Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သို့-------------- ချစ်သူ

| Friday, February 10, 2012

အများကြီး ချစ်မိရင်တော့ တအား
ရင်နာရ တတ်ပါတယ်တဲ့
သံယောဇဉ်တွေက ခပ်ကြီးကြီး
ဘ၀မှာ 
အထီး မကျန်ရလေအောင်
ရင်ဘတ်ကိုဖွင့်ပြီး
နှလုံးသားထဲက အကြင်နာကို
အားပါးတရ ပေးလိုက်ပါတယ်
ရော့ ယူလိုက်ပါတော့
ချစ်သူ-----------------
ငါ့မျက်ရည်တစ်စက် က
ရေအေးတစ်ခွက်ဖြစ်ခဲ့ရင်
ချစ်သူ အမောပြေသောက်သုံးဖို့
အဲဒီ မျက်ရည် အမြဲကျပေးနေမိမယ်
ချစ်သူ-------------------
ငါ့ ရဲ့ အပြုံးဟာ မင်းအတွက်
ဗီတာမင်ဆေးဖြစ်ခဲ့ရင်လဲ
မင်းအားဖြစ်စေဖို့အတွက်
သုံးရာသီလုံး ငါပြုံးနေပါ့မယ်
ချစ်သူ---------------------
ဘာအတွက်ပဲ ဖြစ်ဖြစ်
အပြစ်မယူ
ချစ်ခြင်းတွေတူညီစွာနဲ့
ရာသက်ပန် လက်တွဲ ဖို့ကို
ဒီတစ်သက် မခွဲပဲ
ဘ၀ရဲ့ နောက်ဆုံး အချိန်ထိ
တစ်ယောက် စိတ်ရင်း
တစ်ယောက် သိပြီး
နားလည်မှုတွေနဲ့
ပေါင်းစပ်ပါရစေတော့ ။

jasmine




35 comments:

{ Thiha Lu Lin } at: February 10, 2012 at 1:37 AM said...

မင်းအားဖြစ်ဖို့ သုံးရာသီလုံးပြုံးမယ် ဆိုတဲ့ စကားလုံးလေးက တစ်ခုခုကို နင့်နေအောင် ခံစားလိုက်ရတယ်။ :'(

{ မိုးသက် } at: February 10, 2012 at 2:17 AM said...

မိုက်တယ် အစ်မ တကယ့်ကို တည့်တည့်ထိတယ်.. ။ဆက်ရေးပါဦး အားပေးနေမယ်..

{ Lps } at: February 10, 2012 at 3:16 AM said...

အားပေးခဲ့တယ် မဂျက်ရေ

ခင်မင်လေးစားစွာဖြင့် (လွမ်း)

{ Z@! } at: February 10, 2012 at 3:22 AM said...

အများကြီးချစ်ရင် တအားရင်နာရတတ်တယ်ဆိုပေမယ့် အချစ်ဆိုတာ ကန့်သတ်လို့ မရစကောင်းတဲ့အရာမဟုတ်လား အမရေ။ ချစ်တတ်တဲ့သူတွေကတော့ သုံးရာသီလုံးပြုံးနေကြမှာ၊ အကြင်နာတွေကို ဆက်ပြီးပေးနေမိမှာပါ။ :)

{ mstint } at: February 10, 2012 at 3:24 AM said...

ဒီနှစ်ယောက်ကတော့အပြိုင်အဆိုင်ကိုချစ်ပြနေတော့တာပဲး)
လိုက်လဲလိုက်တဲ့စုံတွဲလေး။ ကောင်းတယ်ဂျက်ရေ ကဗျာလေးကထိထိမိမိလေး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ ချောကလက်ကျူးပစ်လေး } at: February 10, 2012 at 4:12 AM said...

မကြီးဂျက်ရေကဗျာလေးခံစားသွားပါတယ်ဗျာ့

{ ဘိုဖြူ } at: February 10, 2012 at 4:30 AM said...

ဒီထက်မက ချစ်နိုင်ကြပါစေဗျာ

{ ချစ်စံအိမ် } at: February 10, 2012 at 5:47 AM said...

အချစ်တွေတိုးပွားပြီစထက်မကတည်တန့်ပါစေကြောင်း
နှင့်ကဗျာလေးကိုအားပေးခဲ့ပါ၏

{ နွေလ } at: February 10, 2012 at 6:23 AM said...

ကဗျာလေးက အရမ်းမိုက်တယ်
ပေးဆပ်သူတို့ရဲ့နှလုံးသားကို လှမ်းမြင်နေရတယ်
အချစ်စစ်တိုင်းဟာ ပေးဆပ်မှုချည်းပဲ တဲ့
ကြားဖူးတာ တစ်ခုပါ
ချစ်ခင်ရပါသော - မောင်ငေး - နွေလ

{ Angelhlaing(May everybody be happy and healthy! } at: February 10, 2012 at 6:28 AM said...

လှလိုက်တဲ့ ကဗျာလေး
မမလည်း စာရေးကျဲတယ်နော်
နေကောင်းတယ်ဟုတ်...
မရောက်ဖြစ်ပေမယ့် သတိရပါတယ်မမရေ..

{ Angelhlaing(May everybody be happy and healthy! } at: February 10, 2012 at 6:30 AM said...

မမရေ ..ကဗျာလေး ခံစားအားပေး လျှက်ပါ
စာရေးကျဲနေတာ....နေမကောင်းလို့များလား မမ
သတိရနေတယ်လို့...အာာဘွား..

{ မောင်ဘုန်း } at: February 10, 2012 at 7:22 AM said...

ဘဝ များစွာထိ ချစ်နိုင် ကြပါစေ ဗျာ ...

{ jr } at: February 10, 2012 at 7:23 AM said...

Happy Valentine's Day ahead Jasmine.
:)

Anonymous at: February 10, 2012 at 7:40 AM said...

“အများကြီးချစ်မိရင်တော့ တအားရင်နာရတတ်ပါတယ်တဲ့ ”
ဟုတ်တယ်နော် မဂျက်...

ခင်တဲ့ camomilla

{ AH } at: February 10, 2012 at 8:06 AM said...

ချစ်သူတွေ တစ်သက်တာ တူမခွဲ အမြဲ ပေါင်းနိုင်ကြပါစေ ဗျား...... :)

{ KMC@ချင်းလေး } at: February 10, 2012 at 8:28 AM said...

ခင်မင်ရတဲ့မမဂျပ်စ်ရေ....ကျနော်အဆင်မပြေလို့မရေးတော့တာပါဗျာ။ ခုလိုသတိတရအားပေးဖော်ရတာကျေးဇူးတင်ပြီးပိုတောင်လေးစားသွားမိတယ်မမရေ.။ မမအစစအရာရာအဆင်ပြေပါစေနော်။ဘလော့လေးကတော်တော်လှသွားတယ်မမ :)

{ kokoseinygn } at: February 10, 2012 at 10:43 AM said...

ဆင်တူရိုးမှားအထူးသတိပြုပါ....
အတုတွေရှိပါစေ....အစစ်ကိုမမှီနိုင်ဘူးပါဘူး
အချိန်မတော်စာတွေလာဖတ်သွားတယ်။

{ အောင်သက်ခိုင် } at: February 10, 2012 at 11:54 AM said...

နှလုံးသားထဲက အကြင်နာကို
အားပါးတရ ပေးလိုက်ပါတယ်
ရော့ ယူလိုက်ပါတော့
ချစ်သူ----------------
ကဗျာလေးကလန်းတယ်မမရေ
ဖတ်သွားပါတယ်ဗျာ

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: February 10, 2012 at 12:00 PM said...

ချစ်စရာကောင်းလိုက်ကြတာနော်.. ရေးလည်းရေးတတ်ကြပေတယ်..
ဖတ်နေရင်းကို အားတွေကျလာလို့ ..ဟိဟိ
ဂျက်ရေ..နှိပ်စက်ပါ့ ...

ချစ်တဲ့
ဝသုန်

{ အလင်းသစ် } at: February 10, 2012 at 12:25 PM said...

ချစ်သူဆိုတဲ့လူကြီးကတော့ သဘောတွေကို ခွေ့နေတော့မှာပဲ.. :)
ကဗျာလေးကောင်းတယ်ဗျို့..။။

{ သူကြီးမင်း (တုံးဖလား) } at: February 10, 2012 at 4:52 PM said...

သုံးရာသီပြုံးရုံနဲ့ မလုံလောက်သေးဘူး။
ဒီဘက်မှာက လေးရာသီကြီးများတောင် ရှိတာ။း)

{ မိုးသူ(တောင်ကြီး) } at: February 10, 2012 at 6:16 PM said...

မဂျက် ရေ....
ဒီကဗျာလေး က ချစ်သူ ကိုအလျော့ပေးလွန်းအားကြီးနေတယ်နော်
အရမ်းချစ်တတ်လို့ ပဲ ထင်ပါရဲ့ 

{ zp } at: February 10, 2012 at 8:57 PM said...

နှလုံးသား တစုံကို ရော့ ယူလိုက်လို့...ချစ်သူကို အကုန်ကုန် ပေးပြီးတော့ အွန်လိုင်းပေါ်ကနေ ပျောက်မသွားနဲ့နော်...ထာဝရ သူငယ်ချင်းတွေ ဖြစ်ချင်တယ်။
ဇက်ဗီ

{ ညီရဲ } at: February 10, 2012 at 9:09 PM said...

ချစ်သူ အားဖြစ်စေဖို့ သုံးရာသီလုံး ပြုံးနေပါ့မယ်တဲ့လား... ချစ်တတ်လိုက်ကြတာနော်... အားကျမိတယ်...

{ နေ၀သန် } at: February 10, 2012 at 9:45 PM said...

ငါ့ရဲ့အပြုံးဟာ မင်းအတွက် ဗီတာမင်ဆေးဖြစ်ခဲ့ရင်လည်း မင်းအားဖြစ်စေဖို့ သုံးရာသီလုံး ငါ ပြုံးနေပါ့မယ်

သိပ်လှတယ်.. အဲဒီအပိုဒ်လေး..း))
ခင်မင်လျက်
နေ၀သန်

{ Latt Latt } at: February 10, 2012 at 11:44 PM said...

ကဗျာ ရေးတတ်လိုက်တာ။

{ San San Htun } at: February 11, 2012 at 7:53 PM said...

ကဗျာလေးက သိပ်လှတယ်

{ 8Yar } at: February 11, 2012 at 9:29 PM said...

ကောင်းတယ် အစ်မရေ။ အခုပဲ အစ်ကိုလွင်ပြင် ဆီမှာဖတ်လာသေးတယ်။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

{ ချယ်ရီမြေ } at: February 12, 2012 at 1:43 AM said...

နေကောင်းပါသလား jassmineရေ...။ ခရီးသွားရင်းဆိုတော့ သိပ်မရောက်ဖြစ်ဘူး..။
မလေးရောက်မယ်နော်...။

{ ဧဒင်အချစ်ပုံပြင် } at: February 12, 2012 at 6:31 AM said...

ကဗျာလေးကို အရမ်းနှစ်သက်ပါတယ်

{ Unknown } at: February 12, 2012 at 3:24 PM said...

ချစ်သူအပေါ်ကို နားလည်မှုအပြည့်အ၀ ရှိပုံပဲ ကဗျာလေးကတော့....

V' day မှာပျော်ရွှင်ပါစေ မစံပါယ်ချို....

{ မောင်သီဟ } at: February 13, 2012 at 7:46 AM said...

ပျော်ရွှင်မှုအပေါင်းခညောင်းပါစေဗျားး)

{ kokoseinygn } at: February 15, 2012 at 9:11 AM said...

ပျော်စရာအချိန်တွေပါဘဲစပါယ်ချို
ယနေ့မှနှစ်တရာတိုင်အောင်
အမုန်းမဖက်ဘဲရွှေလက်မြဲမြဲတွဲနိုင်ပါစေ။

{ ဧဒင်အချစ်ပုံပြင် } at: March 13, 2012 at 7:28 AM said...

ကဗျာလေးလန်းတယ်ဗျာ...

{ Unknown } at: February 2, 2014 at 9:52 AM said...

အရမ်းကြိုက်လို့  ယူသွားပါတယ် ဒီထက်မက
အောင်မြင်ပါစေ fri

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine