Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

၂၈-၁၂-၂၀၁၁ မွေးနေ့အမှတ်တရ

| Tuesday, December 27, 2011
ဒီနေ့ ၂၈-၁၂-၂၀၁၁ ကတော့ ကျွန်မ jasmine ရဲ့မွေးနေ့ဖြစ်ပါတယ်ရှင်
ကိုယ်တိုင် ဘာမှ မလုပ်နိုင်ပဲ တီတင့်- Angelhlaing-အဖြူလေး-မောင်တစ်လုံး
တို့ရဲ့ကျေးဇူးနဲ့ စည်စည်ကားကားလေးဖြစ်ခဲ့ရလို့အားလုံးကိုကျေးဇူးတင်ပါရှင်
(တီတင့်အရေး) 
ပျော်ရွှင်ဖွယ်ကောင်းတဲ့ မွေးနေ့မင်္ဂလာရက်မြတ်က အစပြုလို့ မွေးနေ့ရှင် မဒမ်လွင်ပြင်လေးနဲ့ အဖော်မွန်ကောင်း လွင်ပြင်လှိုင်းငယ်လေးတို့နှစ်ဦး လောကီလောကုတ္တရာ နှစ်လီနှစ်ဝ လိုအင်ဆန္ဒများပြည့်ဝပြီး သာသနာအကျိုး သည်ပိုးနိုင်တဲ့ မိသားစုလေး တစ်စုအဖြစ် ရပ်တည်နိုင်ပါစေကွယ်။

(Angelhlaingအရေးတစ်စ)
အနုပညာသုခုမ ဆန်တဲ့
နှလုံးသား နုနုပိုင်ဆိုင်သူ ဆောင်နတ်သမီးရေ...
စေရာလွင့်ဖို့
ကြွေဖို့စောင့်နေတဲ့ ရော်ရွက်ဝါအလား
မင်းအပါးမှာ ခံစားတဲ့ သက်တော်စောင့်ရဲ့ မေတ္တာတရားကြောင့်
ရေလိုအေးလို့ ပန်းလို ထာဝစဉ် လန်းဆန်းပါစေသား။     ။

(JUNEMOE ရဲ့ အတွေးလေးတစ်ပိုင်းတစ်စ) ကိုလဲအားလုံးဖတ်ရအောင်ပြန်ဖော်ပြပေးထားပါတယ်ရှင်
 ၂၈-၁၂-၂ဝ၁၁
ရနံ့လေးများရဲ့ သခင်မ
ဖူးငုံများရဲ့ အရှင်
ဥယျာဉ်မှူးသခင်အတွက်
မတောက်တခေါက်ကဗျာလေး
ရင်နဲ့ရင်း၍ သီကုံးရေးစပ်လိုက်ပါသည်
ထူးခြားရက်မြတ် သည်နေ့တာမှ
စုန်ဆန်ဘဝ ချုပ်ငြိမ်းသည့်တိုင်
ချစ်သူသခင် ချစ်ဦးမောင်နှင့်
ကြည်နူး... ပျော်ရွှင်... ချမ်းမြေ့ခြင်းများ
ဆထက်လျှံပယ် ပြည့်စုံလျက်
Jasmine ကမ္ဘာလေး
အစဉ်ထာဝရ မွှေးပျံ့သင်းထုံငြိမ်းအေးပါစေ။
မောင်စွယ်စုံကတော့ သူငယ်ချင်းတွေနဲ့အတူတူမွေးနေ့ပွဲကိုတက်ရောက်လာခဲ့ပါတယ်ရှင်
(စံပယ်လိုဖွေး ဖြူစင်မွှေးကာ
တက်ကျလမ်းတွေမှာ စက်ကျစမ်းရေပမာ
အေးမြလင်းကြည် ရနံ့ တည်ပြီး
သာယာလမ်းတွေ ထာဝလှမ်းနေပါစေ)
  လေလွင့်လူ(ကမာမြေ)
(ကောင်းချီး မင်္ဂလာ
      အဖျာဖျာနဲ့
           မွေးနေ့ အတွက် ဆုတောင်းရင်း
                ထာဝရ ပျော်ရွှင်ခြင်း ရှိပါစေ
ဘုရားသခင် ဖန်ဆင်း
     လူသားတွေရဲ့ ချစ်ခြင်းနဲ့
             ထာဝရ ခင်မင်ခြင်း ရှိပါစေ)
 ညီညီ(မြန်အောင်) 
 (သာယာအေးမြနွေးထွေးတဲ့ ဘဝနဲ့ 
တည်ငြိမ်တဲ့  အလှပိုင်ရှင်လေး မမ စံပယ်ချို ရေ
နှောင်နှစ်ပေါင်းစွာ အစဉ်အေးချမ်းဘဝလေးပိုင်ဆိုင်ပြီး
ထာဝရပျော်ရွှင်ပါစေလို့  မမရဲ့  မောင်လေး 
အဝေးကနေ ဆုတောင်းပေးလိုက်ပါတယ်)
  ဖိုးခွားလေး (ကော့မှုး)
လာရောက်ကြတဲ့သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် မွေးနေ့ကိတ်ကိုအ၀သာစားကြပါလို့ 
မွေးနေ့ကိုလာရောက်အားပေးကြသော သူငယ်ချင်းများ မိမိကြိုက်နှစ်သက်ရာကိတ်မုန့်များကို
စိတ်တိုင်းကျ သုံးဆောင်ပါရန်ကိတ်မုန့်တွေအများကြီးတင်ပေးထားပါတယ်ရှင်
လာရောက်ဖတ်နေသောသူငယ်ချင်းအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်ရှင်
နှစ်သစ်မှာ သူငယ်ချင်းတွေအားလုံး ပျော်ရွှင်မှုအောင်မြင်မှုတွေနဲ့ ပြည့်ဝကြပါစေလို့
ကျွန်မရဲ့မွေးနေ့ဖြစ်မြောက်ဖို့ အရာအားလုံးကိုဖန်တီးပေးတာကတော့ ကျွန်မရဲ့
ထာဝရ လက်တွဲဖော်ဖြစ်တဲ့ မောင်လွင်ပြင်ပါပဲ သူကတော့ကျွန်မဘာပဲလုပ်ချင်ချင်
အားလုံးကိုဖြစ်အောင်လုပ်ပေးနိုင်တဲ့သူပါ ဘလော့လေးကိုလဲ သူကပဲ စပြီးလုပ်ပေးခဲ့တာပါ
လုပ်ပြီးတာနဲ့( မိန်းမရေ လာရေးတော့ ကြိုက်တဲ့ ကဗျာတွေရေးလို့ရပြီတဲ့)
သူ့ကိုတော့ ကျေးဇူးတင်တဲ့အကြောင်းနောက်မှပြောပါတော့မယ်စိတ်ကူးရှိပေမယ့် သူကပြောတယ်
ကျေးဇူးတင်တယ်ဆိုတာသူစိမ်းဆန်တာတဲ့ ပြောစရာမလိုပါဘူးတဲ့လေ.........




jasmine

38 comments:

{ AH } at: December 27, 2011 at 9:07 AM said...

ပျော်ရွှင်စရာမွေးနေ့ကလေး ဖြစ်ပါစေ မဂျက်စ် ခင်ဗျား.....

{ ချောကလက်ကျူးပစ်လေး } at: December 27, 2011 at 9:14 AM said...

မွေးနေ့မှာပျော်ရွှင်ပါစေမကြီ်းဂျက်ရေ

{ မိုးဇက် } at: December 27, 2011 at 9:19 AM said...

အစ်မက အပြင်ပန်းက လီဟက်ဆူ သလို ၊
အတွင်း သနေပါ လီဟက်ဆူတဲ့ အစ်မ ။
စိတ်ဓါတ်လဲ လီဟက်ဆူတယ် ၊
အမှုအကျင့်ပါ လီဟက်ဆူတယ် ၊
သံသရာ အဆက်တိုင်အောင်လဲ လီဟက်ဆူမယ့် အစ်မ ၊
အော်ကွယ် မပြောတော့ပါဘူး ၊
ခုနှစ်တွေ၁၀၂ တောင်တည်မြဲမယ့်အစ် ၊
ကိုယ်ဆုမတောင်းပေးလဲ ပြည့်ပီးသား
ဒီမွေးနေ့မှာ ငြိမ်းချမ်းစေသား
ငြိမ်းစေသား ။ ။

{ သူကြီးမင်း (တုံးဖလား) } at: December 27, 2011 at 9:39 AM said...

စံပယ်ချို
ဘလော့ရေးတဲ့ စံပယ်ချို
အသော့ပြေးတဲ့ စံပယ်ချို။

မွေးနေ့မှာ ထွေးပွေ့စရာ ရှားပါတဲ့
စံပယ်ချို မယ်အိုဘွားကိုလ
သနားလျှက် ရင်ဖို။

လာမချော့လေနဲ့
အသာမော့မကွဲ့ သေရည်ကို
ဝိုင်ချိုနဲ့ အမြေး။

ချစ်ကြင် အဖော်
ချစ်လင်ရယ် ပေါ်မလာလို့
ကြင်ဖော်ကို ရည်မျှော်လွမ်းကာပ
မွေးနေ့မှာ ဆွေးမြေ့မနွမ်းရအောင်
စံပယ်ချို မယ်အိုဖျန်းရယ်နဲ့
လန်းကြစို့လေး။

မွေးနေ့မှာ လန်းနိုင်ကြပါစေ။

ခင်မင်လျှက်
(မင်္ဂလာဘိသိက် (သို့မဟုတ်) မွေးနေ့ဘိသိက် အငှားလိုက်တဲ့)
တဂျင်းမီးးး)

{ Candy } at: December 27, 2011 at 9:50 AM said...

HAPPY BIRTHDAY မမဂျက်စ်....
မွေးနေ့မှာ ပျော်ရွှင်ပါစေ.....
မမက ကံကောင်းပါတယ်.. ကိုလွင်ပြင်ကလည်း တိတ်ချစ်တာကို..
ညီမအရမ်းများ ပိန်းနေလား မသိဘူး.. မဒမ်လွင်ပြင်က မမဆိုတာခုမှသိတယ်... Sorry
အာဘွား.... :D :D :D (ကိုလွင်ပြင်ကြီး မျက်စောင်းထိုးကြည့်နေတယ် ဟဟဟ)

{ blackroze } at: December 27, 2011 at 10:01 AM said...

့Happy Birthday ပါ ဂျက်စ်ရေ
မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာတိုင်အောင်
ပျော်ရွှင်ကြည်နူးခြင်းတွေနဲ့ဘဝခရီးကို
ဖြတ်သန်းးနိုင်ပါစေကွယ်..


ချစ်တဲ့ ပစ်ပစ်..

{ ကိုရင် } at: December 27, 2011 at 10:10 AM said...

မွေးနေ့ကစပြီး နောက် ကိုယ့်ဆန္ဒရှိသလောက် နှစ်တွေအထိ လုပ်ချင်တာ လုပ်ခွင့်ရနိုင်ပါစေဗျာ..ပြည့်စုံပါစေ..

{ rose } at: December 27, 2011 at 10:16 AM said...

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သော အစ်မဂျက်စ်၏ မွေးနေ့မှသည် နောင်နှစ်ပေါင်း ၁၀၀ တိုင် ချစ်စွာသော မိသားစုနှင့် အမြဲ ပျော်ရွှင်နိုင်ပါစေ။ ဒါနဲ့ စကားမစပ် ဘယ်နှစ်နှစ် ပြည့်တာလဲဟင် (တစ်မျိုးမထင်ပါနဲ့နော်... အရင်က မဂျက်စ်ကို ညီမ ခေါ်နေမိလို့... အစ်မမှန်း၊ ညီမမှန်း သိရအောင် မေးကြည့်ယုံပါ ခိခိး)

{ မီးမီးငယ် } at: December 27, 2011 at 11:23 AM said...

စပယ်လေးရေ...
မွှေးနေ့ မင်္ဂလာပါ၊
ပျော်ရွှင်တဲ့မွှေးနေ့ မှာချစ်တဲ့သူတွေနဲ့ ၊
အတူတကွသက်ဆုံးတိုင်။
ဖြတ်သန်းနိုင်ပါစေကွယ်...

{ camomilla } at: December 27, 2011 at 12:02 PM said...

ပျော်ရွှင်တဲ့မွေးနေ့လေးဖြစ်ပါစေနော် မဂျက်.
မဂျက်ချစ်တဲ့ ကဗျာလေးတွေလဲ အများကြီးဆက်လက်ရေးသားနိုင်ပါစေ.

{ မောင်မောင် } at: December 27, 2011 at 12:45 PM said...

ဟီး တော်တော်ဆိုးတာဘဲ အစ်မဂျက် နဲ. ကိုလွင်ပြင်က ဇနီးမောင်နှံတွေမှန်း သိဘူးဗျာ ခုမှဘဲသိတော.တယ်။ ဘာဘဲပြောပြော လိုက်ဖက် ညီတဲ. သူတွေပါ။ ၀ါသနာလည်းတူ တယ်ဆိုတော. အမြဲတမ်းပျှော်ရွှင်နိုင်ကြပါစေ။ စာတွေ အများကြီးဆက်ရေးနိုင်ပါစေနော်။

{ လမင်းငယ် } at: December 27, 2011 at 12:57 PM said...

စံပယ်လိုဖြူစင်ပြီဒီဇင်ဘာလိုအေးချမ်းတဲ့လရဲ့ မွေးနေ့ရှင်
မမရေ မွေးနေ့ မှာသည်နောင်နစ်ပေါင်းများစွာ
ပျော်ရွှင်သောဘ၀ကိုပိုင်ဆိုင်နိုင်ပါစေရှင်

{ San San Htun } at: December 27, 2011 at 1:40 PM said...

မဒမ်လွင်ပြင် ခေါ် ဂျက်ဂျက် မွေးနေ့ မှသည် တိုတိုလွင်ပြင်နဲ့  အတူ ကျန်းမာပျော်ရွှင်စွာနဲ့  ဆထက်တိုး ဘလော့ဂင်းနိုင်ပါစေဗျား..

{ Unknown } at: December 27, 2011 at 3:07 PM said...

ကဲ...၂၈ ရက်ရောက်ပြီ...
:)
မွေးနေ့မှာ အဓိပ္ပာယ်ပြည့်ဝစွာ ပျော်ရွှင်စွာ ကျော်ဖြတ်နိုင်ပါစေ မမရေ...

(ဘလော့ဂါတွေကိုလည်း ကျေးဇူးတင်နဲ့နော်.. သူစိမ်းဆန်တယ်.. :P)

ချစ်ခင်လျက်
Junemoe

{ mstint } at: December 27, 2011 at 4:29 PM said...

ပျော်ရွှင်ဖွယ်ကြည်နူးဖွယ်အးချမ်းဖွယ်နဲ့ပြီးပြည့်စုံတဲ့မွေးနေ့လေးပါ'ဂျက်ရေ'။
တိုတောင်းလွန်းတဲ့လူ့ဘဝသက်တမ်းလေးကိုအကျိုးရှိရှိအသုံးချနိုင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ မဒမ်ကိုး } at: December 27, 2011 at 4:59 PM said...

မမစံပယ်ရေ ဒီမွေးနေ့ရက်မှ နောင်နှစ်ပေါင်းများစွာတိုင် ချစ်သော အကိုလွင်ပြင်နဲ့ အတူထာဝရ ရွှေလက်တွေခိုင်ခိုင်မြဲ လို့ သားတရာ မြေးတစ်ကျိတ်အထိ ပျော်ရွှင်စွာနေရပါစေ ..
ဘလော့တွေလဲအများကြီးရေးနိုင်ပါစေ ...
ကဗျာတွေလဲအများကြီးစပ်နိုင်ပါစေ


ချစ်တဲ့

မဒိုးကန်

{ Thandar Lwin } at: December 27, 2011 at 5:03 PM said...

စပယ်ပန်းလေးရေ ...ကြောင်ချစ်တတ်လို့ အပျိုကြီးဖြစ်မယ်ထင်နေတာ ခုမှ နံပါတ်တပ်ထားပြီးမှန်းသိတော့တယ်ကွယ်။
ဒီနေ့ မွေးနေ့သာမဟုတ် နေ့စဉ်နေ့တိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် ချစ်သောသူများနှင့် မခွဲမခွာ ဘလော့ဂင်းနိုင်ပါစေသောဝ်။

ချစ်တဲ့ ...
မမ မယ်သံ

{ သဒ္ဓါလှိုင်း } at: December 27, 2011 at 5:10 PM said...

ညီမဂျက်စ်.
ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့တွေကို ချစ်ရသူနဲ့အတူ ချမ်းမြေ့စွာ နှစ်စဉ်နှစ်တိုင်း ဖြတ်သန်းခွင့်ရပါစေ။ ဝါသနာပါရာ
အလုပ်တွေကိုလည်း လုပ်ကိုင်နိုင်ပြီး ကျန်းမာစွာနဲ့ ဘဝခရီးကို
လျှောက်လှမ်းနိုင်ပါစေ။
Happy Birthday Sis!
ချစ်တဲ့
သဒ္ဓါ

ညီညီ at: December 27, 2011 at 5:29 PM said...

ကမ္ဘာလောကကြီးအတွက် အကောင်းဆုံးလူတစ်ယောက် မဖြစ်ခဲ့ရင်တောင် ကိုယ့်တိုင်းပြည်အတွက် အကောင်းဆုံးလူတစ်ယောက်ဖြစ်ပါစေ......ကိုယ့်တိုင်းပြည်အတွက်အကောင်းဆုံးလူတစ်ယောက်မဖြစ်ခဲ့ရင်တောင် ကိုယ့်မြို့နယ်အတွက် အကောင်းဆုံး လူတစ်ယောက်ဖြစ်ပါစေ....ကိုယ့်မြို့နယ်အတွက်အကောင်းဆုံးလူတစ်ယောက်မဖြစ်ခဲ့ရင်တောင် ကိုယ်နေတဲ့ရပ်ကွက်(ကျေးရွာ)အတွက် အကောင်းဆုံးလူတစ်ယောက်ဖြစ်ပါစေ.....ကိုယ်နေတဲ့ ရပ်ကွက်(ကျေးရွာ)အတွက်အကောင်းဆုံးလူတစ်ယောက် မဖြစ်ခဲ့ရင်တောင် ကိုယ့်မိသားစု အတွက် အကောင်းဆုံးလူတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်အမ....ကံကောင်းစွာနဲ့ ဒီမနက်လိုင်းလေးကောင်းတုန်း ဝင်ရောက်လည်ပတ်ဆုတောင်းပေးခဲ့ပါတယ်..... မုန့်တွေလဲ ဆွဲသွားတယ်နော်..အဟဲ....Happy Birthday ပါ............

{ ချော(အစိမ်းရောင်လွင်ပြင်) } at: December 27, 2011 at 6:36 PM said...

ညီမလေး
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေနော်...
ဘဝတစ်လျှောက်လုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပြီး
မိမိကောင်းကျိုး၊ သူတစ်ပါးကောင်းကျိုးကို ဆောင်ရွက်နိုင်သော သူတစ်ယောက်ဖြစ်ပါစေ...
ဆန္ဒအားလုံး ပြည့်ဝပါစေလို့ ဆုတောင်းပေးပါရစေနော်။။။

{ ဇင်မျိုး } at: December 27, 2011 at 6:47 PM said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ... ချစ်သောသူနဲ့အရာရာအဆင်ပြေပြီး စိတ်ချမ်းမြေ့စရာ နေ့ရက်တွေချည်းသာ ပိုင်ဆိုင်နိုင်ပါစေ...

{ 8Yar } at: December 27, 2011 at 6:49 PM said...

မင်္ဂလာပါဗျိုး။ နည်းနည်းတောင်နောက်ကျသွားသလားပဲ။ Happy Birthday ပါ အစ်မ Jas ရေ။ သမီးစံ Post ဖတ်ပြီးရောက်လာတာ။ :P အစ်ကိုလွင်ပြင် အကြောင်းအခုမှသိတယ်ဗျာ။ နောက်မှသွားလည်အုံးမယ်။ :) ကဲ.. လက်ဆောင်ပေး... အဲလေ.. လက်ဆောင်ပေးမယ် လို့ပြောတာ ဟီး..... :P ။

ကဲပြောခဲ့မယ်
တောင်ပေါ်မှာ ပန်းတွေပွင့်နေရင်တောင်
အစ်မစံပယ်ကိုမမှီနိုင်ဘူး
ဘာဖြစ်လို့လည်းဆိုတော့
သူက ပန်းတွေကို ကဗျာအဖြစ် အလှဆင်နိုင်လို့....

ကဲပြောခဲ့မယ်
တောင်အောက်မှာ ခမ်းနားတဲ့ ရဲတိုက် ရှိနေရင်တောင်
အစ်မစံပယ်ကိုမမှီနိုင်ဘူး
ဘာဖြစ်လို့လည်းဆိုတော့
သူ့မှာ ကြီးမားကျယ်ပြန့်တဲ့
လွင်ပြင်ရဲ့ ရင်ခွင်ရှိနေလို့ပဲ....။

အစ်မ Jas တစ်ယောက် ကျရောက်တဲ့ မွေးနေ့တိုင်းပျော်ရွှင်ပြီး ဆန္ဒနဲ့ဘဝ တစ်ထပ်ထဲကျ ပါစေလို့ ကျွန်တော် က 8Yar ဆုမွန်တောင်းပါတယ်ခင်ဗျာ။ :D :D :D

{ မောင်(စွယ်စုံကျမ်း) } at: December 27, 2011 at 8:45 PM said...

ယောက်ခမ အတည်နော်

{ Angelhlaing(May everybody be happy and healthy! } at: December 28, 2011 at 12:21 AM said...

Happy Birthday ပါ မမရေ.... ကိတ်တွေ တဝကြိးစားသွားတယ် စိတ်ဆိုးဆိုးနဲ့ ...အဟီးးး..:P:P:P
အာာဘွာားးးမမ :):)

{ Cameron } at: December 28, 2011 at 1:03 AM said...

ဟက်ပီးဘတ်ဒေးပါ ဂျက်စ်.......။ ဆုတောင်းပေးလိုက်မယ်တိုးတိုးကလေး သူများတွေနဲ့မတူအောင်လို့...း)

{ kokoseinygn } at: December 28, 2011 at 2:11 AM said...

မွေးနေ့ကစလို့
ဘ၀ခရီးလမ်းတစ်လျှောက်လုံးမှာ
လိုတိုင်းတရပြီးကိုယ်ေ၇ာစိတ်ပါတသက်တာ
ချမ်းမြေ့ပျော်ရွှင်နိုင်ပါစေ စပါယ်ချို

ဒုတိယ at: December 28, 2011 at 2:20 AM said...

Happy Birthday ပါ အမ ရေ အနော် ဆိုက် လေး ပျက်သွား
မလာ ဖြစ်တာ တောင်ပန် ပါတယ် .. ဆရာမောင် ပြောလို့
အမ မွေးနေဆိုလို့ အရောက်လာခဲ့တာ.. မွေးနေ့မှ အနစ်တရာ
တိုင် ပျော်ရွှင်ချမ်းမြေ့ ပါစေဗျာ
ခင်မင် လေးစားလျှက်
(ဒုတိယ)

{ ♫♪★လွမ်းပိုင်ရှင်★♪♫ } at: December 28, 2011 at 4:41 AM said...

ခင်တဲ့မမဂျက်
စိတ်မကောင်းစွာနောက်တစ်ခေါက်ဆုတောင်းပေးသွားပါတယ်နော်
မွေးနေ့လေးမှာပျော်ရွှင်ပါစေနော် :( :( :( :( :(

{ ညိမ်းနိုင် } at: December 28, 2011 at 5:22 AM said...

ဂျက်မရေ.....မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွင်ချမ်းမြေ့သော၊
စိတ်ချမ်းသာ၍ ကိုယ်ကျမ်းမာသော ချစ်ခင်နှစ်သက်သူများနှင့် ကွေ့ကွင်းရခြင်း
ဒုက္ခကိုမခံစားရသော ဘဝကိုပိုင်ဆိုင်နိုင်ပါစေဗျား....။

{ မောင်ဘုန်း } at: December 28, 2011 at 5:25 AM said...

မွေးနေ့  သဝဏ်လွှာ


ဆောင်း ငွေနှင်း မှုံ ၊ ရောင်ဖြာ ထွန်း၍
ငွေလ ဆန်းလည်း ၊ ပြူခွင့် မသာ
မှိုင်း နွဲ့ နွဲ့ ဖြင့် ၊ လွမ်း ရေး ဆင်သည့်
ဆောင်း အချိန် ခါ ၊ ဤ ရက်မြတ် မှာ
မစံပယ် ၏ ၊ မင်္ဂလာ ဆန်းသော
မွေးနေ့ မင်္ဂလာ ၊ ဖြစ် တော့ပေသည် … ။


ရှေ့ အစဉ် ထားမှတ် ၊ ဆိုအပ်ရာ ဝယ်
မိန်းမ ပြာသို ၊ လုလင် ဝါဆို
ဇာတာ ဆန်းပ ၊ ထွန်းထွန်း တောက်အံ့
ဤ ရက်မြတ် ကို ၊ ဆန်း ပြာသို ဟု
မှတ်ဖွယ် ပြုကာ ၊ မင်္ဂလာ ဆန်းသော
မွေးနေ့  မင်္ဂလာ ၊ ဖြစ်တော့ ပေသည် … ။


ဤ မျှ မက ၊ အနောက်တိုင်း ဝယ်
မှတ်သား ပြုရာ ၊ ဤ ချိန်ခါ ကို
ကက် ပရီကွန်(Capricorn) ၊ လွှမ်းရာ ကြယ်စု
ရှိပါ သောကြောင့် ၊ မွေးနေ့  ရှင် သည်
ဘုန်းရောင် တောက်လွှမ်း ၊ မင်္ဂလာ ဆန်း၍
မွေးနေ့  မင်္ဂလာ ၊ ဖြစ်တော့ ပေသည် … ။


မင်္ဂလာရောင် လွှမ်း ၊ ကျရောက်ပါသော
ယနေ့  ချိန် ဝယ် ၊ ဆန္ဒ ပြု၍
စာ ပန်းချီ ချယ်သ ၊ လေးစား လောက်သူ
မွေးနေ့  ရှင်အား ၊ အကျွန့်  သခင်
ချစ်သက် ငယ် နှင့် ၊ ထပ်ထူ ပြု၍
မင်္ဂလာ တောင်းဆု ၊ ပြု ရလို သည် …. ။


ယနေ့ မှသည် ၊ ရွှင် မျက်နှာ နှင့်
သီတာ ရေချမ်း ၊ ထိပ်ထက် ဆန်းသို့ 
စိတ်က ကြည်ဖြူ ၊ ဘေးချမ်း ရန်ကွာ
ချစ် ခင်မွန်း နှင့် ၊ မေတ္တာ ဆင့်ကဲ
နှစ်ရာတိုင် ထိ ၊ မကွဲ အတူ ရှိပါစေသော် …. ။


သံသရာ ၌ ဝယ် ၊ နှိုင်းတု မရှိ
မြတ်ဗုဒ္ဓ ၏ ၊ ဟောကြား ပြုရာ
သဒ္ဒါ လေးသွယ် ၊ ထပ်တူ ကြ၍
ယနေ့  မှသည် ၊ သံသရာ ဆက်ဆက်
ချစ်ကြိုး သွယ် နိုင်ကြပါစေကုန် သတည်း …………… ။

{ မျိုးဆက်သစ် } at: December 28, 2011 at 5:31 AM said...

Happy birthday.happy new year ပါစံပယ်ချိုရေ..

ကဗျာတွေရေးရင်း ပျော်ရွှင်ဖွယ်မိသားစုခရီးကို ဖြတ်သန်းနိုင်ပါစေလို့....

ခင်မင်လေးစွာဖြင့်

မျိုးဆက်သစ်

{ ဝင်းမင်း } at: December 28, 2011 at 5:36 AM said...

happy birthday ...သူငယ်ချင်း

{ ပေါ့ဆိမ့် } at: December 28, 2011 at 6:07 AM said...

Happy Birthday ပါ...
ကောင်းသောအရာမှန်သမျှ ရောက်လာပါစေ ခိုင်မြဲပါစေ တည်မြဲပါစေ ...
မနေ့ည က စီဘောက်မှာရေးခဲ့တာလေးပဲ ထပ်ရေးထားခဲ့ပါတယ် ...
ဆောင်းနတ်သမီး
ကောင်းမြတ်ဆီးကြို
နေ့သစ်ချိုတို့
တစ်သက်စာလုံး
ဖိတ်စိုပါစေသား ...
(ဆင်တဲကဖေး ကိုယ်စား)

{ ဇော်သိင်္ခ } at: December 28, 2011 at 6:35 AM said...

ပျော်ရွှင်စရာ မွေးနေ့ပေါင်း မြောက်များစွာကို ထာဝရ ပိုင်ဆိုင်နိုင်ခွင့် ရပြီး... သာယာချမ်းမြေ့တဲ့ မိသားစု လေးနဲ့အတူ မွေးနေ့ပွဲလေးများ အမြဲ ကျင်းပနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ် ဂျက်စ်ရေ..........

ဖေ့ဘုတ်မှာတော့ မနက်ကတည်းက ဆုတောင်းပေးခဲ့ပီ။ ဒီမှာတော့ နောက်ကျသွားတယ်.. :)

{ ညီရဲ } at: December 28, 2011 at 7:28 AM said...

မျက်စိတွေတောင် လည်တယ် အစ်မရေ...
မွေးနေ့ မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် အစ်မ...

အဖြူရောင်နတ်သမီး at: December 28, 2011 at 10:14 AM said...

နောက်ဆုံးပိတ် အိတ်အကြီးကြီးနဲ့ မွေးနေ့ဆုတောင်းအပြည့်ကြီးထည့်လာခဲ့တယ် စပယ်လေးရေ...
HAPPY BIRTHDAY...ပါကွယ်..

မှတ်ချက်။ ။ တီတင့်ရေ..
တီတင့်ထက် တုံးတဲ့သူရှိသေးတယ်။ အဲဒါ နတ်သမီးပဲ။
စပယ်နဲ့ လွင်ပြင်ဆိုတာ ခုမှသိတာ..ညံ့ချက်..း(

{ Iora } at: December 28, 2011 at 1:02 PM said...

တုံးတဲ့ထဲမှာ အိုင်အိုရာလည်းပါတယ်။ တီတင့်ရဲ့ မွေးနေ့ ဆုတောင်းပို့ စ်ဖတ်ပြီးတာတောင် ဇဝေဇ၀ါ နဲ့ ။
ဂျက်စ်ရေ (အဲလေ..မဒမ်လွင်ပြင်ရေ)..နှစ်စဉ်ပျော်ရွှင်ဖွယ်မွေးနေ့ များ ပိုင်ဆိုင်ပါစေလို့ ...

{ ညီလင်းသစ် } at: December 28, 2011 at 3:39 PM said...

(တစ်ရက် နောက်ကျနေပေမယ့်) Happy belated birthday လို့ နှုတ်ဆက် ပါတယ်ဗျာ...။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine