Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဘ၀သစ္က ခ်စ္သူ

| Thursday, March 29, 2012
ခေါင်းတစ်ခြမ်းထဲ 
တဆစ်ဆစ်ကိုက်နေတယ်
ရင်ဘတ်တခြမ်းလဲ
အမြစ်ကမကျန်အောင်နုတ်ယူခြင်းခံလိုက်ရတယ်
အဲဒီမှာ ငါ့နှလုံးသားပါသွားတယ်
သိပေမယ့်လဲ
ပြန်ယူလို့မရခဲ့ဘူး
ကျန်နေတဲ့ ရင်ဘတ်တခြမ်းလဲ
လုံးပါးပါးနေလေရဲ့ကွယ်
 ဒဏ်ရာတွေပြည့်နေတဲ့
နှလုံးသားကို
တောင်ပံဖြန့်နေတဲ့ငှက်တွေနဲ့
ထဲ့ပေးလိုက်ချင်တယ်
ဘ၀ လမ်းတွေကလဲ
ကြမ်းလိုက်တာ
ဒီနွေ  လေတွေကလဲကြမ်း
အလွမ်း  တွေကလဲကြမ်း
တမ်းတစရာ ဘာမှမကောင်းဘူး
အဖြတ်ခံရတဲ့ အချစ်သစ်ပင်
အသတ်ခံရတဲ့သံယောဇဉ်
အမှတ်မရှိတဲ့ အသည်း
အခေါက်ခေါက်ကွဲရတာမဆန်းဘူးနော်
အတိတ်အကြောင်းတွေ
 ငိုက်မြည်း ကာမစဉ်းစားချင်ဘူး
အကြိုက်တီးခဲ့ဘဝ
ပုံပြင်သာမှတ်လိုက်ပါတော့
ဖြူစင်ခြင်းဆွဲအားတွေသုံးခဲ့လဲ
လမ်းကြောင်းတွေကလွှဲကာသွားတော့
အဟောင်း အဟောင်းတွေကို
အခါ သိန်းသောင်းမက
မပြောတော့ပါ
အခု ဘ၀ သစ်မှာ
ချစ်သူ နင် ဘယ်လိုများလဲ ??? 

jasmine cho


22 comments:

{ ချစ်စံအိမ် } at: March 29, 2012 at 7:02 AM said...

ဘ၀သစ်ကချစ်သူတဲ့လားမမရေ
ကဗျာလေးခံစားသွားပါတယ်

Anonymous at: March 29, 2012 at 7:19 AM said...

လေးကြောင်းမြောက်က “အမြစ်မကျန်...” လို့ပြောတာထင်တယ်း)
ဖတ်ရှုခံစားသွားပါတယ်
ခင်မင်တဲ့

{ ဧဒင်အချစ်ပုံပြင် } at: March 29, 2012 at 7:22 AM said...

ကဗျာလေးကို ကိုယ်တိုင်ခံစားသွားပါတယ်သူငယ်ချင်းရေ...

{ Candy } at: March 29, 2012 at 8:19 AM said...

သူအဆင်ပြေမှာပါ မမ :D

{ Snow May } at: March 29, 2012 at 9:07 AM said...

ဒီနွေ လေတွေကလည်းကြမ်း.. အလွမ်းတွေကလည်းကြမ်း ဆိုတဲ့ စကားလုံးကို အကြိုက်ဆုံးပဲ.မမရေ :)

{ ချစ်အောင် } at: March 29, 2012 at 9:20 AM said...

သူငယ်ချင်းရေ ခံစားတက်လိုသာ အလွမ်းဓါတ်ခံရှိလိုလွမ်းရမယ်ဆိုရင် လောကလူသာများက အလွမ်းသမာများဖြစ်ကုန်တာပေါ့

{ ရင်ဆူး } at: March 29, 2012 at 10:25 AM said...

" ဖြူစင်ခြင်းဆွဲအားတွေသုံးခဲ့လဲ" ဆိုတာရယ် နောက်ဆုံး " အခုဘ၀သစ်မှာ ချစ်သူ နင် ဘယ်လိုများလဲ " ဆိုတာ ကို အကြိုက်ဆုံးဘဲ.....ဂွတ်တယ် မကြီးဂျက်........

{ မြစ်ကျိုးအင်း } at: March 29, 2012 at 10:38 AM said...

အမှတ်မရှိတဲ့ အသည်းဆိုမှာတော့
အခေါက်ခေါက်ကွဲတာ ဘာဆန်းပါ့တော့မလဲလေ။

{ မင်းမုန်းတဲ့သူ } at: March 29, 2012 at 4:29 PM said...

ဘ၀သစ်ကချစ်သူတဲ့
ကဗျာလေးကရင်ထဲစွဲသွားတယ်.......

{ ကြယ်ပြာ } at: March 29, 2012 at 6:10 PM said...

ကဗျာကောင်းလေး လာဖတ်သွားပါတယ် ...

{ အောင်သက်ခိုင် } at: March 29, 2012 at 6:34 PM said...

ကဗျာလေးအရမ်းလန်းတယ်မမရေ
ကဗျာလေးဖတ်သွားပါတယ်နော်

{ ဖြိုးဇာနည် } at: March 30, 2012 at 12:10 AM said...

တစ်မျိုးလေးနဲ့ထိသွားတယ်
ကြိုက်တယ်

{ နွေလ } at: March 30, 2012 at 12:13 AM said...

အမှတ်မရှိတဲ့ အသည်းဆိုမှာတော့
အခေါက်ခေါက်ကွဲတာ တကယ်မဆန်းပါဘူး
အစ်မရေ

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: March 30, 2012 at 1:52 AM said...

ကဗျာလေး ဖတ်သွားတယ်။
နှစ်သက်မိတယ်။

ခင်လျက်
မြတ်

{ လရိပ်အိမ် } at: March 30, 2012 at 1:56 AM said...

လွမ်းနေဆဲပါဘဲ

{ ပဥာက် } at: March 30, 2012 at 11:07 AM said...

အမှတ်မရှိတဲ့အသည်း..ကွဲတာပဲကောင်းပါတယ်...သီချင်းပြောတာနော်

{ Z@! } at: March 31, 2012 at 10:10 AM said...

အမှတ်မရှိတဲ့အသဲ အခေါက်ခေါက် ကွဲရတာ မဆန်းဘူးနော်တဲ့.. စကားလုံးလေးတွေ အရမ်းလှတယ်ဗျာ...

စကားမစပ်.. ဒီဇိုင်းသစ်လေး မိုက်တယ်..

{ မိုးသူ(တောင်ကြီး) } at: April 1, 2012 at 4:50 AM said...

ဘ၀ လမ်းတွေကလဲ
ကြမ်းလိုက်တာ
ဒီနွေ လေတွေကလဲကြမ်း
အလွမ်း တွေကလဲကြမ်း
တမ်းတစရာ ဘာမှမကောင်းဘူး

ကဗျာလေးကလှတယ်နော်
ကြိုက်၏ ..

မိုးသူမွေးနေ့ ကိုစုတောင်းပေးသွားတဲ့ 
မဂျက် ကို ကျေးဇူးအများကြီးတင်ပါတယ်နော်
ခင်တဲ့ 
မိုးသူ(တောင်ကြီး)

{ roseayemaung } at: April 1, 2012 at 7:35 AM said...

အမှတ်မရှိတဲ့ အသည်း
အခေါက်ခေါက်ကွဲရတာမဆန်းဘူးနော်
...အင်....အင်....

{ အိမ်မက်စေရာ } at: April 1, 2012 at 11:44 AM said...

အဟောင်း အဟောင်းတွေကို
အခါ သိန်းသောင်းမက
မပြောတော့ပါ..
ဟုတ်တယ် အိမ်မက်လဲ ပြောတော့ဘူးး))
မမဂျက်စ်က ကဗျာတွေ အများကြီးရေးလဲ မထပ်ဖူးနော် တော်လိုက်တာ..
အကြောင်းအရာနဲ့ ခေါင်းစဉ်လေးတွေ အမြဲတမ်းသစ်နေတာ.

{ ညီလင်းသစ် } at: April 2, 2012 at 1:01 PM said...

နွေကြမ်းကြမ်း၊ လေကြမ်းကြမ်းမှာ ဘဝတွေက အခါခါကွဲကြေ နေခဲ့ပုံပါပဲ..၊ ဒါတောင် ရင်ဘတ်က တခြမ်းထဲ ပါသွားလို့နော်..၊ အမှတ်မရှိပုံ များတော့..၊း)

{ ကိုတူး } at: April 6, 2012 at 6:43 AM said...

Nice Poem ^_^ Like This

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine