Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ချစ်သူပေးတဲ့ ပန်းခရေ

| Thursday, February 23, 2012

Friends18.com Orkut Scraps
ချစ်သူပေးတဲ့
ခရေ တစ်ဆုပ်
အမုန်းတွေထုတ် မသုံးမိစေဖို့
ခရေပန်း တစ်ဆုပ်
ချစ်သူယူလာပေးတယ်
အဲဒီခရေ
အပင်မှာမဝေပဲ
မြေမှာကြွေလှဲ
အနံ့တွေ လေထဲလွှင့်ပြီး
ရင်ကိုအေးမြစေခဲ့တယ် ။

jasmine

22 comments:

{ မိုးသက် } at: February 23, 2012 at 6:10 AM said...

ချစ်သူတွေပျော်နေတာမြင်ရင်. အားကျမိတယ်.။
လောကမှာ ချစ်တဲ့သူတိုင်းပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်.။

{ အောင်အောင် } at: February 23, 2012 at 6:51 AM said...

အမရေ ခံစားသွားတယ်ဗျာ ကဗျာလေးကောင်းတယ်..

{ Thameesan } at: February 23, 2012 at 7:10 AM said...

ခရေပန်းဆို အားကြီးကြိုက်မာမီး))

{ ချစ်စံအိမ် } at: February 23, 2012 at 7:19 AM said...

ရေးတတ်သူတွေများဘာရေးရေးဖတ်လို့ကောင်းနေတော့တာ

{ Unknown } at: February 23, 2012 at 8:35 AM said...

နော်လည်း ခရေကိုကြိုက်တယ်.. ကြွေသွားလည်းပဲ မွှေးနေဆဲပဲ.. :)

{ အောင်သက်ခိုင် } at: February 23, 2012 at 9:22 AM said...

ကဗျာလေးလန်းတယ်မမရေ
ကဗျာအစကချစ်သူပေးတဲ့ခရေတဆုပ်အဆုံးကရင်ကိုအေးမြစေခဲ့တယ်တဲ့
တကယ်ပါလန်းတယ်ဗျာကဗျာလေး
ခံစားသွားပါတယ်

ဟန်ကြည် at: February 23, 2012 at 11:21 AM said...

ပထမ နှစ်ပါဒနဲ့ တတိယပါဒကြားမှာ နည်းနည်းဟ-နေသလားလို့...ချစ်သူပေးတဲ့ ပန်းခရေ ဆိုတာနဲ့ ခရေပန်းတစ်ဆုပ် ချစ်သူလာပေးတယ် ဆိုတာက ဖွဲ့စည်းပုံပြောင်းပြီး အနက်တူနေတယ်မဟုတ်လား ဂျက်ရေ...တကယ်လို့ တတိယပါဒ အဆုံးမှာ တစ်ပိုဒ်ခွဲလိုက်ရင် ဖွဲ့စည်းပုံ ပိုကျမလားလို့ စဉ်းစားမိတယ်...တစ်ခါတစ်လေကျရင် ကဗျာကို ထိုက်သင့်တဲ့ စာပိုဒ်ကလေးတွေခွဲပြီးရေးတာက ဆိုလိုရင်းကို ပိုပြီးရောက်အောင် ပံ့ပိုးနိုင်တယ်လို့ ယူဆမိတယ်...ခရေးပန်းရဲ့ နိမိတ်ပုံကို ယူထားတဲ့စိတ်ကူးကိုတော့ အင်မတန်မှ သဘောကျမိပါရဲ့...

{ စံပယ်ချို } at: February 23, 2012 at 12:24 PM said...

ဆရာရေ
ကဗျာကိုသေချာဖတ်ပြီး ကောင်းတဲ့ဖက်ကနေပြပေးလို့ကျေးဇူးတင်နေပါတယ်
နောင်ကိုလဲကြိုးစားပါ့မယ်ရှင်---လမင်းကိုလဲပြောပြထားတယ်
ဆရာဦးဟန်ကြည်ကအမှားတွေကိုပြင်ပေးတဲ့အကြောင်းပါ
ကျေးဇူးတင်လျှက်

Anonymous at: February 23, 2012 at 1:00 PM said...

ဝေလဲမွှေးကြွေလဲမွှေး ဆိုတာပေါ့။
ပန်းခရေကဗျာလေး လာခံစားသွားပါတယ်
camomilla

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: February 23, 2012 at 5:18 PM said...

ခရေဆိုတာ မြတ် သိပ်ချစ်သော ပန်းတစ်မျိုးရယ်ပါ။ မြတ်မှာ ကြမ်းကြမ်းကိုင်ရင် ကြွေလွင့်ပြုတ်ကျသွားနိုင်တဲ့ ခရေပန်းခြောက် တစ်ကုံးရှိဖူးတယ်။ :D

ခင်တဲ့
မြတ်

{ မြသွေးနီ } at: February 24, 2012 at 1:04 AM said...

နှင်းဆီပြီးရင် အချစ်ဆုံးက ခရေပဲ..။
သူ့ အရောင်၊ သူ့ ရနံ့၊ သူ့ရဲ့ ပေးဆပ်နိုင်မှု...။
တကယ် နှစ်သက်တယ်။

{ လက်ဝဲ } at: February 24, 2012 at 3:21 AM said...

တိုတို တုတ်တုတ် ထိထိမိမိ လှလှပပ နဲ့ ကဗျာလေး
့ပြည့်စုံတယ်...

{ မျိုးဆက်သစ်မှတ်တိုင် } at: February 24, 2012 at 5:27 AM said...

ဂျက်စမိုင်းချိုဆိုတဲ့ ကလောင်နာမည်နဲ့ လိုက်အောင်ကို
ပန်းတွေအကြောင်း သီကုံးဖွဲ့နွဲ့ရာမှာ
အရမ်းထိမိလှပါတယ်...

{ မြစ်ကျိုးအင်း } at: February 24, 2012 at 10:29 AM said...

ပေးသူ ယူသူ နှစ်ကိုယ်ကြည်ဖြူနေရင် ပန်းတပွင့်ထက်ပိုပြီး အဓိပ္ပါယ်ပြည့်စုံသွားစေမှာပေါ့။

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: February 24, 2012 at 1:41 PM said...

ကဗျာလေးကမွှေးနေတာပဲ ..

ချစ်တဲ့
ဝသုန်

{ ကိုရင် } at: February 24, 2012 at 4:52 PM said...

အင်း..
ခရေဆိုတာ နွမ်းသွားလည်း အမြဲမွှေးတဲ့ပန်း..
ကျွန်တော်အခုနေတဲ့နေရာက ခရေတွေ ပေါမှပေါ..။

{ Candy } at: February 24, 2012 at 8:23 PM said...

သိပ်မှန်တာပေါ့ မမရာ
ခရေပန်းကို အကြွေပန်းတဲ့..
တကယ်တော့ သူက နွမ်းတောင်မွှေးတယ်လေ :D

{ blackroze } at: February 25, 2012 at 8:58 AM said...

ချစ်သူပေးတဲ့ပန်းခရေ
ရနံလေးရယ်မပြေ
နွမ်းခြောက်ကာ
ကြွေစေတော့
အမွှေးနံရယ်ကဝေ...


ပစ်ပစ်...

{ San San Htun } at: February 25, 2012 at 7:49 PM said...

ခရေကဗျာလေးက မွှေးလိုက်တာ...

{ ခရေချစ်သူ } at: February 26, 2012 at 12:04 AM said...

အိမ်ရှေ့မှာ ခရေပန်းစိုက်မယ်၊
ခြစ်သူကို ခရေပန်း ကောက်ခိုင်းမယ်၊
အရွက်ကြွေ အမှိုက်တွေလည်း သူ့ပဲ ရှင်းခိုင်းမယ်၊
ခရေပန်းလေးကို ခေါင်းမှာ ခြစ်သူကို ပန်ခိုင်းရမယ်။
ကဗျာလေးကလို ရနံ့လေး လေထဲ သင်းပျံ့နေရင် ရင်ထဲ အေးမြလွန်းလို့ :)

{ ဧဒင်အချစ်ပုံပြင် } at: February 26, 2012 at 4:18 AM said...

ကဗျာလေးကိုကြိုက်နှစ်သက်ခဲ့ပါတယ်နော်...

{ မောင်(စွယ်စုံကျမ်း) } at: February 26, 2012 at 5:52 AM said...

မားမားရေ..ဘာမှမပြောချင်ဘူး

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine