Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ရင္ဘတ္ထဲက ကပုိကရုိ

| Sunday, November 6, 2011



ကျိုးနေတဲ့မြား ထမ်းထားရတာ
ပခုံးညောင်းပါတယ်
ဘုရားသခင် ဖန်ဆင်းထားပေးတဲ့
လူသားအားလုံးရင်ထဲက မေတ္တာတရား
မင်းရဲ့ရင်ဘတ်ထဲမှာကတော့
ဥပေက္ခာ
ငါ့မှာတော့ မုဒိတာတွေပွား
သူများဖိနပ်ကိုယူစီးပြီး
သူများဖောက်တဲ့လမ်း  လျှောက်တဲ့ထဲ
ငါမပါခဲ့ဘူး
သူများထားခဲ့တဲ့ ကြေမွနှလုံးသား
အသစ်အဖြစ်လဲ ငါမသုံးချင်ပါဘူး။
မကောင်းဆိုးဝါးတွေပေးတဲ့
စိတ်ကူးယဉ် အိမ်မက်ရှည်လဲ
မ မက်ချင်ပါဘူး
လိပ်ပြာတွေ ပန်းရနံ့ ရှူရင်းသေတယ်တဲ့
ပိုးဖလန်က မီးကိုတိုးပြီးဘ၀ကူးတာတဲ့......
ငါရဲ့ဘယ်ဖက်ရင်ဘတ်ထဲက နှလုံးသား
ဘာကြောင့် အသက်ရှူရပ်ခဲ့တာလဲ
ဘယ်သူကြောင့်လဲ....အဖြေမသိပေမယ့်
ရင်ဘတ်ကညှိနေတာ ခက်တယ်
ခုတော့ ငါ့ရဲ့အကြင်နာတရားတွေ
ကပိုကရို နဲ့ အရှင်လတ်လတ်ကြီး
သေဆုံးရတော့မှာပါလား။


စာချစ်သူ ကဗျာချစ်သူ များအားလုံးရဲ့
ထာဝရ jasmine

32 comments:

Anonymous at: November 6, 2011 at 11:32 PM said...

အားပေးသွားတယ်နော် မုန်လာထုပ် ရေးသားချက်တွေ မိုက်တယ်ကွာ

ညီညီ at: November 6, 2011 at 11:50 PM said...

လာလည်သွားပါတယ်အစ်မ
ကြမ္မာပျော်ရွှင်ပါစေ....

{ ပိတောက် } at: November 7, 2011 at 12:01 AM said...

ဘုရားသခင် ဖန်ဆင်းထားပေးတဲ့ လူသားအားလုံးရင်ထဲက မေတ္တာတရား မင်းရဲ့ ရင်ဘတ်ထဲမှာကတော့ ဥပက္ခာ...
ပုံလေးနဲ့ ကဗျာလေး ကြည့်၊ဖတ်သွားတယ်၊

{ ဆူးသစ် } at: November 7, 2011 at 12:51 AM said...

မ Jasmine ရေ။ အချစ်နဲ့ပတ်သက်ပြီး တော်တော်ခံစားနိုင်တယ်လို့ပြောပါရစေ။ အချစ်အတွက် ပေးဆပ်ရတာ၊ နာကျည်းရတာ၊ ကြေကွဲရတာ၊ ပျော်ရွှင်ရတာ အားလုံးဟာ ကဗျာပါပဲလား။ ကျွန်တော်လည်း မှတ်ခဲ့ဖူးပါတယ်။ ကဗျာဆိုတာနှလုံးသားကလာတာတဲ့။ အသက်ရှူတာတော့ မရပ်ပါနဲ့ဦး။ ကဗျာတွေရေးရဦးမယ်။ စာတွေဖန်တီးရဦးမယ်။ နှလုံးသားကို ရှင်သန်ခွင့်ပေးထားရဦးမယ်ဗျ။

{ ဆူးသစ် } at: November 7, 2011 at 12:51 AM said...

ဒါနဲ့ စကားမစပ် ပုံလေးတွေ သဘောကျမိပါတယ်ဗျာ။

{ Angelhlaing(May everybody be happy and healthy! } at: November 7, 2011 at 2:36 AM said...

ဘယ်သူကြောင့်လဲမသိပေမယ့် ရင်ဘတ်က ညှိနေတာခက်တယ်..
ဟုတ်တယ် တစ်ကယ်ခက်တယ်....
ဘာလို့ ညှိနေတာလဲ.....ဆိုတာ..

မမရေ ခံစားအားပေးလျှက်..

{ 8Yar } at: November 7, 2011 at 2:45 AM said...

ကျိုးနေတဲ့မြှား ထမ်းရတာ
ပခုံးညောင်းပါတယ်
လှလိုက်တဲ့ အသုံးအနှုန်း ကဗျာလေးကို အရမ်း ကြိုက်တယ်ဗျာ။

{ ဇော်သိင်္ခ } at: November 7, 2011 at 3:27 AM said...

ကပိုကရို ဖြစ်နေတဲ့ ရင်ဘက်ကြီးကို အစီအရီလေးဖြစ်သွားအောင် Defragment လေး ပြန်လုပ်ကြည့်လိုက်လေ.. ဒါဆို အစီအရီလေးဖြစ်သွားမယ်ထင်တယ်နော်... :)

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

{ အတွေးကမ္ဘာ..မှတ်တမ်း } at: November 7, 2011 at 3:27 AM said...

မဂျက်ရေ ကပိုကရို အကြင်နာတရားတွ နဲ့ မသေးဆုံးလိုက်ပါနဲ့ဦး.. ညှိနှိုင်းရ ခက်နေတဲ့ သက်မရှိုက် အလွမ်းကဗျာ.. လေးကို ..ငြိမ်သက်ဆွေးမြေ့နေတဲ့.. ပုံလေးကိုကြည့်ရင်း ခံစားသွားပါတယ်.. အားပေးလျှက်...

{ ညိမ်းနိုင် } at: November 7, 2011 at 3:30 AM said...

ဟယ်...ကပိုကရိုကြီးနဲ့လား....၊အစီအစဉ်တကျလေးတော့လုပ်ပါ မစံပယ်ရယ်...၊
စတာနော့...၊စကားလုံးတွေကတော့ပြောစရာမလိုအောင် လှသဗျာ....။

{ kokoseinygn } at: November 7, 2011 at 3:43 AM said...

စာတွေအတော်များများ ဖတ်သွားပါတယ်
စပါယ်ချို......
တောင်ကြီးသားမဟုတ်ပေမယ့်
ဒီရက်ထဲတောင်ကြီးကိုအတော်သွား
ချင်နေမိတယ်ဗျာ............။

{ ချောကလက်ကျူးပစ်လေး } at: November 7, 2011 at 5:28 AM said...

မင်းရဲ့ရင်ဘတ်ထဲမှာကတော့
ဥပေက္ခာ
ငါ့မှာတော့ မုဒိတာတွေပွား

စာသားလေးအရမ်းကြိုက်တယ်ဗျို့

{ jr } at: November 7, 2011 at 6:10 AM said...

ကပိုကရို ကဗျာလေးကို ခံစားသွားပါတယ် jasmine ရေ

ခင်မင်လျှက်

{ Unknown } at: November 7, 2011 at 7:20 AM said...

အကြင်နာအချစ်တွေ ပြည့်စုံခဲ့တယ်
မင်းရဲ့ ဥပေက္ခာတရားနဲ့
အလင်းပြန်ခြင်းကင်းမဲ့တဲ့
ကြေးမုံပြင်ရဲ့ရောင်ပြန်ကိုမှ
တောင့်တခဲ့မိတယ်
အဆုံးသတ်မှာ
ဖြစ်တည်မှုချစ်ခြင်းတွေ
ကပိုကရိုနဲ့ မင်းအတွက်ဝပ်စင်းလို့။

မဂျက်ရေ.. ကဗျာလေးဖတ်ပြီး အမှတ်တရ စပ်ကြည့်ခဲ့တာ..ဟိ

{ ♫♪★လွမ်းပိုင်ရှင်★♪♫ } at: November 7, 2011 at 8:27 AM said...

မမရေ အားပေးလျှက်ပါနော်

{ AH } at: November 7, 2011 at 8:29 AM said...

မြေမှာကြွေတဲ့ ပန်းကလေးကို မကောက်ယူချင်တဲ့ ပိုးဖလန်လေးကို အားပေးသွားပါတယ်ခင်ဗျာ... :)

ဟန်ကြည် at: November 7, 2011 at 9:21 AM said...

အားပါး...ဒီတစ်ပုဒ်လည်းကောင်းတာပါပဲ...တစ်ပုဒ်ပြီးတစ်ပုဒ်ဆေးသားတက်လာတာ အားရစရာကောင်းတယ်... သတ်ပုံလေးတွေ ပြင်ပေးခဲ့ဦးမှ...

“ပိုးဖလန်” - “ပိုးဖလံ”
လိပ်ပြာတွေ ပန်းရနံ့ကိုရှူရင်းသေတယ်တဲ့လား...အင်မတန်ကိုလှတဲ့ တင်စားချက်...၀န်ခံရရင် တစ်ခါမှကို မစဉ်းစားမိခဲ့ဘူး...

{ ကိုတူး } at: November 7, 2011 at 9:34 AM said...

ကျွန်တော်လည်း ဘလော့ရေးရင် သေမယ် :D

{ လမင်းငယ် } at: November 7, 2011 at 10:51 AM said...

ကဗျာလေးကမိုက်တယ် မမရေ
ရေးတတ်ချင်လိုက်တာ ခံစားအားပေးသွားပါတယ် :)

{ မောင်မောင် } at: November 7, 2011 at 11:55 AM said...

အစ်မဂျက်ရေ ကဗျာလေးက အရမ်းကောင်းတယ်ဗျို.။အားပေးနေမယ်နော်။
ခင်တဲ. မောင်မောင်

Anonymous at: November 7, 2011 at 2:28 PM said...

ဟုတ်ပဂျက်မလေးယေ
တော် ပြောတလိုပဲ..
ခုထိ ကျမ ကတော.လွမ်းကောင်းတုန်း
ဟိုကဖြင်.လက်ထပ်တွားပြီ....ဟင်.

ကိုကိုမောင်(ပန်းရနံ့) at: November 7, 2011 at 4:22 PM said...

သူကြီးမင်းရဲ့ (ပန်းရနံ့)ကိုတော့ ဘယ်လိပ်ပြာမှ လာမရှူကြပါလား။း)

ခင်မင်လျှက်

{ ညီရဲ } at: November 7, 2011 at 7:52 PM said...

ကဗျားလေး ခံစားအားပေးသွားပါတယ် အစ်မ...

{ မဒမ်ကိုး } at: November 7, 2011 at 9:46 PM said...

စောသေးတယ်နော် စောသေးတယ် ဂလိုဖစ်ဖို့..း)

အသားတွေမဲလာတယ် ရေကန်ထဲမှာဖားပျံအလုပ်ကောင်းလို့း)

{ မြသွေးနီ } at: November 8, 2011 at 12:51 AM said...

ခံစားချက်တွေနဲ့ သီကုံးထားတဲ့ ကပိုကယိုကဗျာလေးကို
ကဗျာကယာ ဖတ်သွားပါတယ်ညီမရေ..။
( ဖတ်နေတုန်း ကွန်နက်ရှင် ကျသွားမှာစိုးလို့.. :)

{ ပဥာက် } at: November 8, 2011 at 1:03 AM said...

ဘယ်သူ့ကြောင့်မသိပေမယ့်ရင်ဘတ်က ငြိနေတာတော့ ခတ်တယ်..

{ Cameron } at: November 8, 2011 at 2:14 AM said...

ခုတော့ ငါ့အကြင်နာတရားတွေ ကပိုကရိုနဲ့ အရှင်လတ်လတ်ကြီး သေဆုံးရမှာပါလားတဲ့ ရေးချက်ကတော့ မိုက်၏...

{ Admin } at: November 8, 2011 at 2:52 AM said...

တော်တော်လေးမဆိုးပါဘူးဗျာ ကောင်းတဲ့ဘက်ကိုပါနေပါတယ်

{ Green } at: November 8, 2011 at 6:59 AM said...

အမ လာဖတ်ပြီးတော့ ကပိုကရိုလေးပြန်သွားပြီ

{ Aungnyc } at: November 8, 2011 at 2:50 PM said...

မစပါယ်ရေ.. ရင်ထဲခံစားချက်အတိုင်း ရေးခဲ့တယ်.. ရသစုံတဲ့ ဘလောက်ကောင်းတခုကို ရှာတွေ့ပြန်ပြီ လို့..၀မ်းသာသွားတယ်.. ဖတ်ရမဲ့ ဘလောက်တခု တိုးလာတာပေါ့။ ဘလောက် စာမျက် နှာ စီမံထားတာ ကို က စေတနာပါမှန်းသိသာတယ်.. ရသစုံတယ်.ကိုယ်က အဲဒီလို မရေးတတ် မလုပ်တတ်ဘူးလေ.. ကြိုက်တယ်ဗျာ...အားကျတယ်..

{ Thameesan } at: November 9, 2011 at 4:35 AM said...

ညိသွားပြီကွယ်း))

{ Unknown } at: November 11, 2011 at 5:36 AM said...

သူများတွေက ကျိုးနေတဲ့မြှားကို ထမ်းနေသတဲ့ ။
ငါကကော မြှားကျိုးထမ်းသူလား ။
ကျိုးနေတဲ့မြှားလား ။
အိပ်မက်တွေကို မြှားလို့နာမည်ပေးလို့၇င် ငါ့မှာ မြှားကျိုးတွေ အများကြီးပေါ့ ။
ဒါဆိုရင် ငါလဲ မြှားကျိုးထမ်းသူ တစ်ယောက်ပေပဲ ။
ကျေးဇူးတင်ပါတယ် မစံပါယ်။
ထပ်ပြီး ကျေးဇူးတင်တဲ့အကြောင်း ပြောခဲ့ပါတယ်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine