Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ကြည့်သင့်သော အရာ

| Saturday, December 10, 2011
ဖြူဖြူမဲမဲ မသဲကွဲ
ဖြူချင်ဖြူ မဲချင်မဲ
အနေသာတဲ့ မင်းပါပဲ။
ပိန်ပိန် ၀၀ မလှမပ
ပုပု ရှည်ရှည် လူဗီလိန်
ဘယ်သူသေသေ ငတေပြီးရော
ဝေဖန်ပိုင်းခြား မင်းအလုပ်လား
နေသာ သမ လေညာက
တာဝေးအပြေးသမား မင်းလေးလား
မမောမပန်းခရီးတန်း
ရေပက်မ၀င်ပါးစပ်ပြင်
ဝေဖန်ပိုင်းခြား မင်းအလုပ်လား
သတင်းတွေလား
အတင်း လေလား
သတင်းတွေကို 
အတင်းလုပ်
မဟုတ်မဟတ်တွေ 
အဟုတ်လုပ်လို့
ဒေါသတွေ မောဟတွေပြည့်နေတဲ့-----မင်း
ဘ၀လမ်းမှာ အဆုံးသတ်တာ
သေခြင်းတရား မမြဲအား
ဒါကြောင့်
သိက္ခာကိုကြည့် နှလုံးသားထိ
ရင်တွင်းထိုးဖောက်မြင်ပါစေ ။

jasmine

30 comments:

{ စံပယ်ချို } at: December 10, 2011 at 6:50 AM said...

ကဗျာဟောင်းလေးပါပဲရှင် ဆားချက်တယ်လို့ပြောလဲခံရမှာပဲနော်
သူငယ်ချင်းတစ်ယောက်က တောင်းဆိုထားလို့ပြန်တင်ပေးတာပါရှင်
ကျေးဇူးတင်တဲ့ jasmine

Anonymous at: December 10, 2011 at 6:55 AM said...

“သိက္ခာကိုကြည့်..နှလုံးသားထိ
ရင်တွင်းထိုးဖောက်..မြင်ပါ၏..”း)
(ကဗျာလေးအား.....)


ကြိုက်ပါ၏ :P

အားပေးလျှက်

{ Unknown } at: December 10, 2011 at 7:04 AM said...

ဟိဟိ တစ်မျိုးတော့ တစ်မျိုးပဲ အမရေ
အာေးပး ဖတ်ရှုသွားပါကြောင်း

ခင်မင်လေးစားလျှက်
(ဒုတိယ)

Anonymous at: December 10, 2011 at 7:21 AM said...

ကဗျာကောင်းလေးပဲ မမရေ...
တကယ်ထိတယ်ဗျာ။ သိက္ခာကိုကြည့်တတ် မြင်တတ်ကြပါစေဗျာ။

ခင်လျက်
Junemoe

{ လမင်းငယ် } at: December 10, 2011 at 7:55 AM said...

အဟောင်းဆိုပေမဲ့ မဖတ်ရသေးတော့အသစ်ပေါ့မမရေ
ရသတစ်မျိုလေးထိတယ် တကယ်

{ ♫♪★လွမ်းပိုင်ရှင်★♪♫ } at: December 10, 2011 at 8:00 AM said...

ကြိုက်တယ် အမေတော်ရေ အားပေးလျှက်

{ San Yin Mon } at: December 10, 2011 at 10:01 AM said...

ဘယ်သူ့ကို ရည်ရွယ်တယ်ဆိုတာ မပြောလဲ သိပါတယ်ကွယ်။

{ ချယ်ရီမြေ } at: December 10, 2011 at 11:25 AM said...

သတင်းတွေလား အတင်းတွေလား......မေးကုန်ပါပြီ...
Jasmine ရေ ခုမှေ၇ာက်ဖြစ်တယ်... နေကောင်းတယ်နော်.........
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

{ ကြောင်ဖြူများရှင် } at: December 10, 2011 at 3:32 PM said...

ဟုတ်ကဲ့ ဖောက်ကြည့်ဖို့  လွန်ပူ လိုက်ရှာနေပါတယ်ဂျာ။

ခရစ္စတလ် at: December 10, 2011 at 4:53 PM said...

ဖောက်ထွင်းမှုတွေ ဖမ်းနေတယ်နော် တော်ကြာ ရင်ဖောက်ထွင်းမှုဖြစ်ပေါ်နေအုံးမယ် သတိပေးတာပါ :P

{ ကိုရင် } at: December 10, 2011 at 5:03 PM said...

လာဖတ်တ်..ကြည့်လည်းကြည့်တယ်..
ဘတ်
မမြင်ရဘူး.. :D

{ ညိမ်းနိုင် } at: December 10, 2011 at 5:31 PM said...

ဂျက်မရယ်....ညည်းဘယ်သူ့ကိုတည့်တည့်ပြောနေသတုန်း.....သဂျီးကိုလား..:P

{ Candy } at: December 10, 2011 at 6:38 PM said...

ဟုတ်.. ကြည့်သင့်တာကြည့်ပြီး မြင်သင့်တာမြင်အောင် ကြိုးစားပါ့မယ် :D

{ San San Htun } at: December 10, 2011 at 6:48 PM said...

မြင်ဘူး..:P

{ jr } at: December 10, 2011 at 9:03 PM said...

ကဗျာလေး လာဖတ်သွားပါတယ် မစံပယ်
လှသော တနင်္ဂနွေပါ။း)

{ စံပယ်ချို } at: December 10, 2011 at 10:52 PM said...

ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး အမှန်အတိုင်းပြောတာပါ
တစ်ကယ်လို့ရည်ရွယ်ခဲ့ရင်လဲ ဘယ်သူဘယ်ဝါကို ရည်ရွယ်ပါတယ်လို့ရေးထားပါတယ်-----
ရိုးသားစွာရေးခြင်းဖြစ်ပါ၏ ။

{ ဘိုဖြူ } at: December 11, 2011 at 2:13 AM said...

မမဂျက်ရေ
ကဗျာလေးက ဒဲ့ ပြောနေသလိုပဲ
ယုံပါတယ် ရင်ထဲကဆိုတာလေ

{ ချောကလက်ကျူးပစ်လေး } at: December 11, 2011 at 3:49 AM said...

ကြည့်သောသူမြင်၏တဲ့ကြည့်ဖို့ကြိုးစားတေ့မယ်
အားပေးသွားပါတယ်မကြီးဂျက်ရေ

{ နွေတေးရှင် (မင်းဧရာ) } at: December 11, 2011 at 4:05 AM said...

ခံစားသွားခဲ့ပါတယ် မစံပယ်...။

လောကအလယ်က ခရီးလမ်း ကိုတော့ ကျွန်တော်တိုသိက္ခာ တွေနဲ့လှမ်းနိုင်အောင် ကြိုးစားနေပါတယ်းးးp။

{ အိမ်မက်စေရာ } at: December 11, 2011 at 4:21 AM said...

ကဗျလေးကောင်းတယ် မမဂျက်ရေ.. ရှယ်မယ်နော် ရလား..
ခင်တဲ့
အိမ်မက်

{ မောင်(စွယ်စုံကျမ်း) } at: December 11, 2011 at 5:46 AM said...

သားသားပြောနေတာလားဟင်

{ ပိတောက် } at: December 11, 2011 at 6:13 AM said...

အင်း ပြောရရင် အလွမ်းကဗျာ လေးတွေ နဲ့ပဲ ဂျက်ကိုပိုတွဲမြင်မိတယ်။

{ Unknown } at: December 11, 2011 at 7:36 AM said...

စကားမစပ် ဘန်နာလေး လှတယ်နော်... :)

{ blackroze } at: December 11, 2011 at 9:12 AM said...

jas ရေ..အရမ်းခံစားနေရတယ်ကွယ်..
ဘာကိုမှမကြည့်အားသေးပါဘူးလေ..

ကိုကိုမောင်(ပန်းရနံ့) at: December 11, 2011 at 11:57 AM said...

ကြည့်စရာရှိတဲ့သူတွေ ကြည့်ကြပေါ့လေ။ ကြည့်သင့်တဲ့အရာကို ပြောပါတယ်။း)

{ ဘုန်းဘုန်းတောက် } at: December 12, 2011 at 1:12 AM said...

ဖြူချင်ဖြူ မဲချင်မဲ အနေသာတဲ့ မင်းပါပဲ။ ဟားရှားပါး မိုက်တယ် မဂျက်ရေ။ (စကားမစပ် ဘုန်းဘုန်း တစ်ပတ်ကျော်လောက် ဆားငန်နေဦးမယ်နော်...)

{ မြသွေးနီ } at: December 12, 2011 at 2:16 AM said...

အင်း.... မြင်အောင်ကြည့်...။

{ mstint } at: December 12, 2011 at 5:30 AM said...

မကြည့်မိလို့မမြင်ခဲ့တာပါ ဂျက်ရေ။
မြင်အောင်ကြည့်တတ်ဖို့ ကြိုးစားပါ့မယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ Angelhlaing(May everybody be happy and healthy! } at: December 12, 2011 at 1:30 PM said...

မြင်အောင်ခံစားပြိး ကြည့်သွားတယ်မမ :):)

{ မဒမ်ကိုး } at: December 12, 2011 at 10:18 PM said...

အသစ်မတက်ပါလားလို့ လာကြည့်မှ မဖတ်ရသေးတဲ့ဒီကဗျာကိုတွေ့တယ်
ရေလည်ကြိုက်သွားဘီမမစံပယ်ရေး)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine