Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သူငယ်ချင်း သို့

| Wednesday, December 7, 2011

အမြင်မစောင်းပါနဲ့
အကြောင်းက ပါလာတာလေ
မပေါင်းဖက်ရမဲ့ တူတူ
ဝေးလေ ကောင်းလေသူငယ်ချင်းရေ........

မင်းအကြောင်း မကောင်းသတင်းတွေ
မောင်းမတစ်ထောင် ပြောနေကြပြီ........
အဆုံးမဲ့တဲ့ ကောင်းကင်ပြာပြာကြီးလဲ
မင်းကအရောင်ပြောင်းလိုက်ပြီ
သိက္ခာဆိုတာမရှိ အရှက်ကိုမသိတဲ့သူလေ
မိဘမျိုးရိုး မပြောဝံ့ဘူး
နေရပ်လိပ်စာ အတည်မဟုတ်
မင်းအတွေးကတော့ ဟုတ်တုတ်တုတ်
လက်ထပ်ရင် တစ်ယောက်ထဲ ရမှာမို့တဲ့လေ ---

ဘ၀အရေးကို အတွေးမှားပြီး
မင်းလုပ်နေတာလား -
လူ့စည်း ဘီလူးစည်း
လောကရဲ့စည်းတွေ ......ဘာမှမရှိ
အပိုအဆာတွေနဲ့
လိုတာကိုဖြည့်ပေးတဲ့ ရင်ခွင်များ
ကဗျည်း မတင်ထိုက်တဲ့မင်းရဲ့အသည်း
အမြည်း ဆိုင်ကတော့ တန်ဖိုးထားမှာပါ -

ပတ်ဝန်းကျင်ရဲ့ အတင်းအဖျင်းကြားမှာ
မင်းရဲ့ဘ၀ မရှုမလှ ကြဆုံးနေပြီလား
သူငယ်ချင်းအာလုံးရဲ့ မေတ္တာနုနုများ
မင်းကြောင့် သွေးခြေဥ သွားပါပြီကွယ် -
လူတကာခြေရင်း ၀ပ်ဆင်း ခယ
မင်းဘ၀ အရင်းအနှီး များခဲ့ပြီကော
ပျက်အစဉ် ပြင်ခဏပါပဲ
ပျက်အစဉ် ပြင်မရ တော့မလုပ်ပါနဲ့
လောကအလည် လွန်ကြူးတဲ့
ရမ္မက်တွေဖယ်လို့
နေတတ်ရင်လဲ ကျေနပ်စရာပါပဲ
သူငယ်ချင်းရေ -----

တစ်ဦးတစ်ယောက်ကို ရည်ရွယ်ရေးသားခြင်းမဟုတ်ပါရှင်
ရင်ထဲက ထွက်လာတဲ့စကားလုံးတွေကို ကဗျာအဖြင့်ရေးသားခြင်းသာဖြစ်ပါတယ် ။
jasmine

16 comments:

{ AH } at: December 7, 2011 at 5:47 AM said...

ကောင်းလိုက်တဲ့ ကဗျာလေးပါလား မဂျက်စ်ခင်ဗျာ.. လူစည်း၊ ဘီလူးစည်း စည်းတွေကျော်ခွနေကြပါပကော.... Sorryတစ်ခွန်းလောက် ပြောလိုက်ရင်၊ ခြင်္သေ့ခေါင်းတွေ လေမှာဝဲသွားရင်၊ စည်းဆိုတာကို ထုတ်စည်းတိုးတမ်းကစားသလို၊ ထမင်းရည်ပူလောင်သလို လောက်တောင် တန်ဖိုးမထားကြတော့ဘူးဗျာ။ မြို့ပြဘ၀ကြီးဟာ မှောင်မှိုင်းလို့ မျက်နှာဖုံးစွပ်တွေက ပြုံးပြနေကြတယ်။ ဟော... ဟို အမှောင်ရိပ်ကျနေတဲ့ ထောင့်ကလေးမှာတော့ တစ်ယောက်ထဲ ငိုရှိုက်တဲ့လူက ငိုရှိုက်လို့... ခပ်တိုးတိုးရေရွတ်ကြလို့..... တေးသွားတွေ လှိုင်လှိုင်ထနေတဲ့ ည ကလပ်တွေထဲမှာတော့ အငိုရှာတဲ့သူနဲ့ အပျော်ရှာတဲ့သူနဲ့၊ ပိုက်ဆံရှာတဲ့ သူနဲ့... စည်းချက်တွေအတိုင်း ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်။ စည်းတွေကို ပြင်လိုက် ဖျက်လိုက်ပေါ့......

{ လမင်းငယ် } at: December 7, 2011 at 7:09 AM said...

ကောင်းလိုက်တဲ့ကဗျာလေး မမရေ
ရမ္မက်တွေဖယ်လို့နေတတ်ရင်ကျေနပ်စရာတွေကြီးပါတဲ့
မှန်လိုက်တာရှင် ကြိုက်၏

{ ♫♪★လွမ်းပိုင်ရှင်★♪♫ } at: December 7, 2011 at 8:00 AM said...

အားပေးခဲ့တယ် အမတော်ရေ

Anonymous at: December 7, 2011 at 9:09 AM said...

ဂျက်မလေးရေ...ရမ်းကောင်းတယ်တိလား
ခုခေတ်ကောင်လေးတွေတွက်....ဟိဟိ

{ ပိတောက် } at: December 7, 2011 at 10:53 AM said...

တကယ်မဟုတ်လဲ ဟုတ်နေတဲ့သူငယ်ချင်းများရှိခဲ့သော် တစ်နည်းအားဖြင့် ပြင်စေချင်တဲ့စေတနာ နဲ့ အားပေးမှုလေးပါတဲ့ ကဗျာလေး

{ June Moe } at: December 7, 2011 at 3:51 PM said...

ကဗျာလေး ကြိုက်မိတယ် မမရေ
အမှောင်တွေဖုံးနေသမျှ အမှန်မမြင်နိုင်ပါဘူးလေ
အချိန်မီ ပြင်ဆင်နိုင်မယ်ဆို အတိုင်းထက်အလွန်ပေါ့ဗျာ

ချစ်ခင်လျက်

{ မဒမ်ကိုး } at: December 7, 2011 at 9:27 PM said...

ပျက်အစဉ်ပြင်မရတာ က အိမ်က ပေါင်းအိုး
နေတတ်ရင်ကျေနပ်စရာဆိုပေမယ့် ခုက ပရိုမိုးရှင်းရာသီဆိုလေတော့
မြင်မြင်သမျှ အဟာရး)
ကဗျာလေးက ကောင်းတယ်မမစံပယ်ရေ
ကြာရင်ကဗျာဆရာမဖြစ်တော့မယ်း)

{ TZH1985 } at: December 7, 2011 at 11:35 PM said...

လက်ထပ်ရင် တစ်ယောက်ပဲ ရတယ် ကွိကွိ

{ kztk } at: December 8, 2011 at 12:07 AM said...

ပျက်အစဉ် ပြင်ခဏပါ သူငယ်ချင်းရယ်... ပျက်မပြင်... အပြင်တစ်ဘဝ တော့ အဖြစ်မခံပါနဲ့ နော် ....
ကဗျာလေး.. ခံစားသွားပါတယ်.. ဂျက်စ်ရေ...

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

ကိုကိုမောင်(ပန်းရနံ့) at: December 8, 2011 at 9:06 AM said...

"လောကအလည် လွန်ကြူးတဲ့
ရမ္မက်တွေဖယ်လို့" ဆိုတာကို

"လောကအလည် လွန်ကြူးတဲ့
ရမ္မက်တွေဖလှယ်လို့" ဆိုပြီး မှားဖတ်မိသွားတယ်။း)

{ တက္ကသိုလ်မြတ်မင်း } at: December 8, 2011 at 12:12 PM said...

ပေတံပေါ်က ကြရောက်လာတဲ့
ဘဝတစ်ခုရဲ့ ပုံရိပ်တွေက
စပယ်ရဲ့ ကဗျာတွေမှာ
စီးမြောရင်းနဲ့ ခံစားမှုတွေ
ကကြိုးစဉ်နေမိတယ် အခုထိပေါ့...။

စပယ်ရေ... ကျွန်တော် ဒီကဗျာလေးကို...
ခံစားဖတ်ရှုသွားပါတယ်နော်.....

ခင်ခင်မင်မင်........

တက္ကသိုလ်မြတ်မင်း

{ San San Htun } at: December 8, 2011 at 2:40 PM said...

I am so moved to read this poem.

{ ညီရဲ } at: December 9, 2011 at 5:24 AM said...

ဟုတ်ပါတယ် အစ်မ... လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာချည်းပါဘဲ...

{ ...အလင်းစက်များ } at: December 10, 2011 at 1:45 AM said...

ပျက်အစဉ် ပြင်မရတဲ့ ဒါ နာ့ကို စောင်းပြောဒါ... လုံးဝ မကျေနပ်ဘူး။ ဒါဘဲ။ :P

{ shwewunyatana } at: December 10, 2011 at 4:11 AM said...

jas..ရေကဗျာလေအ၇မ်းကောင်းတယ်ဗျာရင်ဘတ်ကြီးနဲပခံစားသွာပါတယ်နော်...


ရွှေဝန်းရတနာ..

Anonymous at: December 21, 2011 at 12:45 AM said...

အရမ်းကြိုက်ပါတယ် ခံစားသွားပါတယ်ရင်ဘတ်ကြီးနဲ့

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine