Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဝေးတဲ့ အလွမ်း

| Sunday, January 8, 2012

နှလုံးသားကို စတေးပြီး
အလောင်းအစား လုပ်တာမဟုတ်ပေမယ့်
မင်းရဲ့စေတနာ အမှားတွေကို
ထောက်ထားပြီး
တားဆီးမရတဲ့ လက်ကျန်
သံယောဇဉ် ပါးပါးလေးကို
အလွမ်းတွေ ကြားကနေ
ဝိုးတ၀ါး မြင်ရတဲ့
ချစ်သူက
အကြင်နာတွေ ကိုလဲ
ခိုးယူခဲ့ပါတယ်
မခိုင်မြဲလို့ ယိုင်လှဲခဲ့ရတဲ့ ဘဝ
ထူလှဲ့ပါဦး ကူပါဦး
အမူအရာ ပိုပိုသာသာနဲ့
မျက်နှာချို လေပြေသွေး
အေးအေးဆေးဆေး ပြောနေသလို
ဘ၀တခုလုံး အမုန်းတရားတွေ
ဖုံးကွယ်သွားတော့ တွေ့သမျှ မြင်သမျှ
အရာအားလုံး ဗလာချည်းပါပဲ။
ကံကြမ္မာလမ်း မဖြောင့်တန်းလို့
လွမ်းနေရတဲ့ ဒီရာသီတွေကို
တမ်းတမ်းတတနဲ့
ရင်ဘတ်ထဲ သိမ်းထားတာ
နှစ်လရှည်ကြာ
အပြုံးတုတွေ
ဗုံးဘောလအောသုံးပြီး
နှလုံးသားထဲထိ ၀င်လာတဲ့
မင်းကို ရိုင်းတယ်လဲ မထင်မိပါဘူး
အနာဂတ်မှာ သာယာဖို့အရေး
ချစ်ရတဲ့ မင်းစွန့်ခွာပြေးတော့
အတွေးနဲ့ပဲ ဝေးသထက်ဝေးတော့
အဆွေးတွေနဲ့ လွမ်းရပြီကွယ်





Friends18.com Orkut Scraps

ကဗျာ ချစ်သော စာချစ်သော သူငယ်ချင်းအားလုံးကို
အမြဲချစ်တဲ့ jasmine

28 comments:

{ မောင်ဘုန်း } at: January 8, 2012 at 11:44 PM said...

အနာဂတ်မှာ သာယာဖို့  အရေး ချစ်ရတဲ့ မင်း စွန့် ခွာပြေးတော့ အတွေးနဲ့ ပဲ ဝေးသထက်ဝေးတော့ အဆွေးတွေ နဲ့  လွမ်းရပြီကွယ် .... တဲ့

အရမ်း ကြိုက်တယ် ဗျာ ...

{ မဒမ်ကိုး } at: January 8, 2012 at 11:50 PM said...

ဒီလောက်နီးနေတာကို လွမ်းနေတုန်းလား မမရေး)
ကဗျာလေးကိုခံစားအားပေးသွားတယ်း)

ချစ်တဲ့

မဒိုးကန်

{ လွင်ပြင်လှိုင်းငယ် } at: January 9, 2012 at 12:17 AM said...

လွမ်းပဲလွမ်းနိုင်လွန်းတယ်
မလွမ်းပိုလို့တောင် နာမည်ပြောင်းရမလို

ပုံ/
သင်၏ချစ်လင် ကိုလွင်ပြင်

{ ဘိုဖြူ } at: January 9, 2012 at 12:56 AM said...

ဟားဟားဟား
ဟိုတစ်ယောက်ကလဲ ကျွန်မချစ်လင်မောင်လွင်ပြင်တဲ့
ဒီတစ်ယောက်ကလဲ သင့်၏ချစ်လင် ကိုလွင်ပြင်တဲ့
ဟုတ်နေပါရောလား

{ ...အလင်းစက်များ } at: January 9, 2012 at 2:47 AM said...

တရုတ်အားထား တယ်လို့  မပြောရဘူး။ ကြည့်ပါလား အလွမ်းတောင် အတု ထုတ်သေးတယ်။ ဆိုးပါ့။ ဟီး

အကြင်နာတွေပါ ခိုးသွားတဲ့ကောင် အိုင်ဒီး ဂျက် ရဲစခန်းမှာ အမှုဖွင့်ရမယ်။ သမ္မတ အသစ်ကြီးနဲ့  တိုင်မယ်။ :P

{ မြတ် } at: January 9, 2012 at 2:48 AM said...

အနာဂတ်မှာ သူသာယာစေဖို့ မြတ်ဆိုလျှင်လည်း တကယ်ကို တိတ်တိတ်လေးပဲ လွမ်းမယ်။

{ ချောကလက်ကျူးပစ်လေး } at: January 9, 2012 at 2:52 AM said...

ကဗျာတွေမဖတ်တော့ဘူးးကွန်မန့်ပဲဖတ်သွားတယ်
အားကြထှာ(စတာနော်..မကြီးဂျက်)

အလွမ်းတွေနဲ့ထုဆစ်ထားတဲ့ကဗျာလေး
အရမ်းထိတယ်...

{ ညီရဲ } at: January 9, 2012 at 5:21 AM said...

ကဗျာလေး ခံစားအားပေးသွားပါတယ် အစ်မရေ...

{ Angelhlaing(May everybody be happy and healthy! } at: January 9, 2012 at 5:24 AM said...

တိုက်ဆိုင်လိုက်တာများ ..ဒီအချိန်မှ လာဖတ်မိတယ်လို့ ဟင့်.... အဲလိုကြိး မလွမ်းချင်ဘူး...:(

{ camomilla } at: January 9, 2012 at 7:00 AM said...

အလွမ်းကဗျာလေး ခံစားသွားတယ် မဂျက်
ကိုလွင်ပြင်ပြောသလိုဘဲ မလွမ်းပိုလို့နာမည်ပြောင်းလိုက်း)

{ Unknown } at: January 9, 2012 at 7:05 AM said...

ဟား... မသိမှာစိုးလို့ အကိုလွင်ပြင်က ကြော်ငြာ ၀င်နေသေးတယ်..ဟိ
ကဗျာလေး ဖတ်ပြီး လွမ်းသွားတာ.. မန့်တာတွေဖတ်ပြီး ရယ်ချင်သွားတယ်.. :P

ချစ်ခင်လျက်
Junemoe

{ Unknown } at: January 9, 2012 at 7:07 AM said...

ဟား... မသိမှာစိုးလို့ အကိုလွင်ပြင်က ကြော်ငြာ ၀င်နေသေးတယ်..ဟိ
ကဗျာလေး ဖတ်ပြီး လွမ်းသွားတာ.. မန့်တာတွေဖတ်ပြီး ရယ်ချင်သွားတယ်.. :P

ချစ်ခင်လျက်
Junemoe

{ Candy } at: January 9, 2012 at 7:16 AM said...

မလွမ်းပိုလို့ နာမည်ပြောင်းလိုက်တော့ မမဂျက်စ်

{ လမင်းငယ် } at: January 9, 2012 at 8:04 AM said...

လွမ်းသွားတယ်မမရေ

{ ချော(အစိမ်းရောင်လွင်ပြင်) } at: January 9, 2012 at 10:22 AM said...

အပြုံးတုတွေနဲ့ ဝင်လာတဲ့ အစစ်အမှန်မဟုတ်သူ ကိုယ့်ဘဝထဲက ပျောက်ကွယ်သွားတာ ဝမ်းသာစရာလို့သာ တွေးရုံပေါ့ညီမရယ်
ကဗျာလေး ဖတ်ပြီး ခံစားရပါတယ်။

{ ချယ်ရီမြေ } at: January 9, 2012 at 10:42 AM said...

jasmine ရေ.. နေကောင်းတယ်နော်.. ခရီးကခုမှပြန်ရောက်လို့..၊ စာတွေလာဖတ်သွားတယ်..။ အမေနေ့ဆောင်းပါးလေးပါ ဖတ်သွားတယ်။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

{ ကိုရင် } at: January 9, 2012 at 12:19 PM said...

အင်း..ကုန်ကို မကုန်နိုင်ပါလား..:)

{ San San Htun } at: January 9, 2012 at 3:31 PM said...

လွမ်းတယ်

{ SHWE ZIN U } at: January 9, 2012 at 9:36 PM said...

ကောင်းလိုက်တဲ့ ကဗျာလေး ညီမ ရေ တကယ်ကို ကဗျာဆရာမကြီးပါဘဲ

ချစ်တဲ့
အမရွှေစင်

Anonymous at: January 9, 2012 at 9:49 PM said...

တော်ပါသေးတယ် ယောက်ခမ ဘဲရသွားလို့  မရရင် ဒီထက်ပိုထွက်မယ် idea နော် ဟဲဟဲ

{ 925 } at: January 10, 2012 at 6:31 AM said...

ဖန်တီးမှုအပိုင်းကတော့ မိုက်တယ်ဗျို့

{ Crystal } at: January 10, 2012 at 7:15 AM said...

တောင်စဉ်ခုနှစ်ထပ်က ခုနှစ်စဉ်အလွမ်းတွေ ကိုလွင်ပြင်အတွက်ပေါ့လေ :P

{ တွတ်တွတ် } at: January 10, 2012 at 12:34 PM said...

ရှယ်ပဲဗျို့...မခိုင်မြဲလို့..ယိုင်လှဲခဲ့ရတဲ့ဘ၀...အဲဒါလေးကြိုက်တယ်..မဂျက်ရေ..

{ မြသွေးနီ } at: January 11, 2012 at 1:25 AM said...

အဆွေးတွေနဲ့ လွမ်းပြီး..
အလွမ်းတွေနဲ့ ဆွေးနေတာလား ဂျက်ဂျက်ရေ...။

{ mstint } at: January 11, 2012 at 8:53 AM said...

ဂျက်ရဲ့ကဗျာလေးဖတ်တဲ့သူတွေ
အထင်တွေလွဲကုန်ပါအုံးမယ်ကွယ်။
နီးနီးလေးမှာရှိပြီး ဂလောက်ချစ်ကြပါရက်နဲ့း))
ကဗျာကောင်းလေးခံစားသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီညီ at: January 11, 2012 at 3:28 PM said...

အပြုံးတုတွေ
ဗုံးဘောလအောသုံးပြီး
နှလုံးသားထဲထိ ၀င်လာတဲ့
မင်းကို ရိုင်းတယ်လဲ မထင်မိပါဘူး......
အင်း..တိုက်ဆိုင်နေသလိုပဲ အဲ့စာသားက..အဟိ

{ ကိုဇော် } at: January 11, 2012 at 6:39 PM said...

မရောက်တာ ကြာလို့ လာလည်ရင်းနဲ့ ကဗျာလေး ဖတ်သွားသဗျို့ . .။

{ သူကြီးမင်း (တုံးဖလား) } at: January 13, 2012 at 12:56 PM said...

ပြောပြောချင်ဘူး။ သူတို့ဘဲ လွမ်းတတ်တာ ကျနေတော့တာဘဲ။း(

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine