Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ဟိုရောက်ဒီရောက်

| Friday, May 4, 2012
ခံစားချက်တွေက ရင်ဘတ်နဲ့မဆန့်တော့ဘူး
ဝေးရမှာကြောက်တဲ့စိတ်
နှလုံးသားထဲကနေ လျှံကျနေလေရဲ့
ချစ်သူရယ်
ဘယ်ဘ၀ ဘယ်သံသရာထိများ
နာကျင်ခြင်းတွေခံနေရမလဲနော် ။

သံယောဇဉ်တွေကို
အရှည်ကြီးဆွဲချပြီး
စံပယ်ပန်းလှလှ တစ်ပွင့်တော့
ချစ်သူအတွက်ခူးပေးပါရစေနော် ။

သက္ကရာဇ်တွေဖြိုချလိုရခဲ့ရင်
ဒီကမ္ဘာမှာ
ချစ်သူအပျော်ဆုံးပေါ့ကွယ် ။

မှော်ဆရာ တစ်ယောက်ဖြစ်ချင်မိတယ်
လိုချင်တာတွေများနေလို့
ချစ်သူနဲ့ပတ်သက်ပြီး
တရားလဲ မရှိ
ဓါးလဲ မရှိ
အမှားတွေလဲ မရှိဘူးနော်
အချစ်နဲ့ စစ်
ဘယ်သူမှ အပြစ်မရှိ
အားလုံးမှန်တယ်တဲ့ ။

ရင်ဘတ်တံခါးကို
ခဏခဏ လာ လာပြီး
မခေါက်ပါနဲ့
ကိုယ့်ရင်ဘတ်
 ဟောင်းလောင်းပေါက်မဟုတ်ဘူးနော်
ကြင်နာခြင်းတွေ အပြည့် ။

ချစ်ရတဲ့ သူအတွက်
ကဗျာတွေရေးချင်ပါရဲ့
မော်ဒန် မဟုတ်
ကာရံ မမှီ
နှလုံးသားထဲမှာတော့
သံယောဇဉ်တွေက
အစီ အရီ ။

အရှုံးဆိုတာ
နှလုံးအေးစေသတဲ့
ဟုတ်ရဲ့လား
ချစ်သူကိုရှုံးမှတော့
ဒီ နှလုံး အေးပါ့မလား
အဲတာကြောင့်လေ
နှလုံးလဲမအေးချင်နေပါ
အရှုံးလဲ မပေးဘူးဆိုတာ
ချစ်သူ မှတ်ထားပေးပါကွယ် ။


(ဟိုရောက်ဒီရောက် ကဗျာလေးပါ)
jasmine

35 comments:

{ အလွမ်းမြို့ } at: May 4, 2012 at 6:22 AM said...

စံပယ်ရေ...ကဗျာလေး လာရောက်ခံစားသွားတယ်။(((( နှလုံးလဲမအေးချင်နေပါ
အရှုံးလဲ မပေးဘူးဆိုတာ
ချစ်သူ မှတ်ထားပေးပါကွယ် )))) ... ကြိုက်တယ်..
အားပေးလျှက်


အလွမ်း

{ ကြည်ဖြူခင်ခင် } at: May 4, 2012 at 6:32 AM said...

ချစ်ရတဲ့ သူအတွက်
ကဗျာတွေရေးချင်ပါရဲ့
မော်ဒန် မဟုတ်
ကာရံ မမှီ
နှလုံးသားထဲမှာတော့
သံယောဇဉ်တွေက
အစီ အရီ ။

ကောင်းတယ်.. အားပေးလျက်ပါနော်..။

{ မောင်ဘုန်း } at: May 4, 2012 at 6:35 AM said...

လိုင်းပေါ် မရောက်ဖြစ်တာကြာလို့  ... ဟိုသွား ဒီသွားနဲ့  .... ဟိုရောက်ဒီရောက် ... ကဗျာ လေးကို ခံစားသွားပါတယ် ... အစ်မရေ .... ။

{ ကိုတူး } at: May 4, 2012 at 6:45 AM said...

အချစ်ကို ဘယ်တော့မှ အရှုံးမပေးတာ ကောင်းပါတယ်လေ ..
အရမ်းကောင်းတဲ့ ခံစားချက် ကဗျာလေးပါ။

{ လွင်ပြင်လှိုင်းငယ် } at: May 4, 2012 at 6:52 AM said...

နာ လဲအနိုင်မယူပါဘူး ဟွန်း

{ မင်းမုန်းတဲ့သူ } at: May 4, 2012 at 7:30 AM said...

ဝေးရမှာကြောက်တဲ့စိတ်
နှလုံးသားတစ်ခုလုံးလျှံကျနေလေရဲ့
ဆိုတဲ့စာသားလေးကြိုက်တယ်အစ်မ
ကဗျာကောင်းလေးတစ်ပုဒ်ဖတ်သွားပါတယ်ခင်ဗျ

{ kokoseinygn } at: May 4, 2012 at 7:45 AM said...

ဖတ်သမျှထဲမှာ အကြိုက်ဆုံး ကဗျာတစ်ပုဒ်လို့
ပြောရမလား...
နောက်ဆုံးစာပိုဒ်ကတော့ ဖတ်ရင်းနဲ့........

{ Snow May } at: May 4, 2012 at 7:45 AM said...

ညီမကတော့ တစ်ပုဒ်လုံးကြိုက်တယ် :)

{ ချစ်စံအိမ် } at: May 4, 2012 at 2:42 PM said...

အရမ်းကောင်းတဲ့ကဗျာပဲမမရေ အားကျလိုက်တာ..

ခရစ္စတလ် at: May 4, 2012 at 4:44 PM said...

နှလုံးသားထဲမှာ သံယောဇဉ်တွေ အစီအရီပေါ့း)

{ ကိုရင် } at: May 4, 2012 at 4:51 PM said...

ချစ်နိုင်တာထက် ပိုပြီး ချစ်နိုင်ကြပါစေ..

ဆွေလေးမွန် at: May 5, 2012 at 1:38 AM said...

ကဗျာလေးက ဟိုရောက်ဒီရောက်ဆိုသလိုပဲ .. ခံစားချက်တွေ အများကြီးကိုချရေးထားသလိုပါပဲ.

{ Candy } at: May 5, 2012 at 6:45 AM said...

မမရဲ့ အချစ် Definition ပေါ့နော် :D

{ ဆူးသစ် } at: May 5, 2012 at 7:22 AM said...

မိုက်တယ်ဗျ။ အရှုံးမပေးဘူးတဲ့လား။ နှလုံးမအေးချင်လည်းနေပေါ့။ ဒီလိုလား။ အဲဒါသစ်တယ်နော်။ သတ်ပုံတွေတော့မြင်တာတွေပြောခဲ့မယ်နော်။ လဲဆိုတာ မေးခွန်းနောက်မှာသုံးတာ။ လည်းက အရှုံးလည်းမပေးဘူးဆိုတာမျိုးမှာသုံးတာ။ ဆန့်က ဆန့်ကျင်တာမှာသုံးတာ။ ဆံ့တာက လုံလောက်တယ်ဆိုတာမျိုးပေါ့။ မီတာကျတော့ ခေတ်မီတာ။ မှီက နံရံကိုမှီတာ။ ကြိုးစားပါ။ ကျွန်တော်လည်း မတောက်တခေါက်နဲ့ရေးနေတာပါပဲ။ ဆက်ရေးပါ။

Anonymous at: May 5, 2012 at 7:52 AM said...

ဟိုရောက်ဒီရော ဆိုသလိုပဲ ဖတ်ရင်းလဲ ခံစားချက်တွေ ဟိုရောက် ဒီရောက်ဖြစ်သွားတယ်..ဟူးးးးးးးးးး( သက်ပြင်းချသံ )...ဟိ
အိမ်မက်စေရာ

{ Unknown } at: May 5, 2012 at 8:17 AM said...

အဲဗျာ..အမစပါယ်ရေ..အနားကပ်ပြီး
အလွမ်းသယ်နေတာပေါ့လေ ဟဟ

{ နေ၀သန် } at: May 5, 2012 at 7:31 PM said...

ကဗျာလေး ခံစားသွားပါတယ်.. အစ်မရေ...း).. ကဗျာဆို ဘာပြောရမယ်မှန်းမသိလို့.. ဘာမှမပြောတော့ဘူးနော်.. :P

ခင်မင်လျက်
နေ၀သန်

{ Lps } at: May 5, 2012 at 11:41 PM said...

အားပေးခဲ့တယ် မမဂျက်

{ ဆူးသစ် } at: May 6, 2012 at 12:29 AM said...

ပြောဖို့မေ့နေလို့ဗျာ။ ဒီတစ်ခါပြောင်းထားတဲ့ Template ကိုသဘောကျတယ်။ မိုက်တယ်ဗျ။

Anonymous at: May 6, 2012 at 1:13 AM said...

ကဗျာလည်းလှ အိမ်လည်းလှ

မောင်ဘကြိုင်

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: May 6, 2012 at 6:46 PM said...

ကဗျာကောင်းလေးကို နှစ်သက်စွာ ခံစားသွားပါတယ်။

ခင်တဲ့
မြတ်

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: May 6, 2012 at 9:30 PM said...

ကောင်းတယ်ဂျက် ရေ..။ ဟုတ်တယ်.. ချစ်သူကို ဆုံးရှုံးမှတော့ ဘယ်သူက နှလုံးသားတွေ အေးချမ်းနိုင်ပါ့မလဲ

ချစ်တဲ့
ဝသုန်

{ Thiha Lu Lin } at: May 6, 2012 at 11:01 PM said...

ရင်ဘတ်ကို လာလာ မခေါက်နဲ့ အပိုဒ်က စာသားလေးတွေကို ကြိုက်တယ်။ ကိုယ့်ခံစားချက်နဲ့ သွားတူလို့ ဟဲဟဲ။ :D

{ ရင်ဆူး } at: May 7, 2012 at 11:34 AM said...

ချစ်သူနဲ့ပတ်သက်ပြီး
တရားလဲ မရှိ
ဓါးလဲ မရှိ
အမှားတွေလဲ မရှိဘူးနော်

မကြီးဂျက်ရေ အဲ့စာသားလေးတွေ အရမ်းကြိုက်တယ်.....ဟိုရောက် ဒီရောက် ကဗျာဆိုတာ ဟိုရော ဒီရော ရောက်ဖူးမှရေးလို့ရတာဗျ....နည်းနည်းနောနော ခံစားချက်မဟုတ်ဘူး..... ခံစားဘူးလို့သိတာ...... မကြီးဂျက် ကဗျာလေး ကြိုက်တယ်.....

{ ဖြိုးဇာနည် } at: May 8, 2012 at 5:15 AM said...

ကျွန်တော့် နှလုံးသားမှာတော့ အရှုံးပေးလိုက်တိုင်း
ပူလောင်ရတယ် မျက်ရည်ပူတွေ သူ့ဆီကတွေ
မြစ်ချားခံလာ သလားလို့ပါ့မျက်ရည်ခန်း
သွားမှ နှလုံးအေးသလိုဖြစ်မယ်ထင်ပါတယ်

{ မိုးသူ(တောင်ကြီး) } at: May 8, 2012 at 5:41 PM said...

ချစ်သူနဲ့ပတ်သက်ပြီး
တရားလဲ မရှိ
ဓါးလဲ မရှိ
အမှားတွေလဲ မရှိဘူးနော်
အချစ်နဲ့ စစ်
ဘယ်သူမှ အပြစ်မရှိ
အားလုံးမှန်တယ်တဲ့ ။

မဂျက်ကြီး တချက်တချက်လေးမှာထည့်ထည့်သုံးသွားတဲ့ကာရန်စတိုင်လ်

လေးတွေကို မိုးသူ သဘောကျမိတယ် တောက်လျှောက်ကြီး

ကာရန်တွေကို အားကိုးပြီးရေးရင်

ဆိုလိုချင်တဲ့ အဓိပ္ပါယ်က ကောက်ကွေ့ သွားလို့ ပါ

အဲဒါကြောင့်မို့ အခုလို ခေတ်ပြိုင်ပုံစံ ကဗျာမျိုးတွေကို သဘောကျမိတယ်

ခင်တဲ့ 
မိုးသူ(တောင်ကြီး)

{ Unknown } at: May 8, 2012 at 9:55 PM said...

မမ ရေ
ဟိုသွားဒီသွားရင်း ဟိုရောက်ဒီရောက် ကဗျာလေး ခံစားသွားတယ်...
မမကဗျာလေးတွေက အမြဲ ချစ်ဖို့ ကောင်းနေတာပဲ.. :)

{ ရာဇာထွေး } at: May 9, 2012 at 8:12 AM said...

အမဖြူရေ...
အမသူငယ်ချင်းတော့ အမြဲနောက်ကျနေတုန်းပဲ...
ကဗျာလေးဖတ်ရတယ် တော်တော်ကောင်းတယ် အမရေ..
အမမှာ ကဗျာလေးဖို့ ၀မ်းစာတွေ အပြည့်မို့ ဘာရေးရေး
ဖြစ်နေရောပဲ... အားပေးလျှက်ပါ အမဖြူရေ...
ခင်မင်မင်စွာဖြင့်
ဖိုးကျော်

{ မြစ်ကျိုးအင်း } at: May 9, 2012 at 10:01 AM said...

နှလုံးမအေးချင်နေပါ
အရှုံးလည်း မပေးချင်ဘူး... တဲ့
သေချာတွေးတော့လည်း ဟုတ်တာပဲ။

{ ပဥာက် } at: May 11, 2012 at 3:31 AM said...

ဟဟဟဟဟဟသူကလည်း...ဇွတ်....

{ roseayemaung } at: May 11, 2012 at 3:59 AM said...

လာေ၇ာက်အားပေးခဲ့ပါတယ်...
ကဗျာလေး..အ၇မ်းကောင်းတယ်

Anonymous at: May 11, 2012 at 5:23 AM said...

ကဗျာလေးကအရမ်းကောင်းတယ်။ ကြိုက်လည်းကြိုက်တယ်။ တိုက်ဆိုင်မှုလေးတွေရှိလို့ ပိုခံစားရပါတယ်။ ခုလိုတင်ထားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်။။။

{ Latt Latt } at: May 11, 2012 at 10:01 PM said...

မရောက်တာကြာ မဖတ်တာကြာပြီ ကဗျာတွေဖတ်သွားပါတယ်.

{ ချစ်အောင် } at: May 27, 2012 at 8:39 PM said...

ကဗျာတွေလာဖက်သွာတယ်နော် ကြိုက်တယ်ဗျာ

{ Yoemyaykya } at: May 31, 2012 at 11:23 PM said...

ချစ်သူကို ရှုံးမှတော့ နှလုံးအေးပါ့မလား
တကယ်ခံစားရတယ်။

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine