Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အချစ်၏ နောက်ဆက်တွဲ

| Friday, December 16, 2011



ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးအရာ
ဆိုပြီး
မင်ပေးခဲ့တဲ့ မေတ္တာတရားဟာ
ခုတော့လဲ တန်ဖိုး အနိမ့်ဆုံးဖြစ်နေတာ
မင်းမသိတာလားသိရက်နဲ့
အိပ်ချင်ယောင်ဆောင်နေတာလား
ချစ်ခြင်းဆိုတာ - ငါ - မင်းကို  ပြော ခဲ့ဖူးပါတယ်
ရသ အားလုံးကိုဖန်တီးနိုင်စွမ်း
ရှိတယ်ဆိုတာလေ
အချစ်ကြောင့် - ပျော်ခဲ့ရတယ်
အချစ်ကြောင့် - ရူးသွပ်ခဲ့ဖူးတယ်
အချစ်ကြောင့် - တမ်းတခဲ့ရပြီ
အချစ်ကြောင့် - လျှို့ဝှက် တတ်လာတယ်
အချစ်ကြောင့် - လွမ်းဆွတ်ခြင်းတွေသိလာရတယ်
အချစ်ကြောင့် - နာကျင်ခြင်းတွေလဲခံစားတတ်ရတယ်
အချစ်ကြောင့် - တိတ်တဆိတ် မျက်ရည်တွေကျခဲ့ဖူးတယ်
အချစ်ကြောင့် -  သွေးပျက်ခဲ့ဖူးတယ်

အဲဒီအချစ်ဆိုတာ
တစ်ခြားသော
အကြောင်းအရာတွေကိုလဲ
ဆက်တိုက်ဖန်တီးနိုင်တယ်နော်
နာကျင်ခဲ့တဲ့ စိတ်ကိုဘယ်သူကုသမှာလဲ
အစိတ်စိတ် အမွှာမွှာ ဖြစ်ခဲ့တဲ့ နှလုံးသား
ဘယ်သူပြန်ဆက်ပေးမှာလဲ
အချိန်ဆိုတဲ့ သမားတော် - မင်းရော ဘယ်မှာလဲ
သံသရာဟိုဖက် ဘယ်သူမြင်နိုင်မလဲ
အဖန်တစ်ရာတိုင်အောင် - ချစ်ကြတာဘဲ
ဘာမဆိုသေချာပလေ့စေနော်
ဆင်ကမ်းတောတိုး မတိုးပါနဲ့
အကြင်နာတွေ အပြည့်နဲ့ ချစ်ခဲ့တယ်ဆိုတာ
လူတကာကို လိုက်ပြောနေစရာမလိုဘူး
လက်ရှိ အနေအထားက - သက်သေအလား
မှော်ပညာအတတ်တွေ သင်မထားတာ အမှားလား
မုန်တိုင်းထဲက မကောင်းဆိုးဝါး မျက်လုံးတစ်စုံ
ငါဆက်ကြည့်ဖို့အင်းအား ငါ့မှာ မရှိတော့ပါဘူး ။   ။


jasmine

24 comments:

{ ညီရဲ } at: December 17, 2011 at 12:17 AM said...

အချစ်ကြောင့် ဒီနှလုံးသားလဲ ကြေလွယ်၊ ကွဲလွယ် ဝမ်းနည်းတတ်လွယ်လာသလို လွယ်လွယ်လဲ ပျော်တတ်လာတယ် အစ်မရေ...

{ သမီးစံ } at: December 17, 2011 at 12:28 AM said...

လျှို့တော့..လျှို့ဝှက်တတ်တယ်
ဒါမယ့်..အချစ်ကြောင့်တော့.မှုတ်ဘူး :P
သူ့ရဲ့.ဂုဏ်ထူးဝိသေသတွေကလည်း
မနည်းမနောပါလားနော်း)

ချစ်ခင်စွာဖြင့်

{ ဘိုဖြူ } at: December 17, 2011 at 1:28 AM said...

အချစ်ရဲ့နောက်ဆက်တွဲတွေကလဲ အတော်များသားနော်

{ rose } at: December 17, 2011 at 2:38 AM said...

ကဗျာလေး လာဖတ်ပါတယ်... စံပယ်ရေ။
"အချစ်ကြောင့် ပျော်ရတယ်
အချစ်ကြောင့် ရူးသွပ်ခဲ့ဖူးတယ်
အချစ်ကြောင့် တမ်းတခဲ့ရပြီ
........"

(စကားမစပ်လေ ရို့စ် ဘလော့ဂ်မှာ တင်ထားတဲ့ ကလေးလေးပုံက ရို့စ် သမီး မဟုတ်ဘူးနော်။ သူငယ်ချင်း ကလေး ဟိ)

{ ခရစ္စတလ် } at: December 17, 2011 at 4:13 AM said...

လူတကာသိဖို့မလိုပေမယ့် အကြင်နာတွေနဲ့ ချစ်ခဲ့တာ ဒို့နှစ်ဦးတော့ သေချာပါစေပေါ့နော် :P

{ မောင်ဘုန်း } at: December 17, 2011 at 5:30 AM said...

အစ်မရေးတဲ့ အချစ်ရဲ့ နောက် ဆက်တွဲ တော်တော် များများ ခံစား ဘူးပါတယ်

{ုkztk } at: December 17, 2011 at 6:15 AM said...

အချစ်ကြောင့်.......
အချစ်ကြောင့်.......
အချစ်ကြောင့်.......
တွေ... တော်တော်.....လုပ်တက်လာခဲ့ တယ်နော်...

:)

Anonymous at: December 17, 2011 at 6:19 AM said...

အချစ်ကြောင့်...ဟောသည်ရင်တွေ ကွဲအက်ဖူးတယ်

အချစ်ကြောင့်...အရာအားလုံးမှောင်မိုက်လို့ ငိုကြွေးခဲ့ရဖူးတယ်

အချစ်ကြောင့်...ခါးသီးခြင်းဒဏ်ရာတွေနဲ့ နေ့ရက်များစွာ ကျော်ဖြတ်ခဲ့ရဖူးတယ်

အချစ်ကြောင့်....အချစ်ကြောင့်....အချစ်ကြောင့်....အချစ်ကြောင့်....အချစ်ကြောင့်....အချစ်ကြောင့်.......... :))))

ချစ်ခင်လျက်
Junemoe

ကိုအောင်(ပျူနိုင်ငံ) at: December 17, 2011 at 7:22 AM said...

နောက်ဆက်တွဲလည်း ချစ်နိုင်ကြပါစေ ...

{ ပဥာက် } at: December 17, 2011 at 7:51 AM said...

မုန်တိုင်းထဲကကမကောင်းဆိုးဝါး မျတ်လုံးတစ်စုံ..
ဆတ်ကြည့်ဖို့အင်အား ငါ့မှာမရှိတော့ဘူး..။

{ mstint } at: December 17, 2011 at 9:02 PM said...

အချစ်ဆိုတာ ဆန်းကြယ်တယ်။
အချစ်ကြီးသူများ ပျော်ရွှင်ကြည်နူးစရာများနဲ့ ကြုံတွေ့ရသလို
အချစ်ကြီးသူများ ဝမ်းနည်းကြေကွဲ လွမ်းစရာများနဲ့လည်း ကြုံတွေ့ရတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ဆဲလ်မိုး } at: December 17, 2011 at 11:27 PM said...

မဂျက်ရဲ့ကဗျာလေးတွေဖတ်သွားပါတယ်- "Wonderful "X"mas and
Happy New Year" များစွာအတွက်လည်းဆုတောင်းပေးခဲ့ပါတယ် သူငယ်ချင်းလေးရေ

{ ပိတောက် } at: December 17, 2011 at 11:39 PM said...

တစ်ခေါက်လောက် ကြည်နူးရတဲ့ အချစ်အကြောင်းရေးပါအုံး၊ သူငယ်ချင်းတွေ အပျိုကြီးများများလှပြီ

{ Angelhlaing(May everybody be happy and healthy! } at: December 18, 2011 at 12:50 AM said...

မမရေ...ဆန်းကြယ်တဲ့ ခံစားမှုရဲ့ လှည့်စားချက်အောက်မှာ အချစ်ဆိုတဲ့ ဝေါဟာရ လေးက ထည်ထည်ဝါဝါနဲ့ ပါလား မမရေ...
ခံစားအားပေးလျှက်.....
အာာာဘွားးးး မမ:):)

{ ♫♪★လွမ်းပိုင်ရှင်★♪♫ } at: December 18, 2011 at 6:20 AM said...

ဒီကောင်ကြီးကြောင့်ပဲ ခက်တယ်ခက်တယ် အမတော်ရေ

{ Candy } at: December 18, 2011 at 7:29 AM said...

အော် အချစ် အချစ်...
ဟင်း (သက်ပြင်းသံ) :P

ကဗျာလေး ကောင်းတယ်မမ :D

{ လမင်းငယ် } at: December 18, 2011 at 4:24 PM said...

ကဗျာလေးလာဖတ်သွားတာနောက်ကျသွားတယ် မမရေ
မအားတာနဲ့ ကဗျာလေးကြိုက်တယ်ရှင့်

ဟန်ကြည် at: December 18, 2011 at 5:00 PM said...

ခရစ်စမတ်နီးပြီနော...ခရစ်စမတ်အလွမ်းလေးတွေလည်း ရေးပါဦးလား...

ပျော်ရွှင်ငြိမ်းချမ်းသော ခရစ်စမတ်အခါတော်မှာ ကောင်းကြီးမင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေလို့ ကြိုပြီးဆုတောင်းပေးလိုက်ပါတယ်...

ညီညီ at: December 18, 2011 at 5:46 PM said...

အချစ်ကြောင့် အသဲကွဲရဖူးသလို
အချစ်ကြောင့်လည်း ပုလင်းကိုဆွဲခဲ့ရဘူးတယ်..တိန်

{ မဒမ်ကိုး } at: December 18, 2011 at 9:48 PM said...

ဆက်ကြည့်လို့မရရင် ခနလေး ရပ်ထားလိုက် ထမင်းဟင်းချက်ပြီးမှပြန်ကြည့်နော်မမး)

{ kokoseinygn } at: December 19, 2011 at 8:53 AM said...

အချစ်ကြောင့် အားအင်တွေ
ကုန်ဆုံးခဲ့ရတာပါလား.....
အချစ်တွေနဲ့ရှင်သန်နေနိုင်ပါစေစပါယ်ချိုေ၇

{ ဆူးသစ် } at: December 22, 2011 at 5:54 AM said...

ဆင်ကန်းတောတိုးတာက န သတ်နဲ့ ကန်းပါတယ်။ အင်အား မှာလည်း ၀စ္စပေါက်ကြီးနဲ့။ ကျွန်တော်တစ်ခုအကြံပြုပါရစေ။ ကဗျာဆိုတာက စာသားနည်းနည်းနဲ့ ခံစားမှုများများပေးရတဲ့အရာလို့ထင်ပါတယ်။ သတ်ပုံလေးတွေပိုသတိထားရင် ခံစားရတဲ့လူအတွက် ပိုပြီးအရသာရှိပါလိမ့်မယ်။ အဲဒီလိုမဟုတ်ရင် ကဗျာပါပေါ့သွားတယ် မဂျပ်စမင်။
ကဗျာကို ခံစားဖတ်သွားပါတယ်။

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: January 15, 2012 at 6:29 PM said...

အချစ်ကြောင့် နာကျင်ရတဲ့စိတ်ကို အချိန်က ကုစားသွားပေးပေမယ့်
အစိတ်စိတ်အမွှာမွှာ ကွဲပြီး သေဆုံးသွားတဲ့နှလုံးသားကတော့ ပြန်လည်ရှင်သန်ဖို့ရာ တကယ်ခက်တယ်နော်။

ခင်မင်စွာဖြင့်
မြတ်

{ Yoemyaykya } at: September 17, 2012 at 3:20 AM said...

ငါငါမြတ်မြတ်နိုးနိုးချစ်ပေမယ့်လည်း နင်စိတ်ချမ်းသာဖို့ မေ့ဖို့ ကြိုးစားရဦးမယ်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine