Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဝီစကီ တစ်ခွက်ရဲ့ အချစ်

| Tuesday, December 20, 2011

ခါးသက်သက် ၀ီစကီ
ရေမရောပဲ
ပြင်းရှရှ အရသာ
ဘယ်သူသောက်မလဲ
အေးမြတဲ့ ကိုကာကိုလာ
ရောလိုက်လေ
ရေခဲထဲ့
ကောင်းလိုက်တဲ့ အရသာ
ပီသတဲ့အချစ်.......
ခရစ်စ္စမတ်ကျရောက်တော့မည်ဖြစ်ပါ၏
သူငယ်ချင်းအများစုလဲ မူးကျမည်ဟု အရှိန်ယူနေပါ၏
ထို့ကြောင့်အမှတ်တရဤ ကဗျာအဟောင်းလေးကို
ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်  ။




ကဗျာဖတ်ပြီးပါက လက်ဆောင်လေးတွေယူနိုင်ပါတယ်ရှင်

34 comments:

{ ဘိုဖြူ } at: December 20, 2011 at 1:31 AM said...

အရင်ဆုံးသောက်ခဲ့ပါတယ်
နောက်ကျရင်ရေများတာနဲ့တိုးမှာစိုးလို့ပါ

{ ဘိုဖြူ } at: December 20, 2011 at 1:33 AM said...

မူးနေတော့ လက်ဆောင်ယူဖို့မေ့သွားပါတယ်
ပြန်လာယူတာပါခင်ဗျာ

{ တွတ်တွတ် } at: December 20, 2011 at 2:18 AM said...

သဂျီးမရှိရင်ရွာဆူ..အမြည်းမရှိရင်အာပူမှာမို့..အမြည်းလေးတော့စီစဉ်ပေးပါအုံး...မဂျက်ရယ်...ဖြစ်သလို ဘာဘီကျုဖြစ်ဖြစ်၊ဆာတေးဖြစ်ဖြစ်ပေါ့ဗျာ.:D

Anonymous at: December 20, 2011 at 3:15 AM said...

ဟီး... စိတ်ထဲကအကြံ မမ ဘယ်လိုသိပါလိမ့်..
စောစောစီးစီး တစ်ပုလင်းလာဆွဲသွားတယ်နော်... တော်ကြာ မကျန်မှာစိုးလို့...:P

ချစ်ခင်လျက်
Junemoe

ဟန်ကြည် at: December 20, 2011 at 4:17 AM said...

ဝီစကီသောက်နည်း နိဿနည်းထဲမှာ ၀ီစကီကို ရေကလွဲလို့ ကျန်တာမရောရဘူးလို့ ဆိုထားတယ် ဂျက်ရေ...သောက်တာတောင်မှ ဖင်ထူထူ ဖန်ခွက်အပုနဲ့ သောက်ရတယ်ဆိုပဲ...

ခရစ်စမတ်အမီ တစ်ပုလင်း ရှယ်ယာဝင်သွားပါရဲ့ဗျား...

{ Thameesan } at: December 20, 2011 at 5:59 AM said...

မတောက်ပါး)))
တူညားတောက်ရင်လည်း..မကြိုက်ပါ :P
ဟက်ပီး.ခရစ်စမတ်လေးဖြစ်ပါစေရှင်

{ လွင်ပြင်လှိုင်းငယ် } at: December 20, 2011 at 6:44 AM said...

တောက် .....နာတယ်ကွာ
အရက်ဖြတ်ထားမှ ဒီကဗျာတင်တယ်
နင် နော် နာ နော်

{ အိမ်မက်စေရာ } at: December 20, 2011 at 7:10 AM said...

မ မ ဂျက် ရဲ့ ဝီ စီ ကီ တောက် တာ များ တွား လို့.. မူး တွား ဘီ..
းဝဝ

{ မိုးသက် } at: December 20, 2011 at 7:23 AM said...

အစ်မဂျက်ရေ... ကျွန်တော် လာသွားတယ်..။ကဗျာလေးကို
တော့ ခံစားသွားပါတယ်..။ အရက်ကတော့ မသောက်တတ်လို့
ကိုကာကိုလာ ပဲ သောက်သွားတယ်အစ်မ..။ ကျေးဇူးနော်..။

{ ချောကလက်ကျူးပစ်လေး } at: December 20, 2011 at 7:32 AM said...

ကောင်းလိုက်တဲ့အရသာ
အဲဒါဝီ....ေိေိ

ကိုအောင်(ပျူနိုင်ငံ) at: December 20, 2011 at 7:44 AM said...

ဘီအီးတစ်ခွက်ရဲ့ အချစ်လည်း ရှိပါသေးတယ် ...း)

{ Candy } at: December 20, 2011 at 7:44 AM said...

မမဂျက်စ်က အရသာသိတယ်ဆိုတော့ သောက်ဖူးတယ်ပေါ့ အဟိ :D

{ လမင်းငယ် } at: December 20, 2011 at 7:51 AM said...

မမလမင်းသောက်ဘူးနော်လွမ်းပဲလွမ်းတော့မယ် :P

{ Angelhlaing(May everybody be happy and healthy! } at: December 20, 2011 at 8:04 AM said...

ကဗျာလေးဖတ်ပြီး လက်ဆောင်လေးတွေ မြန်မြန်ယူမှ ...:P:P
တော်ကြာ လူတွေများလာလို့ ကိုယ်ဖို့ မကျန်ပဲနေမယ်...:):)

{ mstint } at: December 20, 2011 at 8:04 AM said...

ဝီစကီ ရီဝေဝေလေးနဲ့ ခရစ်စမတ်ပွဲတော်လေးကို
ဖြတ်သန်းမလို့လား ဂျက်ရေး) ပျော်ရွှင်ဖွယ်
ခရစ်စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်လေးဖြစ်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခရစ္စတလ် at: December 20, 2011 at 8:17 AM said...

အရက်မူးတော့ ကျွဲခိုးပေါ်တဲ့ အဲလို မဖြစ်စေနဲ့နော် ..အေ့...

မသောက်ပဲ မူးနေတယ် :)

{ ♫♪★လွမ်းပိုင်ရှင်★♪♫ } at: December 20, 2011 at 8:29 AM said...

သောက်ချင်လိုက်တာ

{ ကိုရင် } at: December 20, 2011 at 11:38 AM said...

သောက်ရင်းနဲ့ ရေးထားတာ ထင်တယ်... :D

ကိုကိုမောင်(ပန်းရနံ့) at: December 20, 2011 at 6:02 PM said...

ဘယ်ကလာ သောက်ရင်းနဲ့ ရေးရမှာလဲ။ ရေးရင်းနဲ့ သောက်နေတာ။း)

{ မြသွေးနီ } at: December 20, 2011 at 8:02 PM said...

အဲ.. ၀ီစကီရနံ့လေးတောင် ရနေသလိုလို........

{ ဘုန်းဘုန်းတောက် } at: December 20, 2011 at 8:34 PM said...

ကိုကာကိုလာပဲသောက်မယ် ရှလွတ် ရှလွတ်...နှစ်သစ်မှာ ပျော်ရွှင်ပါစေ ဂျက်စ်မင်းချိုရယ်

Anonymous at: December 20, 2011 at 10:43 PM said...

သောက်တော့မသောက်သွားဘူး မကြိုက်လို့ ဒါပေမဲ့ လက်ဆောင်တော့ယူသွားတယ် မမဂျက် ကျေးဇူးအများကြီးတင်ပါတယ်

{ 8Yar } at: December 20, 2011 at 10:51 PM said...

ဝီစကီတော့ ကြိုက်တယ်ဗျာ။ အများကြီးတော့မကြိုက်ဘူး။ နည်းနည်းလောက်ဆိုကြိုက်တယ်။ ကဗျာလေးအားပေးသွားတယ်ခင်ဗျာ။

{ မဒမ်ကိုး } at: December 20, 2011 at 10:53 PM said...

မသောက်တဲ့သူကဘိုလုပ်ရမဲ မတန်ဘူးဗျ မမစံပယ်ရဲ့း(

{ ...အလင်းစက်များ } at: December 21, 2011 at 6:32 AM said...

ဝီစကီတဲ့ ဂျက်မတော့ မလွယ်ကြောပဲ။ သောက်ဖူးပုံရတယ်။ :P

ပျော်ရွင်ဖွယ် ခရစ်စ်မတ် ကာလလေး ဖြစ်ပါစေဗျား။

{ ညီရဲ } at: December 21, 2011 at 6:36 AM said...

ဟဲ... တို့ အစ်ကတော့ လာသတိပေးနေပြန်ပြီ... ဟုတ်တယ် ခရစ်စမတ်က ဝီစကီလေးနဲ့ မှ လိုက်တာ... အစ်မရေ... အစ်မ ကွန်မန့် က spam ထဲရောက်သွားလို့ ပါ ခုပေါ်နေပါပြီ ကျေနပ်လိုက်ပါတော့။ လာလည်တဲ့အတွက် ကျေးဇူးနော် အစ်မ...

{ wildflower-အရိုင်းပန်း } at: December 21, 2011 at 7:55 AM said...

ခါးသက်သက် ပျင်းရှရှ ဘယ်သူသောက်မလဲ
ဟေ့ဟေ့ နာသောက်မယ် နာသောက်မယ်...
ဝီကနဲ စီကနဲ နှစ်သစ်မှာ အောင်မြင်ပါစေ...

{ တက္ကသိုလ်မြတ်မင်း } at: December 21, 2011 at 12:06 PM said...

စပယ်နဲ့ ဆောင်း မပြောင်းခင်

နှလုံးသား ဖယောင်းကပ်ပြီး

ဒီဇင်ဘာ ခရစ်စမတ်

ဆုတောင်းပွဲလေး ကျင်းပလိုက်ချင်ရဲ့...။


စပယ်က မွှေး

ဆောင်းက အေး

ဒီဇင်ဘာညလေးကို

ခရစ်စမတ်လေးနဲ့

ဆွေးမယ်နော်.......။


ခင်မင်စွာ နှလုံးသားမှာ

မှတ်ချက်ရေးလို့ တက္ကသိုလ်မြတ်မင်းအတွက်

ခရစ်စမတ် အမှတ်တရ ပေးခဲ့အုန်းနော်....။


ခင်မင်စွာဖြင့်

တက္ကသိုလ်မြတ်မင်း

Anonymous at: December 21, 2011 at 1:21 PM said...

Punch လုပ်သောက်မယ်။ ၀ီစကီရော လက်ဆောင်ရောယူသွားမယ်နော်။
ပျော်ရွှင်သောခရစ်စမတ်ဖြစ်ပါစေ။
အိုင်အိုရာ

{ Admin } at: December 21, 2011 at 4:18 PM said...

လန်ထွက်နေတာဘဲ ကျွန်တော်ကတော့ ဘက်လက်ဘေဘယ်ဘဲကြိုက်တယ် :P

{ုkztk } at: December 21, 2011 at 8:27 PM said...

ဝီစကီ ကြိုက်ဘူး.. ဘီယာပဲ ကြိုက်တယ်။ ဒါပေမယ့် ဆောင်းတွင်းဆိုတော့... ခပ်ပြင်းပြင်း ဝီစကီနဲ့မှ လိုက်တယ်။.........

:P

{ ညိမ်းနိုင် } at: December 22, 2011 at 2:15 AM said...

ဝီ လား..........သိပ်ကြိုက်.....၊နို့ပေမယ့် သောက်တော့ပါဘူးကွယ်....၊မကြိုက်
ဘူးတဲ့ အရက်သောက်တာတဲ့....၊တစ်ခါတစ်လေ ဘီဘီလောက်ပဲချပါတဲ့...။
အဲ့ဒါကြောင့်နော်...၊အော်.....ဘယ်သူကအရက်မသောက်စေချင်တာလည်း
ဆိုတာပြောဖို့မေ့သွားတယ်...။အမေလေ....အမေ.....:)))

{ ဆူးသစ် } at: December 22, 2011 at 5:57 AM said...

ကျွန်တော်က အရက်မသောက်သူဖြစ်လို့ အရက်အကြောင်းတော့မသိပါဘူး။ ဒါပေမဲ့ ကဗျာကိုတော့ သောက်သွားပါတယ်။

{ ဆူးသစ် } at: December 25, 2011 at 9:45 PM said...

ဒီနေရာမှာ မှတ်ချက်ရေးပေးပြီးသားလို့ ထင်ပါတယ်။ ဘယ်ရောက်သွားလဲလို့တော့ မသိဘူး။ ရေခဲထည့်က ည သတ်နဲ့ပေါင်းရပါတယ် မဂျပ်စမင်။ ကျွန်တော်က အရက်မသောက်တတ်လို့ သိပ်မသိပါဘူးဗျာ။ ဒါပေမဲ့ နောက်ဆုံးပြောသွားတဲ့အချစ်ဆိုတာနဲ့တင် အရက်ကဗျာလို့ မမြင်ဘဲ အချစ်ကိုတင်စားထားတဲ့ကဗျာလို့ နိမိတ်ပုံလိုတွေးလိုက်ပါတယ်။ လက်ဆောင်လည်း ယူသွားပါတယ်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine