလို............။။။။။။။
ကဗျာလေး မိုက်တယ်ဗျာ။။။။

{ Angelhlaing(May everybody be happy and healthy! } at: November 1, 2011 at 6:14 AM said...

ချစ်မရေ...ကြုံရင်ပြောပေးပါ
ညလေးချစ်သူကိုလေ.....
" ပေးတာတွေနဲ့ ပြန်ရတာတွေ
မမျှတတဲ့အခါ ... ချိန်ခွင်လျှာ မတိမ်းဆောင်း..
ယိမ်းလို့ ကမဲ့ ပြကွက်အတွက် ဇတ်တိုက်ထားပါလို့....:):) "

{ AH } at: November 1, 2011 at 6:16 AM said...

အကြိမ်ပေါင်းများစွာ တက်ခဲ့ရတဲ့ဆေးရုံ.... ဒီနှလုံးသား အကောင်းအတိုင်းတော့ မဖြစ်နိုင်ပါဘူး။ ကြိုက်တယ် ဒီစာသားလေး။ အားပေးလျှက်ပါ မဂျက်စ်ခင်ဗျား။ :)

{ လမင်းငယ် } at: November 1, 2011 at 7:18 AM said...

မနက်ဖြန် ဘာဖြစ်မလဲမသိပေမဲ့
ကဗျာလေးတော့ဖတ်သွားတယ် မမဂျက်ရေ

{ မျိုးဆက်သစ် } at: November 1, 2011 at 7:50 AM said...

ကဗျာတစ်ပုဒ် ဖြစ်လာဘို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာ

ဒီနေ့ ဘလော့မှာ အသစ်တင်လိုက်တဲ့ ကျောက်ဖယားမြစ်ရဲ့

ဒေါသကဗျာကို ကိုယ်တိုင်ရေးကြည့်မှ သဘောပေါက်သွားတယ်..

မဂျက်စမိုင်းလို ကဗျာကောင်းတွေ ရေးနိုင်ဘို့ ဘုန်းဘုန်း တော်တော်

ရုန်းကန်ရဦးမယ်လို့ ၀န်ခံသွားပါရစေ..လိုအပ်တာလေးတွေ ရှိရင်

ဝေဖန်ထောက်ပြပေးဘို့ ၀ဲကမ်းပါ မဂျက်စမိုင်းရေ..

Anonymous at: November 1, 2011 at 8:43 AM said...

ကဗျာလေးရမ်းကောင်းပါတီ ဂျက်မလေးရေ
အော်တန်လဲ ရင်ထဲမှာဘာမှ မရှိတော.တာကြာပေါ.
လွမ်းနေတာပဲ ကောင်းပါတယ်...အင်းး

{ ပိတောက် } at: November 1, 2011 at 10:34 AM said...

အငှားရင်ဘတ်နဲ့ ခံစားတာတောင် အလွမ်းကဗျာ ကောင်းကောင်းလေးတွေထွက်လိုက်တာနော်။

{ ကိုဇော် } at: November 1, 2011 at 2:00 PM said...

သူကလည်း အဲသလိုပဲ ခေါ်သဗျ။
အဟဲ . . . အတူတူ လမ်းလေးတွေ လျှောက်ကြမယ်လေ။ ဘယ်တော့လဲ . . . မဂျက်တို့ စုံတွဲနဲ့ ချိန်းရမလဲ။ ပြောမဲ့သာ ပြောရတာ မအားကြပါဘူး အဟီး။

{ ညီရဲ } at: November 1, 2011 at 5:14 PM said...

မနက်ဖြန် ဘာဖြစ်မလဲ ဆိုတာ တွေးမိတိုင်း ရင်မောရတယ်... ဟူး....

{ mstint } at: November 1, 2011 at 5:36 PM said...

မျှော်မှန်းလို့မရတဲ့ မနက်ဖြန်တိုင်းဟာ စံပယ့်အတွက် ပျော်ရွှင်ဖွယ်နေ့လေးတွေ ဖြစ်ပါစေနော်။
အမြဲတန်းအားပေးနေတယ် စံပယ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ မဒမ်ကိုး } at: November 1, 2011 at 5:38 PM said...

မင်းရှိရာကို အရောက်လာရလွန်းလို့ လစာတွေလဲပြောင်လှပါပြီ မမစံပယ်ရယ်း)

Anonymous at: November 1, 2011 at 6:36 PM said...

ထာဝရjusmineချို ကဗျာလေးလာခံစားသွားကြောင်းပါ။
မိုးက ကဗျာအရမ်းနှစ်သက်တယ် သို့ သော်မရေးတတ်ဖူး။
ဒါကြောင့် ကဗျာရေးတဲ့သူကိုအရမ်းအားကျမိပါတယ်။


ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

{ လွင်ပြင်လှိုင်းငယ် } at: November 1, 2011 at 6:48 PM said...

အော်.....ချစ်သူတဲ့
ကဗျာကောင်းလေးပါပဲ

{ Cameron } at: November 1, 2011 at 8:58 PM said...

ဂျက်တို့များ ဘယ်ချိန်ရေးရေး ဘယ်လိုရေးရေး ကဗျာလေးတွေက ဖတ်လို့ကောင်းနေတာပဲ...ခံစားချက်အပြည့်နဲ့မို့ဖြစ်မယ်...။

ခင်တဲ့
မိုးငွေ့

{ မြသွေးနီ } at: November 1, 2011 at 10:27 PM said...

ချစ်သူဆီက ဘာတွေရယူခဲ့သလဲ..?
ချစ်သူကို ဘာတွေပေးထားခဲ့သလဲ...?
အင်း... ပြန်စဉ်းစားဦးမှပဲ...။

Anonymous at: November 2, 2011 at 1:14 AM said...

ဘာမှမရှိတော့ဘူး..
တစ်ခုမှမရှိတော့ဘူး..
တကယ်ကိုဘာမှမရှိတော့ဘူး..
ခံစားချက်တွေပျက်စီး..
ငါ့မှာမျက်ရည်မရှိတော့ဘူးးးးးး :P
ပုံ /
သမာန်စီးး)

Anonymous at: November 2, 2011 at 3:48 AM said...

ကဗျာလေးဖတ်ပြီး စဉ်းစားစရာလေးဆတွေ သယ်သွားပါတယ်..
အိမ်မက်စေရာ

Anonymous at: November 2, 2011 at 3:49 AM said...

စဉ်းစားစရာလေးတွေလို့ပြောတာ..မှားရေးမိလို့ လေးဆ ဖြစ်သွားတယ် ဟီး
အိမ်မက်စေရာ

ဟန်ကြည် at: November 2, 2011 at 4:18 AM said...

ခြေစုံပြစ် - ခြေစုံပစ်

နှလုံးသားကတော့ အရေးကြီးပေသပေါ့ ညီမရေ...သူမလှုပ်တော့၊ မခုန်တော့ရင် ဂိမ်းဘောရောက်သွားပြီကိုး...အသည်းကတော့ သုံးပုံတစ်ပုံကျန်နေသေးရင် regenerate လုပ်လို့ ရပါ့ဗျား...တစ်ခါတုန်းက ကားတိုက်မိလို့ အသည်းတစ်ခြမ်းကြေသွားတဲ့ လူနာတစ်ယောက် အကောင်းပကတိဖြစ်အောင် ကုပေးလိုက်နိုင်တာ တွေ့ဖူးလို့...

ညီမရေးတဲ့ကဗျာတွေ ဖတ်ဖတ်ပြီး ကိုယ့်ကဗျာမျိုးစေ့လေးတွေကို ပြန်ပြန်ပျိုးနေတာ အခုထိကို အညှောက်မထွက်နိုင်သေးဘူးဖြစ်နေတယ်...မြေဆီပဲ ခန်းသွားသလား မပြောတတ်တော့ဘူး...

{ အဖြူရောင်နတ်သမီး } at: November 2, 2011 at 6:52 AM said...

“မနက်ဖြန် ဘာဖြစ်မှာလဲ အဖြေမသိပေမယ့် ရင်ထဲမှာတော့ ဘာမှမရှိတော့သလို ခံစားနေရပါလားကွယ်”
အဲဒီစာသားလေးမိုက်တယ်..စပယ်ရေ...

{ ကြောင်ဖြူများရှင် } at: November 2, 2011 at 7:24 AM said...

ဘာမှမလိုချင်ဘူး။ အဲ တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်ဖို့ ပဲ လိုတယ် လို့  ထင်တယ်။ (ကျနော့ ခံစားချက်ပါ)

{ blackroze } at: November 2, 2011 at 11:16 AM said...

jas ရေ
ကဗျာလာဖတ်သွားပါတယ်..
မနက်ဖန်မှာဘာဖြစ်မယ်ဆိုတာဘယ်သူမှ
မမှန်းဆနိုင်ပေမဲ့ ...ချစ်သူတိုင်းရဲ့ မနက်ဖန်တိုင်းကိုတော့
လှပနေစေချင်တယ်

{ သံယောဇဉ် } at: November 2, 2011 at 1:31 PM said...

ကဗျာတွေ လာဖတ်သွားပါတယ်။
လာလည်တဲ့ အတွက်လဲ
ကျေးဇူးတင်ပါတယ်။
မကြာခဏေ၇ာက်နေဆဲပါ။

{ ဆူးသစ် } at: November 5, 2011 at 5:00 AM said...

ချစ်သူက ရက်စက်သွားလို့လားဗျာ။ ခံစားသွားပါတယ်။

{ San San Htun } at: November 5, 2011 at 6:57 PM said...

နက်ဖြန် ဘာဖြစ်မလဲ အဖြေမသိသလို ရင်ထဲမှာလည်း ဘာမှမရှိသလို ခံစားနေရပါတယ်...

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine