Keblinger

ပေါက်ကရ ရင်ခုန်သံစစ်စစ်များ ဖြင့်ဖွဲ့စည်းထားပြီး စံပယ်ပန်းများနဲ့မိုးထားသော

ရွာပြင်ထုတ်ပွဲ

| Friday, May 11, 2012
ခပ်မြူးမြူးပါပဲ
နေရာသစ်ကိုရောက်လာပြီး
အရူးဇာတ်တွေခင်း
သိက္ခာတွေ မဖြောင့်စင်းလဲ
ရုပ်တည်တည်နဲ့
မရှိတဲ့ အထုပ်တွေ
ဖြေပြီးရင်းဖြေ
ကြေပြီးရင်း ကြေနေတာက
မင်းရဲ့ မကောင်းတဲ့ အကျင့် ။

မရေရာတဲ့ ကံကြမ္မာကို
သိခဲ့ပါရဲ့
ဒီ့ အတွက်လဲ
ဝမ်းလဲ မနဲ
သေချာပြီး
ကောင်းမွန်တာ
ဘာတစ်ခုမှ မဖြစ်လဲ
မချိပြုံးနဲ့ ငါမရှုံးဘူး
အပြုံးတုတွေနဲ့
ဘ၀ကိုအဆုံးသတ်ချင်သူ ။

နှစ်ပါးသွား ဂွင်မကျ 
သကြားမင်းလဲ မကယ်နိုင်
လူတကာ အမုန်းတွေသောက်သုံး
မင်းနဘေးက ခပ်တုံးတုံး ကောင်က
အကြောင်းမသိတဲ့
လူသစ် တစ်ယောက်ထင်ပါရဲ့ ။

အမှာအယွင်းတွေများနေတဲ့ ဘဝ
လေလွင့်နေတဲ့ 
မြေခွေး တစ်ကောင်ရဲ့ စိတ်ဓါတ်နဲ့
Q လို့ရတာတွေ Q
ယူလို့ရတာအကုန်ယူ
ချူလို့လွယ်ရင်ချူ
ချွေးထွက်မှာကြောက်ခဲ့တဲ့ ဘ၀အတွက်
အရှက်သွေးစက်တွေ
တစ်စက်ပြီး  တစ်စက်
မင်းရဲ့ ဘ၀ ခက်ပြီးရင်းခက်
နာမည်တွေ ပျက်ပြီးရင်း ပျက်နေလို့
ပတ်ဝန်းကျင်က
မင်းလေးကို ရွာပြင်ထုတ်လိုက်ပြီ ။


စံပယ်ချို


29 comments:

{ မိုးသူ(တောင်ကြီး) } at: May 11, 2012 at 6:44 AM said...

မြေခွေး တစ်ကောင်ရဲ့ စိတ်ဓါတ်နဲ့
Q လို့ရတာတွေ Q
ယူလို့ရတာအကုန်ယူ
ချူလို့လွယ်ရင်ချူ
ချွေးထွက်မှာကြောက်ခဲ့တဲ့ ဘ၀အတွက်
အရှက်သွေးစက်တွေ
တစ်စက်ပြီး တစ်စက်
မင်းရဲ့ ဘ၀ ခက်ပြီးရင်းခက်
နာမည်တွေ ပျက်ပြီးရင်း ပျက်နေလို့
ပတ်ဝန်းကျင်က
မင်းလေးကို ရွာပြင်ထုတ်လိုက်ပြီ ။

အားပါးပါး ရေလည်လန်းတယ်ဗျာ
မဂျက်ရေ ကဗျာလေးကို အရမ်းကြိုက်တယ်
share ဖို့ ပါယူသွားပါတယ်
site လိပ်စာနဲ့  credit ပေးပါ့မယ်
ခွင့်ပြုပေးပါ နော်

{ ချစ်စံအိမ် } at: May 11, 2012 at 7:27 AM said...

မမရေ ကဗျာလေးဖတ်ပြီအတွေးပေါင်းများစွာချဲ့ သွားပါတယ်..

{ Unknown } at: May 11, 2012 at 8:13 AM said...

နော့်ကိုတော့ ရွာပြင်ထုတ်နဲ့နော်..နေရဲဘူး...:D
ကဗျာလေးက မိုက်တယ်...

ချစ်တဲ့
နော်

{ ဖြိုးဇာနည် } at: May 11, 2012 at 8:34 AM said...

မဂျက်ရေ့တကယ်ပါပဲဗျာ
အQ ဇယားတွေဟာနောက်ဆုံးတော့
အပျက်ပျက်နဲ့နှခေါင်းသွေးထွက်ကြတာပါပဲ
သူတို့တကယ်ချစ်တဲ့သူနဲ့တွေ့မှ
ရွာပြင်ရောက်နေတာ နောင်တရကြလိမ့်မယ်

{ Unknown } at: May 11, 2012 at 9:28 AM said...

ခံစားသွားပါတယ် အမရေ....:)

{ မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) } at: May 11, 2012 at 4:24 PM said...

ှQ လို့ရတာတွေ Q
ယူလို့ရတာအကုန်ယူ
ချူလို့လွယ်ရင်ချူ
ကောင်းလိုက်တဲ့စာသားလေးအမစံပါယ်

{ Latt Latt } at: May 11, 2012 at 9:52 PM said...

ထိမိတဲ့စကားလုံးတွေနဲ့ကဗျာလေး

{ ညောင်ညိုရိပ် } at: May 12, 2012 at 4:42 AM said...

ကဗျာယစ်မူးသူတွေအတွက်တော့....ဟောဒီကဗျာက အရှိုက်ကိုထိတယ်..။ ခေါင်းစဉ်အောက်ကနေ ထိထိမိမိ ခံစားတင်ပြထားတဲ့အတွက်..တွေးခေါ်ဆင်ခြင်စရာလေးတွေ တွေ့တယ်။ ကျေးဇူးပါ။

{ Candy } at: May 12, 2012 at 4:54 AM said...

wowww... ကာရံတွေက မိုက်တယ်ကွာာာာ...
ငါ့မမကွ :D

{ ပျိုးယုဝသုန် (Pyo Yu Wathone) } at: May 12, 2012 at 5:02 AM said...

ကောင်းတယ်ဂျက်ရေ.. ဂျက်ဒီလိုရေးတာလေး တခါမှ မဖတ်ဖူးဘူး

ချစ်တဲ့
ဝသုန်

ခရစ္စတလ် at: May 12, 2012 at 6:32 AM said...

ဟယ် ရွာပြင်ရောက်သွားရင် ချမ်းနေမှာပေါ့း)

{ ချော(အစိမ်းရောင်လွင်ပြင်) } at: May 12, 2012 at 11:55 AM said...

လူတစ်ယောက်ရဲ့စရိုက်ကို အပီအပြင်ရေးထားတာပါလား စပါယ်ရေ..
ကောင်းလွန်းလို့ လက်ဖျားခါသွားတယ်။

Anonymous at: May 12, 2012 at 1:02 PM said...

ယောက်ခမတော့ ခက်နေပြီ

{ ငြိမ်းစိုးဦး } at: May 12, 2012 at 9:55 PM said...

ချွေးထွက်မှာကြောက်ခဲ့တဲ့ ဘ၀အတွက်
အရှက်သွေးစက်တွေ
တစ်စက်ပြီး တစ်စက် ... မရှက်တတ်တော့လည်း ရွာပြင်ထုတ် ...

{ မြတ်ပန်းနွယ် (Myat Pan Nwe) } at: May 13, 2012 at 6:49 PM said...

ချွေးထွက်မှာကြောက်ခဲ့တဲ့ ဘ၀အတွက်
အရှက်သွေးစက်တွေ

အဲဒီနားလေးကို သိပ်သဘောကျတယ်။

လေးစားလျက်
မြတ်

{ Unknown } at: May 13, 2012 at 8:17 PM said...

ဂွတ်တယ် အမရေ အားပေးခဲ့တယ်နော်

{ Cameron } at: May 14, 2012 at 1:13 AM said...

ခံစားချက်တွေပြင်းထန်နေတာကိုတွေ့လိုက်တယ်....ရေးတတ်ပါ့ မိဂျက်တို့ကတော့....။

{ KO2 } at: May 14, 2012 at 4:35 AM said...

ကဗျာလေးက အဓိပ္ပါယ်အပြည့်ပါပဲ ..

{ ချစ်သူမောင် } at: May 14, 2012 at 11:12 AM said...

ရေးဟန်မိုက်တယ် ကာရံယူပုံမိုက်ချက်
လန်းတယ်ဗျာ

ချစ်သူမောင်(လျှာမယားကြေး)

{ ရင်ဆူး } at: May 14, 2012 at 4:28 PM said...

မကြီးဂျက် ယူသွားပုံလေးတွေသဘောကျတယ်ဗျာ.....မိုက်တယ်.....မျက်စိထဲကို ထင်းကနဲ့မြင်သာအောင် ရေးသွားတာ မိုက်၏

{ ပဥာက် } at: May 15, 2012 at 11:14 PM said...

မင်းလေးကို ရွာပြင်ထုတ်လိုက်ပြီ ။..ရန်မဖြစ်ကြနဲ့နော်..ဟဲဟဲ

{ မိုးဇက် } at: May 16, 2012 at 9:14 AM said...

ဝိုး............ ဒီကဗျာအမိုက်ဆုံးပဲ ၊ စကားလုံးယူပုံတွေက တစ်မျိုးဆန်းတယ် ၊ အပုဒ်တိုင်းကို သုံးသွားတဲ့စာသားတွေက နက်တယ် အမ

{ နွေလ } at: May 16, 2012 at 11:50 PM said...

ဟဲဟဲ မမရွာသမလေးရေ ...
ကဗျာလေးကို အားပေးသွားပါတယ်
သားကိုလည်း ရွာပြင်ထုတ်နဲ့နော်
သားက သရဲကြောက်တတ်တယ်

{ ရာဇာထွေး } at: May 17, 2012 at 8:58 AM said...

အမဖြူ ရေ ... ရိုးရာမပျက်နောက်ဆုံးမှပဲလာမန့်သွားတယ်..
ကဗျာတွေကရှယ် ပဲ အမရေ... ရေးလည်းရေးတတ်ပါ့
မဖြူလည်း ကဗျာလေးတွေနဲ့ အသက်ဆက်နေသလိုနော်...
ကဗျာလေးတွေ အမဖြူ အမြဲတမ်းလန်းဆန်း
ကျန်းမာပျော်ရွှင်နိုင်ပါစေခင်ဗျာ....

ခင်မင်စွာဖြင့်
ရာဇာထွေး

{ ရာဇာထွေး } at: May 17, 2012 at 9:04 AM said...

အမဖြူရေ.. ရိုးရာမပျက်ရလေအောင်နောက်ဆုံးမှပဲဝင်မန့်သွားပါတယ်ခင်ဗျာ...
ကဗျာလေးကတော့ရှယ်ပဲ အမရေ... လန်းနေတာပဲ.. ရေးလည်းရေး
တတ်ပါ့ အမရာ... ကဗျာလေးတွေလန်းနေသလို အမဖြုလည်း အမြဲ
တမ်းလန်းဆန်း ကျန်းမာပျော်ရွှင်နိုင်ပါစေခင်ဗျာ...

ခင်မင်စွာဖြင့်
ရာဇာထွေး

{ rose of sharon } at: May 18, 2012 at 2:21 AM said...

ကဗျာလေးက အမိုက်စားလေးး))

{ htawoo } at: May 18, 2012 at 11:48 PM said...

ခပ်မြူးမြူးနဲ့ 
အရုးဇာတ်ခင်းပြီး
စာလာရောက် ဖတ်ဖြစ်ပါကြောင်း...
ထော်ဦး

{ အိမ်မက်စေရာ } at: May 19, 2012 at 8:13 AM said...

မမဂျက်..
ဒီကဗျာလေး အရမ်းမိုက်တယ်..အရမ်းကို မိုက်တာ..ကြိုက်တယ်..
ချစ်တဲ့
အိမ်မက်

{ ရွှေပြည်သူ (ShwePyiThu) } at: June 3, 2012 at 11:20 PM said...

သိပ်ကို ပိရိသပ်ယပ်တဲ့ ကဗျာကောင်းတစ်ပုဒ်ပါပဲ။ "ရွာပြင်ထုတ်လိုက်ပြီ" ဆိုတဲ့ အသုံးအနှုန်းကို သိပ်နှစ်သက်မိပါတယ်။ (စကားမစပ် စံပယ်ချို ဆိုတဲ့ ကလောင်နာမည်လေးကလည်း အင်မတန်လှပြီး ယဉ်ပါတယ်)

Popular Posts

 

Copyright © 2010 Jasmine Blogger Template by Dzignine