Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

သောကခြေရာ

| Monday, April 16, 2012
တွယ်တာလှပေမယ့်၊
ကွယ်ရာကပဲ ချစ်တော့မယ်။

အဆင်ခက်လေတော့၊
မကြင်ရက်တယ် သခင်ဆိုမလား၊
ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ၊
စိတ်ညစ်တယ်ကွယ်။

သံယောဇဉ်ခွေကာရစ်ပေမယ့်၊
ပြန်ပြောလျှင် ဝေဒနာဖြစ်ရုံမို့၊
ချစ်တတ်သူ အမူလုပ်ပါလို့၊
မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်၊
ရင်တွင်းမှာ မကြည်မွေ့လေတော့၊
သည်နေ့လဲ စိတ်ညစ်တယ်၊
သိပ်ချစ်တယ်လို့ မဆိုသာတော့။

ပါးစပ်က ပြောမှလား၊
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး၊
အကြည့်ဆုံ ဝေဒနာနွေးတွေက၊
အကြင်နာ ခြေရာလေးတွေပဲ၊
အတွေးမှာ ရစ်တဝဲနဲ့၊
ချစ်သည်းရယ် ဘာသာဖြေလို့၊
မာယာတွေ ဟန်ဆောင်ထိန်းကာ၊
သူစိမ်းတွေပေါ့။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)
(( အရမ်းကိုကြိုက်ခဲ့တဲ့ ကဗျာလေးပါ))
 





23 comments:

Anonymous at: April 16, 2012 at 8:33 AM said...

သောကခြေရာ လေးလာေ၇ာက်ခံစားသွားတယ် မဂျက်...
မောင်စိန်ဝင်း (ပုတီးကုန်း) က ကျမအဖွားအရမ်းနှစ်သက်တဲ့ စာရေးဆရာတယောက်...

{ ရင်ဆူး } at: April 16, 2012 at 9:40 AM said...

မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ကဗျာလေးကို လာရောက်ခံစားသွားပါတယ်....သူ့ကဗျာလေးတွေအရမ်းနူးညံ့တယ်...
ကျေးဇူးပါ....မကြီးဂျက်..

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: April 16, 2012 at 10:32 AM said...

အကြည့်ဆုံဝေဒနာနွေးတွေက...အကြင်နာခြေရာလေးတွေပဲတဲ့
စာသားလေးတွေအရမ်းကောင်းပါတယ်။ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာလေးဖတ်ရလို့ကျေးဇူးတင်ပါတယ်အစ်မ

{ ချစ်စံအိမ် } at: April 16, 2012 at 10:50 AM said...

ဖတ်နေတာ မမဂျက်လက်ရာလာလို့ ဟီ
နောက်တော့မှာ မောင်စိန်ဝင်းဖြစ်သွားတယ်
လမင်းသာဂူတော့ကျိုတယ်မမရယ် အားနာလို့မပို့တာ အုန်းသီးပါတော့ဟီး

{ Snow May } at: April 16, 2012 at 10:58 AM said...

အောက်ဆုံးကိုမကြည့်ပဲနဲ့ မမရေးတာ မောင်စိန်ဝင်း(ပုတီးကုန်း) ရေးတဲ့ပုံစံမျိုးနဲ့တူတယ်လို့ တွေးနေမိတာ.. သူ့ကဗျာတွေရော ၀တ္ထုတွေရော ကြိုက်တယ်. :)

{ blackroze } at: April 16, 2012 at 11:55 AM said...

ဂျက်စ်..
ဆရာမောင်စိန်ဝင်းကဗျာလေး
ပစ်ပစ်လည်းအရမ်းကြိုက်တယ်..
ကော်ပီယူထားပါရစေနော်...

Anonymous at: April 16, 2012 at 11:59 AM said...

ယောက်ခမ ပြောင်းလည်းနေပါလား အိမ်လေးက....ကဲသာကဲ

{ မဒမ်ကိုး } at: April 16, 2012 at 6:02 PM said...

ဟုတ်တယ် မမရေ အဲဒီကဗျာလေးကို ကျောင်းတက်တုန်းက သိပ်ကြိုက်ခဲ့ဖူးတယ်း))

ချစ်တဲ့
ဒိုးကန်

{ မိုးသူ(တောင်ကြီး) } at: April 17, 2012 at 1:40 AM said...

မော်လမြိုင်စာပေဟောပြောပွဲမှာ ဒီကဗျာလေးကို ဆရာမဂျူး သူကျောင်းနေတုန်းက အကြောင်းပြောသွားတာ အရမ်းမိုက်တယ်
ဒီကဗျာလေးကိုအရမ်းခိုက်တာပဲ

{ လရိပ်အိမ် } at: April 17, 2012 at 2:01 AM said...

ခုမှဘဲဖတ်ဖူးတယ်။
ဝေမျှတာကျေးဇူး။

{ Unknown } at: April 17, 2012 at 3:16 AM said...

အမကြီး ရေ အားပေးခဲ့ပါတယ်ဗျာ..
အဲဒီကဗျာထဲက တစ်ချို့စကားလုံးလေး
တွေ အနော် ဟိုးးးးအရင်တုန်းက
ရည်းစား စာထဲ ညပ်ထည့်ဘူးခဲ့တာလေး
အမှက်ရမိတယ်ဗျာ..း)

(ဒုတိယ)

{ ဧဒင်အချစ်ပုံပြင် } at: April 17, 2012 at 5:20 AM said...

ဆရာဦးစိန်ဝင်း ရဲ့ကဗျာလေးတွေဖတ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်..

{ မိုးသက် } at: April 17, 2012 at 11:14 AM said...

သူများတွေများ အိမ်တွေပေါလိုက်တာ အကုန်လုံးကလည်းလှတယ်..။ ကောင်း မှကောင်း.။

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: April 17, 2012 at 6:30 PM said...

ကဗျာလေးကိုဖတ်ဖူးတယ် ဂျက်စ် ရေ.. အရမ်းလည်းနစ်သက်ခဲ့ဖူးတယ်..
ပြန်တင်ပေးလို့သာ ပြန်ဖတ်ရတာ.. ကျေးကျေး ပါဂျက်စ်..
ချစ်တဲ့
မမဝသုန်

{ ကြယ်ပြာ } at: April 17, 2012 at 8:05 PM said...

ကဗျာလေးကို တခါမှ မဖတ်ဖူးဘူး ... ကျေးဇူးပါ ဂျက်ရေ ...

{ Thameesan } at: April 17, 2012 at 10:47 PM said...

သြော်...
သောကခြေရာတဲ့လား.. :P :P
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ..မယ်တော် :D

{ Cameron } at: April 18, 2012 at 8:28 AM said...

မောင်စိန်ဝင်းကဗျာတွေကြိုက်တယ် သူ့ကဗျာပေါင်းချုပ်စာအုပ်တောင်ဝယ်ထားသေးတယ်...။

Anonymous at: April 19, 2012 at 12:47 AM said...

သူ့ရဲ့ သောကခြေရာ ရတာနာလေးများ ကဗျာစာအုပ် ဝယ်ဖတ်ဖူးတယ် နှစ်အတော်တန်ကြာအောင်သိမ်းထားပြီး
သူများငှားလိုက်တာ အခုရှိတော့ဝူးး


မောင်ဘကြိုင်

Anonymous at: April 19, 2012 at 6:17 AM said...

မောင်စိန်ဝင်းက ငယ်ငယ်တုန်းက ကလေးစီး (crazy) ပေါ့ ဒေါ်ချို ..
း)

ဂျူ

{ ရာဇာထွေး } at: April 22, 2012 at 7:17 AM said...

အမ ဖြူရေ...
ကဗျာလေးကို ကြိုက်လို့ နှစ်ပြန်ကြော်လုပ်ပြီးဖတ်လိုက်ပါတယ်..
ကျွန်တော်ကြိုက်တဲ့ ကဗျာလေးတွေထဲမှာ ဒီကဗျာလေးလည်း ပါတယ်
အမရေ....

ခင်မင်စွာဖြင့်
ရာဇာထွေး

{ မိုးညချမ်း } at: July 8, 2012 at 11:41 PM said...

ညလေးအားကျလေးစားရတဲ့ စာရေးဆရာတွေထဲမှာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)လည်း အပါအ၀င်ပေါ့ ... ဆရာ့ရဲ့ကဗျာကောင်းလေးကို ခုလိုပြန်လည်မျှဝေပေးတာ ကျေးဇူးပါ မမရေ ... :)

{ အိပ်မက်ကောင်းကင် } at: July 10, 2012 at 3:59 AM said...

သည်ကဗျာလေးကအရမ်းကောင်းပါတယ် ခေါင်းစဉ်လေးကိုက စိတ်ဝင်စားစရာကောင်းလှပါပြီ ။ အမြဲလိုလို သည်ကဗျာလေးတွေ လာဖတ်ဖြစ်ပါတယ် ^_^

{ witch83 } at: December 25, 2012 at 7:40 PM said...

အရမ်းကြိုက်တယ် sis ရေ.. share ခွင့်ပြုပါ။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine