Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

နောက်ဆုံးတော့ အလွမ်း

| Monday, November 28, 2011


တစ်နှစ်ပြီး တစ်နှစ် 
အချစ်ပြီး အချစ်
ခုတော့ ပြစ်သွားပြီတဲ့ -
တစ်နွေပြီး တစ်နွေ
တစ်မိုးပြီး တစ်မိုး
တစ်ဆောင်ပြီး တစ်ဆောင်း
ခုတော့  ပြောင်းသွားပြီတဲ့ -
အော် လတစ်ခြမ်း အပြုံးမရှိ
နေမင်းကြီးလဲ မျက်ရည်ကျ
ကြယ်လေးတွေ ဘယ်သူ့ကို
အားကိုးရမှာလဲကွယ် -
မိုးချူပ်ရင် အိမ်ပြန်ရတာ 
ထုံးတမ်းစဉ်လာ တစ်ခုပါပဲ
တို့နှစ်ယောက်ကြား
ခြားထားတဲ့စည်း
ငြိမ်းချမ်းနိုင်မလား -
တို့နှစ်ယောက်ကြား
တားထားတဲ့ တောင်တန်း
ဖြတ်ကျော်နိုင်ပါ့မလား -
နှလုံးသားထဲက အချစ်ကို
မြင်အောင်ကြည့်တတ်ရဲ့လာ
ရင်ဘတ်ထဲမှာ တစ်ယောက်ယောက်ကို
ထဲ့ထားဖူးသလား -
နှလုံးသားချင်း ထပ်ထားတဲ့
အကြင်နာ တရားရုံးလဲ
ခေတ်အလိုက် မင်းအကြိုက်
လာဒ်စားမှုတွေ တစ်ကယ်ဖြစ်တော့
မင်းမရှိတဲ့ ငါ့ဘ၀လဲ
ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုရောက်ရောက်
တွေ့သမျှ မြင်သမျှ အရာအားလုံး 
လန်းလန်းဆန်းဆန်းမရှိပဲ
စစ်ရှုံးသည့်ရဲဘော်တွေလို
ဒါဏ်ရာတွေအပြည့်ပါပဲ
သံယောဇဉ်နဲ့ ချစ်ခြင်းတရားတွေ
ဘယ်လောက်ပဲ ခြေကုန်လက်ပန်း ကျကျ
င့ါရဲ့ တွယ်တာမှုတွေက
ပြောင်းလဲသွားမှာ မဟုတ်ပါဘူး
မင်းရဲ့ အစဉ်အလာ မပျက်အောင်လို့
ငါ့အကြင်နာတွေကိုဘေးဖယ်တယ်ဆိုရင်တော့လဲ
ရှိပါစေတော့ ချစ်သူရယ် ။

(jasmine)


29 comments:

{ စံပယ်ချို } at: November 28, 2011 at 7:22 AM said...

ကြာခဲ့ပါပြီ ဒီကဗျာလေးက
အဟောင်းထဲက စကားလုံးတွေကိုပြန်ယူသုံးပြီးနှမ်းဖြူးထားတာပါရှင်
အားလုံးကိုလေးစားချစ်ခင်နေတဲ့
jasmine
ကျေးဇူးတင်ပါတယ်ရှင် ။

{ mstint } at: November 28, 2011 at 7:54 AM said...

နှမ်းဖြူးထားတယ်ဆိုတဲ့ 'အလွမ်းဇာတ်သိမ်း' ကဗျာလေးလည်း ကောင်းတာပါပဲ ဂျက်ရေ။
လူကသာနေမယ် ပညာကမနေဘူးနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous at: November 28, 2011 at 7:58 AM said...

လွမ်းသွားတယ်..ဟင့်..ရွှတ်..ရွှတ်..
:)

ချစ်ခင်လျက်
ဂျွန်မိုး

{ AH } at: November 28, 2011 at 8:10 AM said...

နေရယ်၊ ကြယ်ရယ်၊ လရယ်၊ နွေရယ်၊ မိုးရယ်၊ ဆောင်းရယ်၊ တောင်တန်းကြီးရယ်၊ ကမ္ဘာကြီးရယ်၊ ရဲဘော်ရယ်၊ တရားရုံးရယ် အို ဥပမာတွေ စုံလှချည့် မစံပယ်။ ကဗျာလေးကို ကြိုက်၏။

ခင်မင်စွာဖြင့်
AH

{ ကိုတူး } at: November 28, 2011 at 8:36 AM said...

တကယ်တမ်းတော့ တကယ်ပါပဲ အချစ်မရှိရင် မလန်းဆန်း နိုင်ပါဘူး
မှန်ပါတယ် ^_^

{ ကြောင်ဖြူများရှင် } at: November 28, 2011 at 9:14 AM said...

သေချာတာတော့ ရင်ဘတ်ထဲကို မထည့်ကြည့်မိဘူး။ ခုချိန်ထိပဲ။ ပြောလည်း ခံရမှာပါပဲလေ။ :(((((((((((((

{ စံပယ်ချို } at: November 28, 2011 at 9:25 AM said...

အဲတာကြောင့်ပြောတာပေါ့ အရင်ဆုံး ရင်ဘတ်ထဲကိုထည့်ဖူးလား
သေချာစစ်ပါလို့...ရင်ဘတ်ထဲမထဲ့ပဲနဲ့တော့ ဗလာဖြစ်မှာပေါ့နော်..
ခင်ခင်မင်မင် jasmine

Anonymous at: November 28, 2011 at 11:10 AM said...

သင်္ခါရရဲ့ သဘောတရားတွေများလား။ စစ်ရှုံးတဲ့ရဲဘော်တွေလို ဒါဏ်ရာတွေအပြည့်နဲ့ဆိုတော့လေ။


ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

Anonymous at: November 28, 2011 at 12:48 PM said...

ကဗျာလေးခံစားသွားပါတယ်
camomilla

{ San San Htun } at: November 28, 2011 at 2:47 PM said...

ကဗျာကောင်းလေးကို လာခံစားသွားတယ် ကတ်စမင်းရေ..

{ Admin } at: November 28, 2011 at 3:47 PM said...

လာဖတ်သွားတယ်အမရေ

{ မဒမ်ကိုး } at: November 28, 2011 at 5:28 PM said...

ဘေးမဖယ်ပါဘူးတဲ့ မမစံပယ်ရေး)

{ လမင်းငယ် } at: November 28, 2011 at 5:52 PM said...

မမရေ နောက်ဆုံးတော့အလွမ်းလား
ခံစားအားပေးသွားပါတယ်

{ 8Yar } at: November 28, 2011 at 7:56 PM said...

အားပေးသွားတယ်ဗျာ။ ကျွန်တော်တောင် လွမ်းချင်သလိုလိုဖြစ်သွားတယ်ဗျာ။ ကောင်းတယ်ဗျာ။

ခရစ္စတလ် at: November 28, 2011 at 8:38 PM said...

အချစ်မရှိနေ့ရက်များ ............ အဟိ အဟိ :D

Anonymous at: November 29, 2011 at 12:37 AM said...

ရှိပါစေတော့..မာမားရယ်.. :P

{ Cameron } at: November 29, 2011 at 2:26 AM said...

ကိုယ့်ထက်လွမ်းတတ်တဲ့သူ ရှာတွေ့သွားပီ....း)

{ အတွေးကမ္ဘာ..မှတ်တမ်း } at: November 29, 2011 at 2:55 AM said...

"ရှိပါစေတော့ ချစ်သူရယ်" ခွင့်လွှတ်ပြီး ချစ်ရတာ မလွယ်ပါဘူး.. ချစ်ရတဲ့သူသာ "နောက်ဆုံးတော့ အလွမ်း" နဲ့ ကျန်ရတာပါပဲ..

ကိုကိုမောင်(ပန်းရနံ့) at: November 29, 2011 at 4:40 AM said...

ကက်တ်မင်းလဲ လွမ်းနာကျနေပြန်ပြီ ထင်တယ်။ အဟောင်းဖြစ်ဖြစ် အသစ်ဖြစ်ဖြစ် လွမ်းနာကျလို့ ပြန်ပြုပြင်ပြီး တင်လိုက်တာ ဖြစ်မယ်။
သူကြီးမင်းတို့များ.. လွမ်းတယ်ဆိုတာ ချိုနဲ့လား လို့ မေးရမလိုလို။ ဘာဆို ဘာကိုမှ လွမ်းစရာ ဆွေးစရာမရှိ။း)

{ ဆူးသစ် } at: November 29, 2011 at 4:55 AM said...

သတ်ပုံတွေတော့ဂရုစိုက်ပါဦးမဂျပ်စမင်။ ထည့်တို့၊လာဘ်တို့ပါ။ နောက်ဆုံးနားကစာသားကိုကြိုက်တယ်။ အစဉ်အလာမပျက်အောင်လို့ အကြင်နာကိုဘေးဖယ်ထားဆဲဆိုတာမျိုးလေ။ ဒါကသေသေချာချာခံစားထားတာပိုပေါ်တယ်။

{ စံပယ်ချို } at: November 29, 2011 at 5:00 AM said...

တိုမှောင်နော်
လူပျိုကြီးက လွမ်းရင်လဲ ဘယ်ဒူကယုံမှာလဲ

{ သံယောဇဉ် } at: November 29, 2011 at 5:35 AM said...

ကဗျာတွေလာေ၇ာက်ခံစားသွားပါတယ်။
အလည်လာလို့ကျေးဇူးစကားဆိုပါရစေ
မှတ်ပုံတင်ခဲ့ပါတယ်အမြဲဖတ်ချင်လို့

Anonymous at: November 29, 2011 at 6:16 AM said...

မားမား
သားသား
အားအား
အော်နေတယ်..ဘာလို့ လဲဟင်
ကဗျာလေးက ထိတယ်ကွားးး

ပုံမောင်တလုံး

{ blackroze } at: November 29, 2011 at 9:34 AM said...

အလွမ်း..
စချစ်ကထဲကလွမ်းမိသည်..

{ ♫♪★လွမ်းပိုင်ရှင်★♪♫ } at: November 29, 2011 at 10:52 AM said...

အလွမ်းကမ္ဘာကနေ မလွန်မြောက်နိုင်တဲ့ ငါပါလားနော်

{ မောင်မောင် } at: November 29, 2011 at 11:05 AM said...

စစ်ရှုံးတဲ. ရဲဘော်လိုဘဲ ဒဏ်ရာတွေ အပြည်.နဲ.တဲ.
အရမ်းဖတ်လို.ကောင်းလှ ချည်လား အစ်မဂျက်ရေ

{ လွင်ပြင်လှိုင်းငယ် } at: November 30, 2011 at 1:27 AM said...

လွမ်းလဲ လွမ်းနိုင်လွန်းတယ် ဟင့်

Anonymous at: November 30, 2011 at 10:03 AM said...

ဂျက်မလေးရေ
ကဗျာလေး လာအားပေးသွားပါတယ်..
ခုတလောမအားလို.မလာနိုင်တာပါ...

{ အလင်းသစ် } at: November 30, 2011 at 1:50 PM said...

မင်းရဲ့အစဉ်အလာမပျက်စေဖို့
ငါ့ရဲ့အကြင်နာတွေ ပေးဆပ်လိုက်တယ်တဲ့လား...
လေးစားရပါလား အမတော်ရေ။။ ကဗျာလေးမိုက်တယ်။။။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine