Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ချစ်ရသူအတွက် သက်သက်ရေးဖွဲ့ခြင်း

| Saturday, January 28, 2012


မသေချာတဲ့ လောက ကမ္ဘာကြီးထဲ
အသေအချာ မင်းရှိနေဖို့တစ်ကယ်ကို
လိုအပ်ခဲ့တာပါ ။

မီးလောင်နေတဲ့ ကမ္ဘာကြီးထဲ
မင်နှလုံးသားကိုလဲ
နင်းပြီး ငါ အသက်မရှင်ချင်ဘူး ။

မင်းနဲ့ ပတ်သက်နေသမျှတော့
ငါ့နှလုံးသားကို
ငါကိုယ်တိုင် နေ့တိုင်း 
တံမြက်စည်းလှဲ ထားတယ်နော် ။

နှလုံးသား တခုလုံးပေးဆပ်ပြီးတာတောင်
လုံလောက်တယ် မထင်မိပါဘူး
အမုန်းတရားတွေ ဖြေလျော့
မာန်မာနတွေကိုချော့ပြီး
မင်းရဲ့ ခြေဖ၀ါးအောက်
အရောက်ပို့လိုက်မိတာ
ဘယ်ဘက် ရင်ဘတ်ထဲက
နှလုံးသားပါပဲ ။

အတွေးနဲ့ပဲ စိုးကြောက်မိတယ်
မင်းသာမရှိခဲ့ရင်တော့
နေရတာ ဘယ်လိုမှ 
အဆင်မပြေဘူး အချစ်ရေ ။

  စကြာဝဌာ  ထဲမှာရှိတဲ့
တခုတည်းသောကောင်းကင်
မင်းကိုသတိရတိုင်း မော့ကြည့်နေမိတယ်
သေကွဲရှင်ကွဲတွေ များတဲ့လောကကြားမှာ
သေကွဲလဲ မကွဲချင်သလို
ရှင်ရက်နဲ့လဲ မဝေးချင်ဘူး ။

ငါကဗျာတွေရေးနေတာ
ဘာကြောင့်များလဲ
သေချာတာတစ်ခုတော့သိတယ်
ကြွားစရာဘာမှမရှိတဲ့ဘဝ
အဲဒီဘ၀ထဲဝင်လာတဲ့ သံယောဇဉ်တွေ
မင်းရဲ့အရိပ် ငါ့အနောက်မှာ
အမြဲရှိနေလို့ နှလုံးသားထဲက
ခံစားချက်တွေ အတုံးအရုံး
ဒီအရိပ်ကြောင့်လဲ 
ငါတစ်ယောက်ထဲရှိနေလဲ
အထီးကျန်ခြင်းဆိုတာ 
ငါမသိခဲ့ရဘူး
ဘုရားသခင်ပေးတဲ့
အကောင်းဆုံးလက်ဆောင်ဟာ
ငါ့ဘ၀မှာ မင်းပါပဲ ။
ဖျတ်ကနဲ အကြည့်တချက်က
ဇတ်ကနဲ နှလုံးသားကို
ဆွဲနုတ်လိုက်တာ သိပ်ကိုမြန်ဆန်လွန်းလှတယ်
အတပ်ပြောနိုင်တာ တခုကတော့
တောင်မင်း မြောက်မင်း 
ဘယ်ဘုရားမှ မကယ်နိုင်တဲ့ သေကွဲရှင်ကွဲတွေ
သေခြင်းတရား ရောက်မလာသရွှေ့
(ဘ၀ရဲ့နောက်ဆုံး)အချိန်ထိအောင်
မခွဲအတူ တွဲလက်မြဲမြဲ
ရှိနေချင်တာပါ ။
jasmine

နေမကောင်းဖြစ်နေတဲ့နေ့ရက်လေးတွေကို
ဂရုတစိုက်ရှိနေပေးတဲ့ချစ်သူလေးအတွက်ပါပဲ 
အိပ်မရတဲ့အချိန်တွေမှာပဲ
ဟိုတစ ဒီတစနဲ့ ကဗျာလေး
တစ်ပုဒ်ကို နှလုံးသားဖြင့်ဖန်တီးထားခြင်းသာ
ဖြစ်ပါတယ်ရှင် ။
jasmine ရဲ့ c-box လေးမှာနေမကောင်းဖြစ်နေတာကိုမေးမြန်းကျတဲ့
သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ် ။


27 comments:

{ ဆူးသစ် } at: January 28, 2012 at 7:52 AM said...

တစ်ယောက်နဲ့တစ်ယောက်နားလည်ခြင်း၊ ကြင်နာခြင်း၊ ချစ်ခြင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ကမ္ဘာလေးကို ကဗျာဖတ်ပြီး ခံစားသွားပါတယ်။

{ ချစ်စံအိမ် } at: January 28, 2012 at 8:15 AM said...

ရေးတတ်ပါပေမမရေ
ခံစားဖတ်ရှူသွားပါတယ်

{ သံယောဇဉ် } at: January 28, 2012 at 9:33 AM said...

ခံစားမှု စာသားတွေကောင်းပါတယ်.....
နေကောင်းပါစေ...

Anonymous at: January 28, 2012 at 2:51 PM said...

ကဗျာလေးခံစားသွားအားပေးသွားတယ်မဂျက်
ကျန်းမာရေးဂရုစိုက်နော်

camomilla

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: January 28, 2012 at 3:34 PM said...

နှစ်သက်စရာကဗျာလေးတွေရေးတတ်ပါပေ့ ဒေါ်ဂျက် ရယ်... ဒီကဗျာလေးကိုချစ်လိုက်တာ...

ဂရုစိုက်မယ့်သူရှိတယ်ဆိုပြီးမပေနဲ့နော် ...

ခင်တဲ့
မမဝသုန်

{ မိုးဇက် } at: January 28, 2012 at 5:20 PM said...

ဟိုက် အမဂျက်တို့နေမကောင်းဘဲနှင့်ရေးတာတောင် လက်သံပြောင်နေတုံးပဲ ကောင်းတယ်အမဂျက်
ခင်တဲ့
မောင်လေး မိုးဇက်

{ San San Htun } at: January 28, 2012 at 5:42 PM said...

ဂျက်ဂျက် နေကောင်းသွားပြီလား..ကျန်းမာရေး ဂရုစိုက်
ကွန်ပျူတာ ဒေါင်းသွားလို့  အဆက်ပြတ်သွားတယ်..

အတွေးနဲ့ ပဲ စိုးကြောက်မိတယ်
မင်းသာမရှိခဲ့ရင်တော့
နေရတာ ဘယ်လိုမှ
အဆင်မပြေဘူး Sony Vaio လေးရေ :P

{ လရိပ်အိမ် } at: January 28, 2012 at 8:24 PM said...

နေကောင်းကျန်းမာပါစေနော်။
ရေးထားတဲ့ကဗျာလေးကိုလဲ သဘောကျမိတယ်။
ခံစားချက်တွေများနေလို့ ဖတ်ရတာ ဆွဲဆောင်မှုရှိနေတယ်

{ mstint } at: January 28, 2012 at 11:24 PM said...

ဂျက်ရေ တီတင့်ကိုယ်တိုင်နေမကောင်းဖြစ်နေလို့
ဂျက်ကို အားပေးစကားလေးမပြောဖြစ်ခဲ့ဘူးကွယ်။
မမာမကျန်းဖြစ်တဲ့အခါအနားမှာအားဆေးလေးတွေရှိဘို့လိုတယ်။
ကျန်းမာရေးကိုအထူးဂရုစိုက်ပါနော်။ ဒါထက်အရေးကြီးတာမရှိဘူးလေ။
ချစ်ရသူအတွက်ကျေးဇူးဆပ်တဲ့ကဗျာလေးအတော်ကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ မအိမ်သူ } at: January 29, 2012 at 12:27 AM said...

ဂျက်စ်ရေ အခုမှရောက်ဖြစ်တယ်။ အိမ်မှာလဲ ရာသီအကူးအပြောင်းမှာ အပူအအေးတွေမမျှပဲ တစ်အိမ်လုံး နေမကောင်းဖြစ်နေကြတာနဲ့ အွန်လိုင်းလဲ သိပ်မတက်ဖြစ်တော့ဘူး။ ကဗျာလေးက အသက်ဝင်တယ်။ ချစ်သူမျက်နှာကြည့်ပြီးဖွဲ့ထားတဲ့ ကဗျာမို့ထင်ပါရဲ့...း))

ခရစ္စတလ် at: January 29, 2012 at 12:30 AM said...

ရည်စူးပြီး ရေးဖွဲ့တယ်ဆိုတော့ ခရစ္စတလ်တို့ မဖတ်ရဘူးပေါ့နော် ဝမ်းနည်းထာ :(

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: January 29, 2012 at 3:14 AM said...

စံပယ်ရေ..

ဟိုရက်တွေက ခရီးထွက်နေလို့ စံပယ်နေမကောင်းဘူးဆိုတာ မသိလိုက်ရဘူး။ ကျန်းမာရေး ဂရစိုက်ပါ။ နေမကောင်းတဲ့ အချိန်မှာ ဂရုတစိုက် ပြုစုပေးမယ့် ချစ်သူလေး ရှိနေတဲ့ဘဝလေးဟာ တကယ်ကို လှပါတယ်။ (မြတ် အားကျသွားတာပေါ့ ;) )

ခင်မင်စွာဖြင်
မြတ်

{ Lps } at: January 29, 2012 at 3:26 AM said...

အားပေးခဲ့ပါတယ်ဗျာ
လေးစားခင်မင်လျှက် (လွမ်း) lwanpaishin@gmail.com

{ ahphyulay } at: January 29, 2012 at 5:16 AM said...

အင်း...
မစပါယ်... အစအဆုံးဖတ်သွားတယ်၊
မဆိုးပါဘူး၊ အစွမ်းကုန်ခံစားရေးဖွဲ့ ထားတာတွေ့ ရသလို.. ကဗျာအပေါ်မှာလည်း
တော်တော်ဇွဲကြီးပုံရတယ်။ ဒါပေမယ့် ဗျာ.. ဖတ်မိတိုင်း သတိထားမိတာက
စာရေးသူ ပေါ့ လေ၊ “ ရှုံး ” နေသလိုပဲဗျ၊ ရိုးရိုးလေးပဲ ပြောကြည့် တာပါ။
လွတ်လပ်စွာ ကွဲလွဲလို့ ရတယ်မလား၊ အလွမ်းဖွဲ့  ဆိုတော့ လည်း ...
မခံစားတတ်လို့ တော့ မဟုတ်၊ တစ်ခါတစ်လေလည်း
“ မရှုံး ” တဲ့  အဖွဲ့ လေးရေးပါအုံး....။

ခင်တဲ့  ..။

{ အဖြူရောင်နတ်သမီး } at: January 29, 2012 at 5:31 AM said...

မစပယ်နေမကောင်းတာ ခုမှသိတယ်..
စောဒီး..

{ Candy } at: January 29, 2012 at 5:58 AM said...

နေမကောင်းတဲ့အချိန်ဆို လူတွေက အားငယ်တတ်တာသဘာဝပဲ
မမအားငယ်နေချိန်မှာ အစ်ကိုလွင်ပြင်က ဘေးနားရှိနေနိုင်တယ်နော်..
မမကံကောင်းလိုက်တာ.. :D

{ လွင်ပြင်လှိုင်းငယ် } at: January 29, 2012 at 6:00 AM said...

မရှုံးပါဘူးဗျာ ကဗျာထဲမှာသာရှုံးတာ အပြင်မှာ သူကြီးပဲ အနိုင်ယူတာ
ဟိ
အနိုင်ယူတာဆိုတာ အနိုင်ပေတဲ့ သစ်ပင်လေးရှိလို့ယူတာလေ

{ Angelhlaing(May everybody be happy and healthy! } at: January 29, 2012 at 8:10 AM said...

သြော်....ချစ်တက်သူတွေများကြတော့ ကဗျာတွေ စာချိုးတွေနဲ့
ဘာပဲ ဖြစ်ဖြစ် မမက နိုင်တယ်ဆိုလို့ အလိုလို ပြုံးမိလျှက်သား..
အဲလိုပဲ ဖြစ်ရမယ်လေ...နော်မမရယ်...:):)
မမရေ..အားမငယ်ပါနဲ့လို့..
နေမြန်မြန် ပြန်ကောင်းပြိး ဘလော့ကင်းဖို့ စောင့်နေကြတယ်နော်..
အာာာဘွား ..မမ

{ Unknown } at: January 29, 2012 at 8:42 AM said...

အင်.. နော်လည်း နေမကောင်းတာနဲ့ မမ နေမကောင်းတာ သိလိုက်ဘူး.. :(
ခုမှ သိရတယ်..။ အားပေးစကားတောင် ပြောလိုက်ရဘူး။
ဂရုစိုက်နော် မမ။ နေမကောင်းရင် စာသိပ်မရေးနဲ့ဦး။ ကောင်းကောင်းနားနော်။
ကဗျာလေးကတော့ ကောင်းတယ် မမရေ...

ချစ်ခင်လျက်
Junemoe

Anonymous at: January 29, 2012 at 9:47 AM said...

ဟောက်ခမ ဖျားနေတာမလား ဖြစ်ရမယ် ဖြစ်၇မယ် ဆေးနည်းတင်ပေးထားပါတယ် လာမကြည့်ဘူးထင်တယ်

{ ကိုရင် } at: January 29, 2012 at 1:43 PM said...

အမြန်နေကောင်းပြီး အရင်လိုပဲ စားနိုင်သောက်နိုင် ပြောနိုင်ဆိုနိုင် ရေးနိုင်ဖတ်နိုင်ပါစေ စစ် :D

{ zp } at: January 30, 2012 at 10:17 AM said...

ကျနော် ချစ်တဲ့ မမ Jasmine တစ်ယောက် သာယာတဲ့ အိမ်ထောင် ပျော်ရွှင်တဲ့ မိသားစု ငြိမ်းချမ်းတဲ့ ဘ၀လေး ပိုင်ဆိုင်နိုင်ကြပါစေ။

{ အောင်သက်ခိုင် } at: January 30, 2012 at 11:15 AM said...

မမရေကဗျာလေးခံစားသွားပါတယ်အမြဲအားပေးနေပါတယ်အမြန်နေကောင်းပါစေမမ

{ ညီလင်းသစ် } at: January 31, 2012 at 1:06 AM said...

မအားတာနဲ့ အခုမှပဲ ရောက်ဖြစ်တယ်ဗျာ၊ နေမကောင်းတာ သိရလို့ စိတ်မကောင်းပါဘူး၊ အခုရော.. အဆင်ပြေသွား ပြီလား၊
ချစ်တတ်သူ တစ်ယောက်ကို မြင်စေတဲ့ ကဗျာလေးလည်း ဖတ်သွားပါတယ်...။

{ ဧဒင်အချစ်ပုံပြင် } at: January 31, 2012 at 2:24 AM said...

မမကြီးရေ ကဗျာလေးကတော့ ရေရေလည်လည် ထိတယ်ဂျာ... Thank u .....

{ ပန်းချီ } at: January 31, 2012 at 7:03 AM said...

အလွန်အင်မတန် ချစ်တတ်ပါသော အစ်မဂျက်စ်..း)) နေကောင်းကျန်းမာသွားပြီလို့ မျှော်လင့်ပါတယ်ရှင်။ စောင့်ရှောက်မယ့်သူရှိပြီးသားဆိုတော့း))

{ အလင်းသစ် } at: January 31, 2012 at 9:53 AM said...

နေမကောင်းတာတောင် ဒီလောက်ချစ်တတ်တဲ့ ချစ်သူမျိုးရတာ ကိုလွင်ပြင်ကြီးတော့ နိပ်သဟ..ဟေဟေ့။။
အမတော်ရေ.. အမြန်ဆုံး နေကောင်းလာပါစေဗျာ။။။ ဟတ်..ဟတ် ..ချိုးးးးးးးး ။။ ဒီမှာ အရမ်းအေးသဗျ။။
ဟီးးးးးးးးးး။။။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine