Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

မိုးတိမ်ပြိုအောက်က ငိုနေတဲ့သူ

| Tuesday, April 24, 2012
အလွမ်းတွေပြိုတော့
ကဗျာတွေဆိုလို့ ကောင်းသတဲ့လေ
မိုးတိမ်တွေ ပြိုတော့လဲ
ငိုလို့ကောင်းတာပါပဲ ။
မကောင်းတာကတော့
မကောင်းဆိုးဝါး ပါဝင်နေတဲ့
အိပ်မက်
အမြန်ဆုံးမိုးလင်းပြီး
မကောင်းတဲ့အရာအားလုံး
ပျက်သုန်းပါစေတော့ ။

ကြင်နာခြင်းတရားတွေက
သေနတ်ထဲက ကျည်ဆံ
ထွက်သလို
ဒိုင်းကနဲ မြည်ပြီး
ပျောက်သွားမှာ မဟုတ်တဲ့အရာလေ ။

မင်းနဲ့ပတ်သက်တဲ့
လေပြေလေညင်း တချို့တလေရှိပါရဲ့
အဲတာတွေကလဲ
ဧည့်သည်လိုပါပဲ
ခဏ လာတယ်
 ပြီးတော့ပြန်ထွက်သွားတယ် ။

jasmine 



Friends18.com Orkut Scraps

27 comments:

{ AH } at: April 24, 2012 at 8:55 AM said...

ကဗျာနဲ့ မိုးထားတဲ့ အိမ်ကလေးကို လာလည်ရင်း ကဗျာလေး ဖတ်သွားပါတယ် ခင်ဗျာ။

{ kokoseinygn } at: April 24, 2012 at 9:13 AM said...

နောက်ဆုံး အပိုဒ်လေး
ကိုကြိုက်တယ်....
အားလုံးအဆင်ပြေပါစေ စပါယ်ချို

{ Lps } at: April 24, 2012 at 10:01 AM said...

မင်းနဲ့ပတ်သက်တဲ့
လေပြေလေညင်း တချို့တလေရှိပါရဲ့
အဲတာတွေကလဲ
ဧည့်သည်လိုပါပဲ
ခဏ လာတယ်
ပြီးတော့ပြန်ထွက်သွားတယ် အားပေးခဲ့တယ် မမဂျက်ရေ
ခင်မင်စွာဖြင့်

{ Snow May } at: April 24, 2012 at 11:49 AM said...

ဖတ်တဲ့သူတိုင်းလိုလို နောက်ဆုံးအပိုဒ်ကလေးကို ဟတ်ထိသွားကြသလိုပဲ ညီမလဲ အဲလိုပဲ ဖြစ်သွားတယ် :D

{ ချစ်စံအိမ် } at: April 24, 2012 at 12:58 PM said...

မိုးတီမ်ပြိုအောင်တော့ငိုပါနဲ့မမရယ်
ကဗျာလေးခံစားသွားပါတယ်။။

{ အလွမ်းမြို့ } at: April 24, 2012 at 2:43 PM said...

စံပယ်ရေ..အလွမ်းလာလည်သွားတယ်။ (အလွမ်းတွေပြိုတော့
ကဗျာတွေဆိုလို့ ကောင်းသတဲ့လေ
မိုးတိမ်တွေ ပြိုတော့လဲ
ငိုလို့ကောင်းတာပါပဲ ။
မကောင်းတာကတော့
မကောင်းဆိုးဝါး ပါဝင်နေတဲ့
အိပ်မက်
အမြန်ဆုံးမိုးလင်းပြီး
မကောင်းတဲ့အရာအားလုံး
ပျက်သုန်းပါစေတော့ ။
(အလွမ်းပါလို့လားတော့မသိ ဒီအပုဒ်လေး တော်တော်ကြိုက်တယ်။
ဆက်လက်အားပေးနေမယ်


ခင်မင်စွာဖြင့်
အလွမ်း

{ မိုးသက် } at: April 24, 2012 at 3:26 PM said...

အမှတ်တရတွေကိုတော့ ပျောက်မသွားစေချင်ဘူးပေါ့ဗျာ..။

{ မိုးသူ(တောင်ကြီး) } at: April 24, 2012 at 6:34 PM said...

အလွမ်းတွေပြိုတော့
ကဗျာတွေဆိုလို့ ကောင်းသတဲ့လေ
မိုးတိမ်တွေ ပြိုတော့လဲ
ငိုလို့ကောင်းတာပါပဲ ။

အချစ်တွေချိုတော့လဲ
ဆိုလို့ ကောင်းတာပဲနော်

ကဗျာလေးက အသက်ဝင်တယ်ဗျ
ခင်တဲ့
မိုးသူ(တောင်ကြီး)

{ mstint } at: April 24, 2012 at 6:53 PM said...

အလွမ်းတောထဲက ဂျက်ရေ အလွမ်းကဗျာလေးအားပေးသွားတယ်။
တီတင့် ၅ရက် ၆ရက် မလေးကိုအလည်လာမှာ ဂျက် လွင်ပြင်လေးတို့နဲ့ ဆုံချင်တယ် အလုပ်အားရင်ပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous at: April 24, 2012 at 7:03 PM said...

ဟုတ်တယ် ဒိုင်းကနဲ မြည်ပြီး ပျောက်သွားတဲ့ အရာမှ မဟုတ်တာပဲ . . . ထိရှခဲ့ကြတာက နင့်နင့်သည်းသည်းပဲ . . .

ခင်မင်စွာဖြင့်
ဗညားရှိန်

{ လရိပ်အိမ် } at: April 24, 2012 at 7:48 PM said...

အလွမ်းတွေကလဲ ဧည့်သည်လိုဘဲ ပြန်ထွက်သွားရင်ကောင်းမယ်

{ ထရီဆာ (Teresa) } at: April 24, 2012 at 9:06 PM said...

ကဗျာလေးက ငြိမ့်ငြိမ့်လေး .... နှစ်သက်သွားပါတယ် ...။

{ ဖြိုးဇာနည် } at: April 25, 2012 at 1:25 AM said...

ကျွန်တော့်ရင်ကလအလွမ်းတွေလဲ စံပယ်ပြောသလို
ဧည့်သည်အဖြစ်နဲ့ ပြန်သွားကြရင် အတော်နေသာ
ထိုင်သာရှိသွားမှာပဲဗျာ

ခင်သော ဇာနည်

{ ရင်ဆူး } at: April 25, 2012 at 2:18 AM said...

မကြီးဂျက်ရေ.....အလွမ်းကဗျာလေးဖတ်သွားတယ်ဗျာ....

အလွမ်းတွေပြိုတော့
ကဗျာတွေဆိုလို့ကောင်းသတဲ့လေ
မိုးတိမ်တွေပြိုတော့လဲ
ငိုလို့ကောင်းတာပါဘဲ

အဲ့စာသားလေးက ထိသဗျာ.....တော်တော်ကြိုက်တယ်......

{ လေပြေချို } at: April 25, 2012 at 3:18 AM said...

ကဗျာတွေကိုချစ်လို့ ကဗျာတွေနဲ့ မိုးထားတဲ့အိမ်လေးကို လာလည်သွားပါတယ်နော်:)))

{ မောင်ဘုန်း } at: April 25, 2012 at 3:29 AM said...

အားရာ ...စိတ်ပြေလက်ပျောက် .... အလည်လာခဲ့ပါတယ် ...
အလွမ်းကဗျာ လေးနဲ့  တိုးနေပြီ ..... ။

အစ်မရေ ...မရောက်ဖြစ်တာကြာသွားလို့  ... ကဗျာ ...တွေ လာဖတ်တာပါ .. ။

{ Cameron } at: April 25, 2012 at 6:53 AM said...

လွမ်းတတ်လိုက်တာ ကဗျာလေးနဲ့....။
ဒါနဲ့စကားမစပ် ချစ်ချစ်ပြောင်းပေးထားတဲ့ အိမ်အသစ်ကလေး လှလိုက်တာ...။

{ ချော(အစိမ်းရောင်လွင်ပြင်) } at: April 25, 2012 at 10:27 AM said...

ပန်းတွေဝေနေတဲ့ အိမ်အသစ်လေးမှာ ကဗျာရနံ့တွေက ထုံလို့သင်းလို့..
ကဗျာလေးတွေအားလုံး ကောင်းတယ်။ ဟုတ်တယ်နော် အကြင်နာတရားဆိုတာ လွယ်လွယ်နဲ့ပျောက်သွားတတ်တာမျိုးမှ မဟုတ်တာ။

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: April 25, 2012 at 6:54 PM said...

နံနက်ခင်း မစောတစောတွင် ကဗျာလေးတစ်ပုဒ်ကို ကော်ဖီတစ်ခွက်သောက်ရင်း ခံစားသွားပါသည်။

း)

ခင်လျက်
မြတ်

{ roseayemaung } at: April 25, 2012 at 7:30 PM said...

လေပြေလေညင်း တချို့တလေရှိပါရဲ့
အဲတာတွေကလဲ
ဧည့်သည်လိုပါပဲ
ခဏ လာတယ်
ပြီးတော့ပြန်ထွက်သွားတယ် ။
အားပေးခဲ့ပါတယ်...

{ လွင်ပြင်လှိုင်းငယ် } at: April 25, 2012 at 8:02 PM said...

လွမ်းကို လွမ်းနိုင်လွန်းတယ်

{ ညီလင်းသစ် } at: April 25, 2012 at 11:47 PM said...

ကဗျာတွေ တထောကြီး ပိုင်ပုံထောက်ရင် အလွမ်းတွေ အများကြီး ပြိုကျထားတယ် ထင်တယ်၊း) ချစ်စရာ ကဗျာလေး ဖတ်သွားပါတယ် မစံပယ်ရေ..။

{ ကိုရင် } at: April 26, 2012 at 10:13 AM said...

မရောက်တာ အတော့ကို ကြာသွားတယ်..
ဒီထက်ပို ရေးနိုင်ပါစေအုံး..
ဒီထက်ပို နေကောင်းပါစေအုံး..
ဒီထက်ပို အားလုံးအဆင်ပြေပါစေအုံး ဒေါ်ဂျက် :)

{ မောင်သီဟ } at: April 27, 2012 at 1:56 AM said...

ဒီကဗျာလေးကို နှစ်နှစ်ခြိုက်ခြိုက်ထပ်ခါထပ်ခါ ဖတ်မိတယ်
း) ကဗျာလေးနုပြီး လှနေတယ်း)

{ Unknown } at: April 27, 2012 at 9:47 PM said...

မမရဲ့ ညလေး ကဗျာအိမ်လေးထဲ လည်လည်လာပီး ဖတ်သွားတယ်နော...
:D

မင်းဧရာ at: April 29, 2012 at 7:18 AM said...

မစံပယ်ရေ.........
ဒီကဗျာရဲ့ အပေါ်ဆုံး အပိုဒ်လေးကိုတော့ ဘယ်လိုကြိုက်သွားမှန်းကို မသိဘူးဗျာ တကယ်လည်းချီးကျူးမိပါတယ်။ မနေ့ကတည်းကလာဖတ်သွားတာပါ တနွေးနွေးနဲ့ကို ခံစားလို့ကောင်းလို့ အခုနောက်တစ်ခေါက် လာဖတ်တာပါ။

Anonymous at: May 1, 2012 at 10:16 AM said...

လွမ်းဖွယ် ..

ဂျူ

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine