Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ပြုပြင်ခြင်းသာ သင့်အတွက်အကောင်းဆုံးပါပဲ

| Thursday, January 19, 2012



အချစ်မိုးကောင်ကင်ကြီးကိုသာသိပြီး
အချစ်ကြောင့် လွမ်းရတဲ့
အလွမ်းဟင်းလင်းပြင်ကိုသိဖို့
ဘာကြောင့် မကြိုးစားခဲ့တာလဲ
အလွမ်း တချို့ကဆေးဖြစ်စေနိုင်သလို
တချို့ အလွမ်းတွေကဘ၀တက်လမ်းကို
ဘေးဖြစ်စေတတ်တယ်နော် ။

ပိုက်ဆံ နောက်လိုက်နေတာလား
ဒါမှမဟုတ် ၀ါသနာပါလို့ပဲလား
မင်းရဲ့လိုက်ခြင်းတွေကို
သုတေသန မပြုချင်တော့ပေမယ့်လဲ
တစ်ယောက်ရဲ့ အခြားတစ်ဖက်မှာ
နောက်ထပ် တစ်ယောက်တွေ
ထက်ပြီးရင်းထပ်
ရင်နှစ်မွှာ အပ်ပြီးရင်းအပ်နေပြီနော်
အတပ်ပြောရရင် 
မင်းရဲ့ သိက္ခာတွေလဲ
စုတ်ပြတ်သတ်နေပါပြီ ။

ကျောက်တိုင်း အပြစ်ရှိတာကို
မှတ်ယူပြီး အသစ်အသစ်တွေ
ထပ်တလဲလဲ ရှာနေရင်တော့
မင်းလေး ဘ၀ 
အဖတ်ဆယ်ရမှာ မဟုတ်ဘူးနော်
မင်းရဲ့ ချစ်သက်တမ်းကို
ဘယ်သူမှ မခန့်မှန်းနိုင်အောင်
အပြောင်းမြန်လှပါတယ်
ဒါက မင်းလေးရဲ့ (ကိုယ်ပိုင် အရည်အချင်း)
ရပ်လိုက်ပါတော့ တော်ပါတော့
မော်ကြွားနေထိုင်မှုက
မင်း ဘ၀ ကိုလက်မှိုင်ချရအောင်
ဖြစ်သွားမှာစိုးလို့ပါ ။

jasmine







34 comments:

ခရစ္စတလ် at: January 19, 2012 at 11:25 PM said...

အချစ်မိုးကောင်းကင်ကြီးကိုလည်း သိပါတယ်
အလွမ်းမိုးကောင်းကင်ကြီးကိုလည်း သိပါတယ်
ကျန်တာတွေတော့ မသိပါ :P

{ မိုးသက် } at: January 20, 2012 at 2:34 AM said...

ဟုတ်တယ် .. သိပ်မှန်တယ်. အစ်မဂျက်.
ပိုက်ဆံနောက်လိုက်နေတာလား
ဒါမှမဟုတ် ၀ါသနာပါလို့ပဲလား ဆိုတဲ့နေရာမှာ..
တစ်ချိန်တစ်ခါက တစ်ယောက်ယောက်ကို သတိရပြီးပြုံးမိပါရဲ့....

{ ချောကလက်ကျူးပစ်လေး } at: January 20, 2012 at 2:39 AM said...

မကြီးဂျက်ရေ
ကဗျာလေးဖတ်သွားတယ်

{ လမင်းငယ် } at: January 20, 2012 at 5:01 AM said...

မမရေ ကဗျာလေး ကောင်းလိုက်တာ
ခံစား ဖတ်ရှုသွားပါတယ်

{ Unknown } at: January 20, 2012 at 7:34 AM said...

မမရေ
ကဗျာလေး ခံစားသွားတယ်ဂျ.. :P

ချစ်ခင်လျက်
Junemoe

{ Candy } at: January 20, 2012 at 8:07 AM said...

တချို့အလွမ်းတွေက ဘေးဖြစ်စေတယ်တဲ့
မှန်လိုက်တာ :)

{ အောင်သက်ခိုင် } at: January 20, 2012 at 9:58 AM said...

ကဗျာလေးကလန်းတယ်မမရေလန်းတယ်ဗျာ

{ Angelhlaing(May everybody be happy and healthy! } at: January 20, 2012 at 10:33 AM said...

အသိဝေစရာ ကဗျာလေးပါလားမမရေ...ခံစားအားပေးလျှက်ပါလို့...

{ မောင်မောင် } at: January 20, 2012 at 11:04 AM said...

ကဗျာကောင်းလေးကို ရင်ဘက်ကြီးနဲ.ခံစားသွားပါတယ်။

{ mstint } at: January 20, 2012 at 4:44 PM said...

သတိပေးကဗျာကောင်းလေးအားပေးသွားတယ်ဂျက်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ဗညားရှိန် } at: January 20, 2012 at 5:29 PM said...

အမရေး)) သူ့ ဘ၀ အဖတ်ဆယ်မရတော့လည်း အရည်ပဲ ဆယ်ပါစေပေါ့လေး)))

ကဗျာလေးကို ဖတ်ပြီး ပြုံးသွားတယ်ဗျး))

ခင်မင်စွာဖြင့်
ဗညား

{ Thiha Lu Lin } at: January 20, 2012 at 8:21 PM said...

မဂျက်ရေ...

ကဗျာလေးကို ရင်ဘတ်နဲ့ခံစားသွားပါတယ်။ အသိလေးတစ်ခုလည်း ရသွားပါတယ်။ :)

{ San San Htun } at: January 20, 2012 at 9:29 PM said...

စာအိတ်လေး ကြိုက်လို့  မသွားကြီ ဂျက်ရေ

ဟန်ကြည် at: January 20, 2012 at 11:11 PM said...

ဒီကဗျာလေးကောင်းတယ်...လူငယ်တွေဖတ်သင့်တဲ့ကဗျာဖြစ်သလို လူကြီးတစ်ချို့နဲ့လည်း အဆင်သင့်တာပါပဲ...ဟုတ်ပ တစ်ချစ်တည်း ချစ်နေကြတာတွေကို ဦးဟန်ကြည်တော့ဖြင့် စိတ်ကုန်လာပြီ...ဒါပေမယ့် အချစ်ကိုဘမ်းပြပြီး ရမ်းကားတာကိုတော့ ပိုမုန်းလှပေါ့...

{ SHWE ZIN U } at: January 21, 2012 at 4:55 AM said...

ကဗျာလေး ဖတ်သွားတယ်နော် ညီမ

Anonymous at: January 21, 2012 at 6:28 AM said...

လွမ်းကဗျာတွေလာဖတ်ဖြစ်ပေမယ့် လွမ်းချင်ဖူးကွယ် လွမ်းရတာပင်ပန်းလွန်းတယ်း)


မောင်ဘကြိုင်

ညီညီ at: January 21, 2012 at 3:42 PM said...

အင်း.....
ဒီကဗျာလေးထဲက စာသားတွေ
အရမ်းမှန်နေတယ်နော်...........။

Anonymous at: January 21, 2012 at 4:49 PM said...

အဖတ်ဆယ်မရရင် အရေကုန်းခပ်ရတော့မယ်
ကဗျာလေးကောင်းလို့တော်တော်သဘောကျသွားတယ်မမစံပယ်ရေ

ဒါနဲ့ဘာကိစ္စမတက်တာဘာလိမ့်း(

ချစ်တဲ့

ဒိုးကန်

Anonymous at: January 21, 2012 at 8:05 PM said...

ကဗျာကို ကြိုက်တယ်။ မမဂျက်ရေ။ ကျေးဇူးနော်။

{ ဆူးသစ် } at: January 21, 2012 at 10:06 PM said...

ကဗျာကို ဖတ်သွားပါတယ်။ ခေါင်းစဉ်ကတော့ သိပ်ကဗျာမဆန်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ စေတနာကို ကဗျာကနေမြင်ရပါတယ်။

{ ချယ်ရီမြေ } at: January 22, 2012 at 6:04 AM said...

အမဂျက်ရေ... အမတို့ပတ်ဝန်းကျင်ရဲ့ ပြင်းရှရှအသံတွေ မကြာမကြာ ရိသဲ့သဲ့ကြားကြားနေရတယ်လေ..
ပညာပေးကဗျာလေးတစ်ပုဒ် ဖတ်ရတဲ့အတွက် ကျေးဇူးပါပဲ...။ ကြိုက်လို့ ကော်ဖီယူထားတယ်နော်...။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

{ blackroze } at: January 22, 2012 at 8:59 AM said...

တချို့သူတွေကပြုပြင်လို့ရပေမဲ့
မပြုပြင်ဘဲတမင်တကာ
မသိချင်ယောင်ဆောင်နေတတ်ကြတယ် jasေ၇..

{ အိမ်မက်စေရာ } at: January 22, 2012 at 9:00 AM said...

ကဗျာကောင်းလေး ဖတ်သွားတယ်..။။
တစ်ခုခုကို သတိပေးနေသလို..း)
ရင်ထဲမှာ တစ်မျိုးကြီး ခံစားရတယ်..
ခင်တဲ့
အိမ်မက်

Anonymous at: January 22, 2012 at 11:18 AM said...

မစံပယ်...
ကဗျာလေးကို ခံစားသွားတယ်ဗျာ။
အချစ် ပြီးတော့ အလွမ်း အခုတော့
ကျွန်တော့် အသဲ တစ်ခြမ်းမရှိတော့ဘူး။

( မင်းဧရာ )

{ မြသွေးနီ } at: January 23, 2012 at 2:12 AM said...

မိတ်ဆွေကောင်းပီသစွာနဲ့ သတိပေးထားတာလေးကို သူငယ်ချင်းလေးက အသိအမှတ်ပြုမိမှာပါ...

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: January 23, 2012 at 9:42 AM said...

ကဗျာလေးကို ခံစားသွားပါတယ်ရှင်။

(ကဗျာတွေ အရမ်းရေးတတ်တာကိုလည်း အားကျသွားပါတယ်ရှင်)

ခင်မင်စွာဖြင့်
မြတ်

{ Iora } at: January 24, 2012 at 1:36 AM said...

အားပေးသွားတယ်ဂျက်ရေ။

Anonymous at: January 24, 2012 at 2:19 AM said...

အားပေးသွားတယ်ဂျက်ေ၇..
အိုင်အိုရာ

{ လရိပ်အိမ် } at: January 25, 2012 at 12:45 AM said...

အလွမ်းနင့်နင့်နဲ့ခံစားသွားတယ်

{ အလင်းသစ် } at: January 25, 2012 at 9:43 AM said...

ဟာ..ကျန်..အမဂျက် အနော့် အကြောင်း ပြောတာလားမသိဘူး...
ပြောင်းပြန်ကြီး မှန်သွားတယ်..။။။

{ Unknown } at: January 25, 2012 at 5:17 PM said...

လာလည်ပါတယ်။ ပျော်တတ်သူနဲ့တွေ့ရတာ ပျော်စရာကောင်းပါတယ်။
လာလည်တာကိုလည်း ကျေးဇူးတင်ပါတယ်။
ကဗျာရေးတာတော်တယ်နော်။
အဲဒီလိုရေးတတ်ချင်လိုက်တာ။

{ ဧဒင်အချစ်ပုံပြင် } at: January 25, 2012 at 8:24 PM said...

အားလုံးကိုခံစားသွားတယ်နော်

{ ဘုန်းဘုန်းတောက် } at: January 27, 2012 at 3:25 AM said...

ရင်ထဲထိ ကဗျာလေး ဖတ်သွားတယ် ဂျက်ရေ...

{ နွေလ } at: February 2, 2012 at 5:12 PM said...

အလွမ်းတချို့က ဆေးဖြစ်စေနိုင်သလို
တချို့ အလွမ်းတွေက ဘေးဖြစ်စေနိုင်တယ်

ဒီစာလေးကို ခိုက်တယ်ဗျာ
လက်ရှိ ကျွန်တော်လည်း လွမ်းနေတဲ့သူပါ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine