Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

အနာဂတ်လမ်း

| Thursday, April 19, 2012


အကြင်နာတွေ
မယို မဖိတ်လဲ
တိတ်တိတ်လေးနေတတ်ပါတယ်
ဒါဏ်ရာတွေကို
သိုသို သိပ်သိပ်နဲ့
လူတွေ မသိအောင်
သိမ်းထားတတ်နေပြီ
နာကျင်ခြင်းတွေကိုလဲ
ကြင်နာခြင်း အဖြစ်သို့
ပြောင်းလဲတတ်ပါတယ် ။

အရိပ်ဆိုးတွေကတော့ 
ဖိတ်စာမပါပဲ
ရောက်ရောက်လို့လာတယ်
အတိတ်မှာ ထားခဲ့လို့လဲမရ
ချစ်သူရဲ့ အတ္တဆူး
ရင်ထဲကိုစူး
နှလုံးသားထဲကိုစူး
ဖြူစင်မှုတွေကိုစူး
အဆိပ်ဆူးတွေဖြစ်
ဘာပဲဖြစ်ဖြစ်
အချစ်မှာတို့နှစ်ဦး
ရူးသွပ်ခဲ့ကြတာပါပဲ ။

 အရှုံးပေးတာ မဟုတ်ပါဘူးနော်
အမုန်းတွေပွားစေတဲ့စကား
မဆိုကြားပဲ
အလွမ်းတွေကြွေစေ
အနမ်းတွေဝေစေပါတော့ ။

jasmine



30 comments:

{ မင်းမုန်းတဲ့သူ } at: April 19, 2012 at 9:57 AM said...

အလွမ်းတွေကြွေစေ
အနမ်းတွေဝေစေပါတော့...
ဆိုတဲ့အဆုံးသတ်လေးကိုအကြိုက်ဆုံးပါပဲအစ်မစံပယ်ရေ

{ ရှင်သန် } at: April 19, 2012 at 10:48 AM said...

အရိပ်ဆိုးတွေကတော့
ဖိတ်စာမပါပဲ
ရောက်ရောက်လို့လာတယ်
အတိတ်မှာ ထားခဲ့လို့လဲမရ....


နှစ်သက်စွာ ဖတ်ရှုခဲ့ပါသည်..။

{ ရင်ဆူး } at: April 19, 2012 at 10:54 AM said...

အလွမ်းတွေကြွေစေ
အနမ်းတွေဝေစေပါတော့......

ဟုတ်တယ်မကြီးဂျက်ရေ.....
အတိတ်ကို အတိတ်မှာထား.....
ပစ္စုပ္ပန်မှာလက်တွဲရင်း
အနာဂါတ်အတွက် အချစ်တွေပျိုးရမှာပေါ့နော်...

ကောင်းတယ်မကြီးဂျက်ရေ.....အားပေးတယ်ဗျာ.....
ကဗျာဆရာလင်မယားလို့ကိုမပြောရဘူး....လန်းနေတော့တာဘဲ......

{ Unknown } at: April 19, 2012 at 6:30 PM said...

စကားလုံးလေးတွေ ခိုးကျ သွားတယ်
အမ ရေ.


(ဒုတိယ)

{ ချစ်စံအိမ် } at: April 19, 2012 at 6:32 PM said...

သူများလင်မယားသူသိလိုက်ပြန်ပါပြီ ရင်ဆူးတစ်ယောက်တော့:P
မမရေ ကဗျားလေးဖတ်ပြီရင်ထဲတမျိုးကြီးပဲ
လမင်းဆီကိုလည်းအလွမ်းတွေမဖိတ်ပဲရောက်ရောက်လာတယ်။:)

{ 8Yar } at: April 19, 2012 at 6:58 PM said...

မိုက်တယ်ဗျာ။

"အရိပ်ဆိုးတွေကတော့
ဖိတ်စာမပါပဲ
ရောက်ရောက်လို့လာတယ်"

လို့သုံးသွားတာလှတယ်ဗျာ။

{ Snow May } at: April 19, 2012 at 10:29 PM said...

မမတို့နှစ်ယောက်စလုံး ရေးလိုက်တဲံ ကဗျာလေးတွေကတော့ ဘယ်လိုရေးရေး ဘယ်လိုဖတ်ဖတ် အမြဲတမ်းကောင်းနေတော့တာပဲ . တကယ်အားကျမိတယ်

{ mstint } at: April 20, 2012 at 12:21 AM said...

ကဗျာကောင်းလေးတစ်ပုဒ် အားပေးသွားတယ် ဂျက်ရေ။
တီတင့်လည်း အလုပ်တွေများနေလို့ ဒီကနေ့မှာ စာကြွေးတွေလိုက်ရှင်းနေတား)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

{ လွင်ပြင်လှိုင်းငယ် } at: April 20, 2012 at 12:23 AM said...

အရိပ်ဆိုတာ
အတိတ်မှာ ထားခဲ့သူမို့
နင့်ရဲ့ မွေးဖွားခြင်းအစ
မောင်နဲ့ ချစ်တဲ့နေ့က စတာပေါ့

ဟိ ကဗျာလေးပါ မဆီမဆိုင်စပ်သွားလိုက်သေးတယ် အိပ်မက်လေးရေ

{ ချော(အစိမ်းရောင်လွင်ပြင်) } at: April 20, 2012 at 2:02 AM said...

ကိုယ်တိုင်က ကဗျာတွေ မရေးတတ်ပေမဲ့ သူများရေးထားတာလေးတွေဆို သဘောကျတယ်
ညီမရဲ့ ကဗျာလေးတွေ သိပ်ကောင်းတာဘဲ..
ခံစားမိတယ်။

{ မိုးသူ(တောင်ကြီး) } at: April 20, 2012 at 4:50 AM said...

အရှုံးပေးတာ မဟုတ်ပါဘူးနော်
အမုန်းတွေပွားစေတဲ့စကား
မဆိုကြားပဲ
အလွမ်းတွေကြွေစေ
အနမ်းတွေဝေစေပါတော့ ။


မဂျက်ရေ
ကဗျာလေးက အရမ်းလှတယ်

{ SHWE ZIN U } at: April 20, 2012 at 7:41 AM said...

ချစ်ညီမ ရေးတဲ့ ကဗျာလေး မို့ လာဖတ်တယ် တကယ်ပဲ အလွမ်းတွေကြွေစေ
အနမ်းတွေဝေစေပါတော့ ။

ချစ်အမကြီး
ရွှေစင်ဦး

ခရစ္စတလ် at: April 20, 2012 at 8:36 AM said...

“အလွမ်းတွေ ကြွေစေ”တဲ့လား မိုက်လိုက်တာနော် :)

နှစ်သစ်မှာ ဒီဇိုင်းအသစ်လေးနဲ့ပါလားးးးး

Anonymous at: April 20, 2012 at 10:15 AM said...

ခံစားချက်လားဟင်ယောက်ခမ သားတို့ လည်းအဲ့လိုပဲ...ခဏခဏချနေတာ ရန်ဖြစ်တာနော်..

{ ပဥာက် } at: April 20, 2012 at 12:18 PM said...

အနမ်းတွေတော့ မဝေချင်တော့ပါဘူး..

Anonymous at: April 20, 2012 at 1:46 PM said...

အနာဂတ်လမ်းမှာ အလွမ်းတွေဖယ်ပြီး
အလှမ်းညီတဲ့ အနမ်းလေးတွေနဲ့ လျှောက်ချင်တယ် မဂျက်ရေ...

{ Unknown } at: April 20, 2012 at 2:35 PM said...

ခံစားသွားပါတယ်ဗျာ....:)

{ Candy } at: April 20, 2012 at 9:03 PM said...

အလွမ်းတွေကြွေစေ
အနမ်းတွေဝေစေပါတော့။

ကောင်းလိုက်တဲ့စာသားလေး မမရယ်.. ဟက်ထိတယ် :D :D

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: April 21, 2012 at 12:53 AM said...

မလွမ်းချင်ဘူးဆိုပေမယ့်လည်း လွမ်းနေရတဲ့ အခြေအနေတွေကြုံလာတော့ ရှောင်မရခဲ့ပါဘူးဂျက်စ် ရယ်...

ချစ်တဲ့
ဝသုန်

{ ko2 } at: April 21, 2012 at 4:25 AM said...

တကယ်ချစ်ရင် တကယ်လွမ်းပြီး တကယ်ခံစားရတယ် .. တကယ် .. တကယ် ..တကယ်

{ ကြည်ဖြူခင်ခင် } at: April 21, 2012 at 10:04 AM said...

တကယ်ကောင်းတဲ့ အချစ်ကဗျာလေးပဲ..း)

{ Aeimt Kabyar Mon } at: April 21, 2012 at 12:11 PM said...

ကောင်းလိုက်တာရှင်..
ကဗျာဆိုတာ မွန်းကြပ်နေတဲ့ နှလုံးသားရဲ့ တံခါးပေါက်လေးပါ

{ နွေလ } at: April 21, 2012 at 8:10 PM said...

အရိပ်ဆိုးတွေ ဖိတ်စာမပါ ဝင်လာတာ
မပြောပစ်ဘူးလား အစ်မရာ
ဖိတ်စာမပါဘဲ မဝင်ရဘူးလို့
ကဗျာလေးက အရမ်းကောင်းတယ်
ဇနီးမောင်နှံနှစ်ယောက်လုံး
ကဗျာရေးတာ အရမ်းတော်တယ်
အမြဲတမ်း အားပေးလျက်

{ လရိပ်အိမ် } at: April 22, 2012 at 3:16 AM said...

ကဗျာလေးကြိုက်တယ်

{ ဖြိုးဇာနည် } at: April 22, 2012 at 8:56 AM said...

ဖတ်ရတာ အရမ်းကိုဖီလင်တတ်သွားတယ်
တကယ်ပဲ ကြုံတွေ့ဖူးခဲ့လို့ပါ ခုတောင်
ဒီကဗျာလေးဖတ်ပြီး ရင်ထဲက အမာရွတ်လေးတောင်
တဆစ်ဆစ်ပြန်ကိုက် လာလေရဲ့

ခင်တဲ့
ဖြိုးဇာနည်

{ Latt Latt } at: April 23, 2012 at 11:29 PM said...

ကဗျာကောင်းလေးပါ စံပယ်။

{ Z@! } at: April 24, 2012 at 1:21 AM said...

အရိပ်ဆိုးတွေကတော့
ဖိတ်စာမပါပဲ
ရောက်ရောက်လို့လာတယ်
အတိတ်မှာ ထားခဲ့လို့လဲမရ တဲ့လား.. အဲ့ဒီစာသားလေး ကြိုက်တယ်ဗျာ.. စကားမစပ် ဒီဇိုင်းပြောင်းထားတာလေး မိုက်တယ်.. ဒီဇိုင်းပြောင်းထားတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်တော့ဘူးပေါ့.. ဟီး

{ wildflower-အရိုင်းပန်း } at: May 23, 2012 at 8:26 PM said...

ကဗျာလေး လှတယ်... အားပေးလျှက်

{ Yoemyaykya } at: May 24, 2012 at 8:42 PM said...

မမရေ ဒီဘလော့လေးထဲက အခုထိ ထွက်လို့မရသေးဘူး။ ကဗျာလေးတွေကောင်းလွန်းလို့...

{ kiim } at: June 3, 2012 at 12:40 AM said...

ကဗျာလေး ခံစားသွားတယ်နော်...

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine